Blogger Widgets

Monday, 3 June 2013

မလေးရှားနိုင်ငံ ဆလာရန်းမြို့တွင်မြန်မာနှစ်ဦး အသတ်ခံရပြီး သုံးဦး ဆေးရုံတင်ထားရ

6.2.15
ntv7.com.my တွင် သတင်းဖော်ပြထားမှု
မလေးရှားနိုင်ငံ ဆလာယန်းမြို့တွင် မြန်မာအလုပ်သမားနှစ်ဦး အသတ်ခံရပြီး သုံးဦးမှာ ဆေးရုံတွင် အတွင်းလူနာအဖြစ် တက်ရောက်ကုသမှု ခံယူနေရကြောင်း သတင်းရရှိသည်။
''မေ ၃၀ မှာ မြန်မာအလုပ်သမားတစ်ဦး ခေါင်းပြတ်သေဆုံးတယ်။ ၃၁ ရက်မှာ နောက်တစ်ဦး ခေါင်းဖြတ် အသတ်ခံရတယ်။ ဇွန် ၁ ရက်မှာ ထပ်ဖြစ်တာမှာ မြန်မာအလုပ်သမား သုံးဦး ဆေးရုံတင်ထား ရပါတယ်။ သူတို့ သုံးယောက်လည်း အခြေအနေ မကောင်းပါဘူး'' ဟု မလေးရှားနိုင်ငံရှိ ကပုန်းနာရေး ကူညီမှုအသင်း ဥက္ကဋ္ဌ ဦးစန်းဝင်းက ပြောပါသည်။
သေဆုံးသူနှစ်ဦးမှာ ကိုခိုင်မင်း (၃၂ နှစ်)နှင့် ကိုမင်းဇော် (၃၃ နှစ်) ပဲခူးမြို့ နေထိုင်သူတို့ ဖြစ်ကြောင်း သိရသည်။
''ကိုမင်းဇော်က မလေးရှားမှာနေပြီး အလုပ်လုပ်နေတာ ၁၀ နှစ်ကျော်လောက် ရှိနေပါပြီ။ ကောင်းကောင်းမွန်မွန် နေတဲ့လူပါ။ အဲဒါကို သေတဲ့လူမရှိဘူး၊ မြန်မာတွေ အရက်မူးပြီး ရန်ဖြစ်တာလို့ မလေးရှားနိုင်ငံ မြန်မာသံရုံးရဲ့ သတင်းတွေ ဖြန့်တာကိုတော့ မကျေနပ်နိုင်ပါဘူး။ ဒါက သံရုံးက တရားဝင် ထုတ်ပြန်ချက်တော့ မဟုတ်ပါဘူး'' ဟု ယခုဖြစ်စဉ်အတွင်း သေဆုံးသူ ကိုမင်းဇော်၏ ညီမ (မလေးရှားနိုင်ငံ၌ လက်ရှိ အလုပ်လုပ်ကိုင်နေသူ) က ဆိုသည်။
၎င်းကပင် ''မြန်မာသံရုံးရဲ့ အကူအညီ ဘာမှမရသေးဘူး။ အခုလည်း ကျွန်မတို့ရဲ့ လုံခြုံရေးကြောင့် အလုပ်က နားနေရတာ သုံးရက်ရှိနေပြီ။ ကျွန်မအစ်ကိုရဲ့ နာရေးကိစ္စကိုလည်း ကပုန်းနာရေး ကူညီမှုအသင်းက ကူညီပေးနေပါတယ်'' ဟု ပြောကြားသည်။
ယခုဖြစ်ပွားခဲ့သော ဖြစ်စဉ်နှင့် ပတ်သက်၍ ကပုန်းရဲစခန်းတွင် အမှုဖွင့်လှစ်ထားကြောင်း၊ ပုဒ်မကို ရဲစခန်းမှ မပြောသေးကြောင်း၊ မေ ၃ ရက် (မလေးရှားစံတော်ချိန်) နံနက် ၁၀ နာရီသို့ ပြန်ချိန်းထားကြောင်း သေဆုံးသူ ကိုမင်းဇော်၏ ညီမဖြစ်သူက ဆက်လက်ပြောကြားခဲ့သည်။
သေဆုံးသွားသူ ကိုမင်းဇော် (၃၃ နှစ်)၏ ဇနီးဖြစ်သူ မညွန့်ညွန့်ရီကလည်း ''ကျွန်မယောက်ျားကမြန်မာ၊ ဗုဒ္ဓဘာသာပါ။ သေသွားတဲ့ နောက်တစ်ဦးကလည်း ဗုဒ္ဓဘာသာပဲ ထင်ပါတယ်။ လူချင်းမသိကြတော့ အတိအကျ မသိပါဘူး။ ကျွန်မက ချည်မျှင်စက်ရုံမှာ အလုပ်လုပ်ပါတယ်။ အခုကကျွန်မ ယောက်ျား နာရေးကိစ္စတွေ လုပ်နေပါတယ်'' ဟု ဖြေကြားသည်။
လက်ရှိတွင် မလေးရှားနိုင်ငံ ဆလာယန်း ကုန်စိမ်းဈေးတန်းရှိ မြန်မာဒုက္ခသည် ၁၀၀ ခန့်ကို ကပုန်း နာရေးကူညီမှု အသင်းမှ ဦးဆောင်၍ ကပုန်းဘုန်းကြီးကျောင်းနှင့် အခြားနေရာ အသီးသီးသို့ ပို့ဆောင်ကူညီ ပေးလျက်ရှိကြောင်း သိရသည်။
ကွာလာလမ်ပူမြို့မှ မြန်မာနိုင်ငံသား တစ်ဦးက ''အဲဒီနေ့က ဖြစ်စဉ်မှာ နှစ်ယောက်သေတယ်။ သုံးယောက်က ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားပြီး တစ်ယောက် ပျောက်နေတယ်လို့ ကြားတယ်။ လူ ၁၀၀ ကျော်လောက် ကပုန်းဘုန်းကြီးကျောင်းထဲမှာ ပုန်းနေရတယ်။ ဘုန်းကြီးကျောင်း အပြင်ဘက်ကနေ ဆိုင်ကယ်တွေနဲ့ ပတ်နေပြီး ဘုန်းကြီးကျောင်းကို မီးရှို့ပစ်မယ်လို့ ခြိမ်းခြောက်မှုတွေ ရှိနေတယ်။ ဒီဖြစ်စဉ်မှာ ပြစ်မှုကျူးလွန်တဲ့ သူတွေက ဆလာယန်း ဒေသခံတွေ မဟုတ်ဘဲ ဒေသခံ အချို့တောင် မသိလိုက်ကြဘူးလို့ ပြောတယ်။ ဒေသခံတွေက ကျီးလန့်စာစား ဖြစ်နေပေမယ့် မြန်မာသံရုံး အသိုင်းအ၀ိုင်းက ပြဿနာက စိုးရိမ်စရာမရှိဘဲ အေးအေးချမ်းချမ်းပဲလို့ ပြောနေကြတယ်'' ဟု ပြောပြခဲ့ပါသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မလေးရှားနိုင်ငံရှိ နာမည်ကြီး The Star သတင်းစာတွင် လက်ရှိအထိ သတင်းဖော်ပြထားခြင်း မရှိသေးကြောင်း သိရပြီး NTV 7 သတင်းဌာနက သေဆုံးသူတစ်ဦး၏ အလောင်းအား ရဲတပ်ဖွဲ့ဝင်များက သယ်ယူသွားပုံကို movie file ဖြင့် သတင်းဖော်ပြခဲ့သည်...
ဆလာယန်းဒေသမှ မြန်မာအလုပ်သမား တစ်ဦးကလည်း ''ကျွန်တော်သိတာကတော့ ဒီဖြစ်စဉ်မှာ ခြောက်ယောက်လောက် သေသွားတယ်။ အချို့ဆိုရင် ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရတာ။ ဒီဖြစ်စဉ်ကြောင့် လူ ၈၀ နဲ့ ၁၀၀ ကြား ဆလာယန်းက ဘုန်းကြီးကျောင်းမှာ ခိုလှုံနေရတယ်။ ဒါကို အကြမ်းဖက်လိုတဲ့ မွတ်ဆလင်ဘာသာဝင် အချို့က ဘုန်းကြီးကျောင်း အရှေ့ကနေ အော်ဟစ်ခြိမ်းခြောက်မှုတွေ လုပ်တယ်။ ကျွန်တော်တို့ဆီမှာ အခုနောက်ပိုင်း မွတ်ဆလင် အကြမ်းဖက်လူအချို့ရဲ့ သွေးထိုး လှုံ့ဆော်မှုတွေ ပြဿနာဖြစ်အောင် ဖန်တီးလိုမှုတွေ မကြာခဏ ဖြစ်နေ၊ ကြားနေပါတယ်။ ကွာလာလမ်ပူဘက်မှာတော့ မြန်မာဆိုင်တွေမှာလည်း အေးဆေးပဲ။ မွတ်ဆလင် ဆိုင်တွေမှာလည်း အေးဆေးပါပဲ။ သံရုံးကတော့ ဒီပြဿနာကို ထူးထူးခြားခြား ထုတ်ပြန်တာ မရှိသလို အခြေအနေ အေးဆေးရှိတယ်လို့ပဲ ပြောတာ ကြားရပါတယ်။ မြန်မာသံရုံးရဲ့ အကူအညီကိုတော့ ဆလာယန်းမှာရှိတဲ့ မြန်မာတွေ အခုအချိန်ထိ မရသေးပါဘူး'' ဟု ပြောကြားခဲ့ပါသည်။
မလေးရှားနိုင်ငံတွင် ဖြစ်ပွားနေသော အဆိုပါ ကိစ္စများနှင့် ပတ်သက်၍ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ အဖြစ်မှန်ကို စုံစမ်း၍ သတင်းထုတ်ပြန် သွားမည်ဖြစ်ကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဋ္ဌေးက Eleven Media Group သို့ ပြောကြားထားပါသည်။
ထို့ပြင် မြန်မာ့ရုပ်မြင်သံကြားမှ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်လတ်အား ဆက်သွယ်မေးမြန်းမှုကို ဇွန် ၂ ရက်က ထုတ်လွှင့်ခဲ့သည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မလေးရှားနိုင်ငံရှိ နာမည်ကြီး The Star သတင်းစာတွင် လက်ရှိအထိ သတင်းဖော်ပြထားခြင်း မရှိသေးကြောင်း သိရပြီး NTV 7 သတင်းဌာနက သေဆုံးသူတစ်ဦး၏ အလောင်းအား ရဲတပ်ဖွဲ့ဝင်များက သယ်ယူသွားပုံကို movie file ဖြင့် သတင်းဖော်ပြခဲ့သည်။ Bernama သတင်းဌာနတွင်လည်း တစ်ဦးသေဆုံးကြောင်း သတင်းဖော်ပြထားသည်။
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ အနောက်မြောက်ဘက် ၁၀ ကီလိုမီတာအကွာရှိ ဆီလာယန်မြို့ လက်ကားဈေးတစ်ခုတွင် မေ ၃၁ ရက် ည ပိုင်းက မြန်မာနိုင်ငံသားတစ်ဦး ထပ်မံအသတ်ခံခဲ့ရကြောင်း မလေးရှားနိုင်ငံ၏ NTV 7 သတင်းဌာနက ဇွန် ၁ ရက်တွင် ဖော်ပြခဲ့သည်။
ယခုသေဆုံးသူမှာ အသက် ၅၅ နှစ်အရွယ်ရှိသည့် ယူဆွတ်အဗ္ဗဒူဆိုသူဖြစ်ပြီး ၎င်း၏အလောင်းကို ည ၁၀ နာရီခန့်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်ကာ လည်ပင်းတွင် ပြတ်ရှရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။ သေဆုံးသူ၏ အလောင်းကို ရဲများက လာရောက်သယ်ယူသွားသည့် မှတ်တမ်း ဗီဒီယိုဖိုင်ကိုလည်း အဆိုပါသတင်းဌာန၏ ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ မေ ၃၀ ရက်ကလည်း အဆိုပါ ဈေးအနီးဝန်းကျင်တွင် ဟင်းသီးဟင်းရွက်များ ရောင်းသော နက်ဆီရာ အမည်ရှိ မြန်မာနိုင်ငံသား တစ်ဦးသည် အခြားပြည်ပ အလုပ်သမားများနှင့် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ပြတ်ရှရာဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။
ဆေးစစ်ချက်များအရ ယူဆွတ် အဗ္ဗဒူလာ၏ အလောင်းကို ရှာဖွေမတွေ့ခင် ခြောက်နာရီကပင် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မှုခင်းဖြစ်ပွားရာနေရာမှ တောခုတ်ဓား တစ်ချောင်း၏ ဓားအိမ်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။ လူသတ်မှုနှင့်ပတ်သက်၍ သံသယရှိသူများကို အခင်းဖြစ်ပွားရာ အနီးရှိ ဈေးဆိုင်တစ်ဆိုင်မှာ စီစီတီဗွီ မှတ်တမ်းများကို အခြေခံကာ အာဏာပိုင်များက စစ်ဆေးလျက် ရှိကြောင်းလည်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။
မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်လတ်၏ ဖြေကြားမှုများကို နိုင်ငံပိုင်ရုပ်သံမှ ထုတ်လွှင့်ခဲ့မှုအား ကောက်နုတ်ဖော်ပြခြင်း
မလေးရှားမှာ လာရောက် အလုပ်လုပ်ကိုင်ကြတဲ့ တရားဝင် မြန်မာအလုပ်သမား သုံးသိန်းခန့် ရှိပါတယ်။ တရားမ၀င် အလုပ်သမားက လေးသောင်းလောက် ရှိတယ်။ နောက်ပြီး မလေးရှားနိုင်ငံ အခြေစိုက်ရုံး လက်အောက်မှာ ဒုက္ခသည် အမည်စာရင်းသွင်းထားတဲ့ လူဦးရေ ကိုးသောင်းလောက် ရှိပါတယ်။ အများစုကတော့ ရိုဟင်ဂျာလို့ အမည်ခံထားတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။
ဒီနေရာမှာ ဆာလရမ်း ဆိုတာကို ရှင်းချင်ပါတယ်။ ရန်ကုန်မှာရှိတဲ့ သီရိမင်္ဂလာဈေးလို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရဲ့ ကုန်းစိမ်းဈေး၊ လက်လီ လက်ကား ရောင်းတဲ့ဈေးပေါ့။ အဲဒီမှာ တရားဝင် မြန်မာအလုပ်သမားတွေလဲ ရှိသလို တရားမ၀င် အလုပ်သမားတွေလဲ ရှိတယ်။ အလားတူ ဒုက္ခသည် အမည်ခံထားတဲ့ ဘင်္ဂါလီလူမျိုးတွေလဲ အများအပြား ရှိတယ်။ အဲဒီဈေးမှာ ရဲတွေ ထိရောက်စွာ ကိုင်တွယ်နိုင်မှု မရှိတဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားတဲ့ ခွင်ကြီး။ လူသတ်မှုစတဲ့ ဒုစရိုက်မှုတွေ ကျက်စားရာ နေရာလဲ ဖြစ်ပါတယ်။ ဒါက ဆလာရန်းနဲ့ ပတ်သက်တဲ့ နယ်မြေ အချက်အလက်ကို ပြောတာ ဖြစ်ပါတယ်။ ပထမဖြစ်စဉ်က ၃၀ ရက် ၂ နာရီလောက်မှာ ဆလာရန်းမှာ ဟင်းသီးဟင်းရွက် ရောင်းနေတဲ့ မြန်မာလူမျိုး တစ်ယောက်ကို ဈေးကအပြန်မှာ အမည်မသိတဲ့ ဆိုင်ကယ် သမားအုပ်စုရဲ့ အကြမ်းဖက် တိုက်ခိုက်မှုခံရလို့ ဆလာရန်းဆေးရုံမှာ ဆေးကုသမှု ခံယူနေပါတယ်။ ၃၁ ရက်နေ့ ည ၁၀ နာရီမှလဲ မြန်မာ အလုပ်သမားတစ်ဦး အလုပ်က အပြန်လမ်းခရီးမှာ အမည်မသိတဲ့ လူတစ်စုရဲ့တိုက်ခိုက်တာကို ခံခဲ့ရတယ်။ နောက် ၃၁ ရက်နေ့မှာပဲ ဆလာရန်း အနောက်ဘက်မှာ နေထိုင်တဲ့ မြန်မာလူမျိုးတစ်ဦးကို ၀င်ရောက် သတ်ဖြတ်သွားတာ ရှိပါတယ်။ အဓိက ဖြစ်စဉ်ကတော့ ဒီသုံးခုပါ။ အခုထိတော့ ဘုန်းတော်ကြီးကျောင်းကို ၀င်ပြီးရိုက်တာ ဘာညာမျိုးတော့ မရှိပါဘူး။ ဖြစ်စဉ်က ဆလာရန်းဆိုတဲ့ နယ်မြေမှာပဲ ဖြစ်တာပါ။
သံရုံးဆိုတာ ကိုယ့်နိုင်ငံသားတွေကို ကာကွယ်ပေးဖို့ တာဝန်ရှိပါတယ်။ ဖြစ်တဲ့ပုံစံက ဗုဒ္ဓဘာသာနဲ့ မွတ်ဆလင်ဖြစ်တဲ့ ပြဿနာမဟုတ်ဘဲ ဒုစရိုက်နယ်မြေမို့လို့ ဒီလိုမျိုး ဖြစ်သွားတာပါ။ သူတို့ဘက်ကလဲ မဆင်ခြင်တာလဲ ပါတာပေါ့။ ဒီဖြစ်စဉ်ကိုဖော်ပြပြီး ကျွန်တော်တို့အနေနဲ့ သက်ဆိုင်ရာ နိုင်ငံရဲ့ နိုင်ငံခြားရေး ၀န်ကြီးဌာနကို သံတမန်နည်းလမ်းအရ လိုအပ်သလို ဆောင်ရွက်ပေးဖို့ အကြောင်းကြားပါတယ်။ နောက်တစ်ခုက မလေးရှားရဲနဲ့ ပုဂ္ဂိုလ်ရေးအရ ခင်မင်မှုရှိတော့ ရဲချုပ်ရုံးကို အကြောင်းကြားပြီး ဒါလေးတွေကို အလေးထား ဆောင်ရွက်ပေးပါဆိုပြီး ပြောထားတာရှိတယ်။ ကျန်တဲ့အပိုင်းကတော့ ထူးခြားတာရှိရင် ဆက်သွယ်ဖို့ မြန်မာ မိတ်ဆွေတွေနဲ့ ဆက်သွယ်ထားပါတယ်။ ဆလာရန်းမှာ ဖြစ်တာသည် ဘာသာရေးအရလဲ မဟုတ်ဘူး။ ဒီလိုဟာလေးတွေနဲ့ နွယ်ပြီး နည်းနည်း ဆက်စပ်သွားတဲ့အတွက် ဆလာရန်းရဲ့ သဘာဝကိုမသိဘဲ ဗုဒ္ဓဘာသာမို့ အသတ်ခံရတယ်လို့ ထင်နေကြတယ်။ ဗုဒ္ဓဘာသာမို့ အသတ်ခံရတယ် ဘာညာဆိုပြီး ဖွတဲ့သဘောတွေလဲ ရှိပါတယ်။ ဒါကို ဗုဒ္ဓဘာသာနဲ့ မွတ်ဆလင်ဖြစ်တာဆိုပြီး Highlight မတင်ဖို့ မေတ္တာရပ်ခံ ချင်ပါတယ်။
ကျွန်တော် ပြောချင်တာက နယ်မြေဆိုးတဲ့ ဧရိယာမှာ ကိုယ့်နိုင်ငံသားတွေက ဒီမှာတချို့ကတော့ မတစ်ထောင်သားတွေပါ။ မတစ်ထောင်သား တွေဆိုတော့ မူးပြီးလျှောက်သွားတာတွေလဲ ရှိပါတယ်။ ကိုယ်က ဒီကို လာနေတာ ကိုယ့်နိုင်ငံအတွက်၊ ကိုယ့်လူမျိုးအတွက်၊ ကိုယ့်ဆွေမျိုးအတွက် ပိုက်ဆံရှာလာတာ ဖြစ်တဲ့အတွက် ကျန်တဲ့နေရာတွေမှာ မလိုအပ်ဘဲ အပျော်အပါးလျော့ပြီး သွားကြလာကြရင်တော့ ဒီမှာ သိပ်ပြဿနာ မရှိပါဘူး။

No comments :

Post a Comment

Blogger Widgets
Back to Top