လှိုင်သာယာစက်မှုဇုန်(၃)ရှိ
Max ကုမ္ပဏီမှ ၀န်ထမ်းတစ်ဦးသည် မြို့နယ်အချို့ရှိ အရောင်းဆိုင်အများစုမှ
ငွေလိမ်လည်သွားမှုအပေါ် မက်စ်အချိုရည်ကုမ္ပဏီအနေဖြင့် ဇူလိုင်လ၌ ဥပဒေကြောင်းအရ
အရေးယူ ဆောင်ရွက်ပေးမည်ဟု သိရှိရသည်။
“ဇူလိုင်လလောက်ကို အမှုဖွင့်အရေးယူပေးဖို့ ဆောင်ရွက် နေပါတယ်။ အခု စားရင်းစစ်တွေ စလုပ်နေပါပြီ ဇွန်လမှာက ကိုကာကိုလာနဲ့လည်း ပူးပေါင်းပြီးလုပ်နေတဲ့ ကိစ္စတွေရှိနေသေးတော့ အကုန်လုံးကလည်း အလုပ်ရှုပ်နေတယ်၊ ဒါပေမဲ့လည်း ဒီဝန်ထမ်းကို အရေးယူမှာပါ “ ဟု Max ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
Max ကုမ္ပဏီအနေဖြင့် ငွေလိမ်ခံရသည့်ဆိုင်ရှင်များနှင့် တွေ့ဆုံမည်ဖြစ်ပြီး မည်သည့်ဆိုင်ရှင်များ အလိမ် ခံရသည်ကို စစ်ဆေးသွားမည်ဖြစ်သည်ဟု ၄င်းက ဆက်ပြောသည်။
“ကျွန်တော်တို့က လိမ်တာ မဟုတ်တော့ ကျွန်တော်တို့အနေနဲ့ လျော်ကြေး မပေးနိုင်ပါဘူး ၊ ၀န်ထမ်းက လိမ်ခဲ့တာဆိုတော့ ၀န်ထမ်းကိုဘဲ အမှုဖွင့်အရေး ယူနိုင်အောင် ကျွန်တော်တို့ လုပ်ပေးနိုင်ပါတယ်” ဟု Max ကုမ္ပဏီမှတာဝန်ရှိသူတစ်ဦးက ပြောသည်။
Max ကုမ္ပဏီဝန်ထမ်းအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်နှင့် မှော်ဘီမြို့နယ်ရှိ ဆိုင်အချို့ကို ကုမ္ပဏီမှ Promotion ကာလရှိသည်ဟုဆိုကာ ငွေကြိုသွင်းခိုင်းခဲ့ခြင်းဖြစ် သည်ဟု မှော်ဘီမြို့နေ ဆိုင်ရှင် တစ်ဦးက ဆိုသည်။
“ကျွန်တော်တို့က ပစ္စည်းပျက်မှာ စိုးလို့ ကြိုပြီးမှာ လိုက်တာ အဲ့ဒီဝန်ထမ်းကလည်း ကုမ္ပဏီက ဘယ်လဆိုရင် Promotion ကာလရှိတယ် အဲ့ဒါဆိုရင် ဈေးသက်သက်သာသာရမယ်ဆိုလို့ ငွေကြိုပေးလိုက်တာ” ဟု မှော်ဘီမြို့၌ ကုန်စုံဆိုင်ဖွင့်ထားသူ ကိုမြတ်ညီညီက လိမ်လည်ခံရမှုနှင့်ပတ်သက်၍ ပြောသည်။
အဆိုပါဆိုင်ရှင်မှာ ၂၀၁၃ခုနှစ် ဇန်န၀ါရီလ (၂၅)ရက်နေ့တွင် Max အချိုရည်ဗူး ၁ကဒ် (၁၂)ဗူးပါသည့် ကဒ် (၂၀၀)အတွက် ငွေကျပ် ၇၁၅၀၀၀(ခုနှစ်သိန်းတစ်သောင်းငါး ထောင်) ၊ Max အချိုရည် ကော်ဗူး ကဒ်(၁၃၀) အတွက် ကျပ် ၃၇၄၄၀၀(သုံးသိန်းခုနှစ်သောင်းလေးထောင့်
လေးရာ) ၊ Max ပုလင်း (၁၁၈)ကဒ်အတွက် ကျပ် ၅၃၁၀၀၀
(ငါးသိန်းသုံးသောင်းတစ်ထောင်) စုစုပေါင်း ၁၆၂၀၄၀၀ခန့်ကို Max ကုမ္ပဏီမှ
ဝန်ထမ်းအား လက်ငင်း ပေးချေခဲ့ကြောင်းကိုလည်း သိရသည်။
တိုက်ကြီးမြို့နယ်ရှိ နေရှင်နယ် ဆိုင်ရှင်မှ Max Plus ဗူး ကဒ်(၂၀၀၀)ဖိုး ငွေကျပ် ၅၇၆၆၀၀၀ (ငါးဆယ့်ခုနှစ်သိန်း ခြောက်သောင်းခြောက်ထောင်) ၊ Max power ပုလင်းအတွက် ငွေကျပ် ၁၃၁၆၀၀ (တစ်သိန်းသုံးသောင်း တစ်ထောင့်ခြောက်ရာ)ခန့် လိမ်ယူသွားကြောင်းကိုလည်း သိရသည်။
“ဒီနှစ် တစ်လပိုင်းမှာ တစ်ကြိမ်ဖြစ်တယ်။ သူက နှစ်စဉ်လာပို့နေကျဆိုတော့ ယုံပြီး နေနေတာ။ အခု ၆လပိုင်း ၄ရက်နေ့က တစ်ကြိမ် ငွေကြိုသွင်းဖို့ပြောလာတော့ သွင်းလိုက်တယ်။ အခုလိုဖြစ်တော့ ကုမ္ပဏီကို သွားပြော တော့ သူတို့ပြန်တော့ မလျော်ပေးနိုင်ဘူး ဒါပေမဲ့ အဲ့ဒီဝန်ထမ်းကို အရေးယူဆောင်ရွက်ပေးမယ်ပဲ ပြောလို့ ဒီအတိုင်း စိတ်လျော့လိုက်ရတယ် “ ဟု တိုက်ကြီးမြို့နယ်ရှိ နေရှင်နယ် စတိုးဆိုင်မှ ဒေါ်ပြုံးကြည်က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီး ၊ မှော်ဘီ ၊ ထောက်ကြံ့ မြို့နယ်များရှိ ဆိုင်များအားလုံး ငွေစုစုပေါင်း သိန်း (၃၅၀)ကျော် အလိမ်ခံခဲ့ရကြောင်း သိရှိရသည်။
အဆိုပါ ဖြစ်စဉ်မျိုး အခြားသောတိုင်းဒေသကြီးရှိ မြို့နယ်များတွင် ဖြစ်ပေါ်ခဲ့သော်လည်း ငွေလိမ်လည် ရယူခဲ့ သည့် ၀န်ထမ်းကိုသာ အမှုဖွင့်၍ အရေးယူဆောင်ရွက်ခြင်းမျိုးသာရှိ ကြောင်းကိုလည်း Max ကုမ္ပဏီမှ တာဝန်ရှိ သူတစ်ဦးက ဆိုသည်။

Max ကုမ္ပဏီအနေဖြင့် ငွေလိမ်ခံရသည့်ဆိုင်ရှင်များနှင

Max ကုမ္ပဏီဝန်ထမ်းအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်နှင့် မှော်ဘီမြို့နယ်ရှိ ဆိုင်အချို့ကို ကုမ္ပဏီမှ Promotion ကာလရှိသည်ဟုဆိုကာ ငွေကြိုသွင်းခိုင်းခဲ့ခြင်းဖြစ်

အဆိုပါဆိုင်ရှင်မှာ ၂၀၁၃ခုနှစ် ဇန်န၀ါရီလ (၂၅)ရက်နေ့တွင် Max အချိုရည်ဗူး ၁ကဒ် (၁၂)ဗူးပါသည့် ကဒ် (၂၀၀)အတွက် ငွေကျပ် ၇၁၅၀၀၀(ခုနှစ်သိန်းတစ်သောင်းငါး

အဆိုပါ ဖြစ်စဉ်မျိုး အခြားသောတိုင်းဒေသကြီးရှိ မြို့နယ်များတွင် ဖြစ်ပေါ်ခဲ့သော်လည်း ငွေလိမ်လည် ရယူခဲ့ သည့် ၀န်ထမ်းကိုသာ အမှုဖွင့်၍ အရေးယူဆောင်ရွက်ခြင်းမျိုးသာရှိ

No comments :
Post a Comment