အမေရိကန်ဆေးပညာဆိုင်ရာအဖွဲ့အစည်းဂျာနယ်အရ နှလုံးရောဂါနဲ့ ကင်ဆာရောဂါတို့ပြီးလျှင် ဆေးကု
သမှုလွဲမှားမှုများသည် အမေရိကားတွင် တတိယအများဆုံး လူသေမှုဖြစ်စေသော အကြောင်းရင်းဖြစ်သည်။
၂၀၁၂ ခုနှစ်တွင် ဆေးကုသမှုလွဲမှားမှုများအတွက် ပေးရသော လျော်ကြေးငွေစုစုပေါင်း ဒေါ်လာ သုံးဘီလျံ
အထိ ရှိခဲ့သည်။ ဆိုလိုသည်မှာ ပျမ်းမျှအားဖြင့် ၄၃ မိနစ်တိုင်းမှာ လျော်ကြေးငွေတစ်ခါပေးရခြင်း ဖြစ်သည်။
ဒါဟာ နည်းနည်းတော့ စိတ်ပူစရာကောင်းနေသည်မဟုတ်ပါလား။
သို့ပေမဲ့ လူတွေအနေနဲ့ အဲဒီစာရင်းထဲမှာ မပါအောင် ကြိုတင်ရှောင်ရှားနိုင်တဲ့ နည်းလမ်းတွေ အများကြီး
ရှိနေပါသည်။ ဆေးကုသမှုမှားယွင်းမှုတွေအတွက် ရှေ့နေဖြစ်သူ Konvicka က အဲဒီနည်းလမ်းတွေကို ပြော
ပြရှင်းလင်းထားပါသည်။
ပထမဆုံးအနေနဲ့ ဆေးကုသမှုမှားယွင်းမှု (medical malpractice) ဆိုတာကို ဥပဒေအရ ဘယ် လိုအနက်ဖွင့်ပါသလဲ။
ဆေးကုသမှုမှားယွင်းမှုဆိုတာဟာ ဆေးကုသပေးသူတစ်ဦးက လူနာကို "ပြုစုစောင့်ရှောက်မှု စံသတ်မှတ်
ချက်" ကနေ သွေဖယ်ပြီး လုပ်ဆောင်တဲ့အခါမှာ ဖြစ်ပွားတတ်ပါတယ်။ "ပြုစုစောင့်ရှောက်မှု စံသတ်မှတ်
ချက်" ဆိုတာကို ဆင်ခြင်တုံတရားရှိတဲ့ ပညာသတိရှိတဲ့ ကျန်းမာရေးဝန်ထမ်းတစ်ဦးအနေနဲ့ တူညီတဲ့ အ
ခြေအနေများမှာ လုပ်ဆောင်စရာရှိတာကို လုပ်ဆောင်ရင် လုပ်ဆောင်မယ် ဒါမှမဟုတ် မလုပ်ဆောင်ဘူး
လို့ အနက်ဖွင့်ပါတယ်။ အဓိကကတော့ တာဝန်ရှိကျန်းမာရေးဝန်ထမ်းဟာ ပေါ့ဆသလား မပေါ့ဆဘူးလား
ဆိုတာ ဖြစ်ပါတယ်။
လူတစ်ယောက်ဟာ ဆေးကုသမှုမှားယွင်းမှုရဲ့ သားကောင်ဖြစ်ခဲ့တယ်ဆိုတာကို ဘယ်လိုဆုံးဖြတ်မ လဲ။
ကျန်းမာရေးဝန်ထမ်းရဲ့ ပေါ့ဆမှုက လူနာကို ထိခိုက်နစ်နာစေတဲ့အခါ ဆေးကုသမှုမှားတယ်လို့ ပြောကြပါ
တယ်။ ဒါပေမဲ့ မှားယွင်းတဲ့ အကျိုးဆက်ဖြစ်လာတာတစ်ခုတည်း ကြည့်ပြီး ဆေးကုသမှုမှားတယ်လို့ ယတိ
ပြတ်မစွပ်စွဲနိုင်ပါဘူး။ အလားတူပဲ။ ကျန်းမာရေးဝန်ထမ်းတွေက လူနာကို သူဟာ အရင်ဆေးဝန်ထမ်းတစ်
ဦးဆီကနေ ပေါ့ဆတဲ့ ကုသမှုကို ရရှိထားပြီးဖြစ်တဲ့အကြောင်း ၊ ပြီးတော့ လုံးဝရိုးသားစွာနဲ့ သူတို့ကိုယ်တိုင်
လဲ အခုအမှားတစ်ခု ပြုမိပြီလို့ ၀န်ခံပြောပြတတ်ကြပါတယ်။
နောက်တစ်ချက်က အလျှင်အမြန် ရိုးရိုးသားသား ၀န်ခံတောင်းပန်မှုကြောင့် လူနာဟာ နောက်ထပ်အတွန့်
မတက်တော့ဘူး။ ဒါမှမဟုတ် တရားရုံးအထိ သွားစရာမလိုဘဲ ကျေလည်စရာအခွင့်အရေး ဖြစ်သွားပါတယ်။
ကျန်းမာရေးအာမခံလုပ်ငန်းတွေက ဖြစ်နိုင်ရင် လူနာနဲ့ တိုက်ရိုက်ဆွေးနွေးကျေအေးလိုတယ်။ အဲဒါက လူ
နာရဲ့ ထိခိုက်နစ်နာမှုတွေကို အကုန်မသိရခင် ပြီးတော့ လူနာက ရှေ့နေငှား တိုင်တမ်းခံရရင် လျော်ကြေး
ငွေပမာဏတက်လာတာကိုလဲ ကာကွယ်ပြီးသား ဖြစ်ပါတယ်။
သတိထားစရာတစ်ခုက ဆေးကုသမှုမှားယွင်းတာတွေကို တရားစွဲတာဟာ အလွန်ကို ကုန်ကျစရိတ်ကြီး ၊ ဖိ
အားများပြီး အချိန်လည်း ကုန်ပါတယ်။ တစ်နှစ်ကို အမေရိကားမှာ လူနာ နှစ်သိန်းခန့်ဟာ ဆေးကုသမှုအ
မှားအယွင်းတွေကြောင့် အသက်ဆုံးကြပါတယ်။ ဒါပေမဲ့ အဲဒီအထဲက ၁၅ % သာလျှင် တရားစွဲကြပြီးတော့
အဲဒီအမှုတွေရဲ့ ၈၀ % ဟာ လူနာမှာ ဘာလျော်ကြေးမှမရဘဲ အဆုံးသတ်တတ်ပါတယ်။ ဒါ့ကြောင့် အတွေ့
အကြုံများတဲ့ ဆေးကုသမှုမှားယွင်းမှုရှေ့နေတွေဟာ လူနာရဲ့ထိခိုက်နစ်နာမှုတွေကို သေချာမှတ်တမ်းတင်
ထားတာမရှိဘဲနဲ့ အမှုလိုက်ပေးမှာ မဟုတ်ပါဘူး။
လူနာတွေအနေနဲ့ အဲဒီလိုအမှားမျိုး မတွေ့ကြုံရအောင် နည်းပါးအောင် ဘာများလုပ်သင့်တယ် လို့ ယူဆပါသလဲ။
ဆေးကုသစောင့်ရှောက်မှုတွေနဲ့ပက်သက်ပြီး သတိထားတာဟာ သံသယမရှိအောင် အကောင်းဆုံးခြေ
လှမ်းဖြစ်ပါတယ်။ လူနာအနေနဲ့ သူတို့ကျန်းမာရေးအခြေအနေကို နားလည်အောင် လေ့လာသင့်တယ်။
ပြီးတော့ ရောဂါလက္ခဏာတွေကို မှတ်တမ်းတင်ထားသင့်တယ်။ ကျန်းမာရေးဝန်ထမ်းတွေကို ကိုယ့်စိတ်ထဲ
အရေးကြီးတယ်လို့ ခံစားရတဲ့ မေးခွန်းတွေကို ချရေးပြီး မေးသင့်တယ်။ အဖြေကိုလည်း အတိအကျ အပြည့်
အစုံရအောင် တောင်းဆိုသင့်တယ်။
ဒီကျန်းမာရေးစနစ်ကြီးကို မ၀ံ့မရဲဖြစ်မနေဖို့ လိုပါတယ်။ ပြောစရာရှိတာ ပြောပြီး ကိုယ့်ကျန်းမာရေးအတွက်
ကိုယ်တိုင် အားထုတ်လုပ်ဆောင်သင့်ပါတယ်။ တစ်ခုခုမှားတယ်ထင်ရင် ဆရာဝန်ကို ပြောပါ။ ဆရာဝန်တို့
သူနာပြုတို့ကို ယုံကြည်ဖို့ လိုတာမှန်ပေမဲ့ ကိုယ့်ကိုယ်ကာယကိုယ် နားထောင်ပြီး ဥာဏ်သုံးပါ။ ဒါ့အပြင် ဆ
ရာဝန်ဆီကို အရေးကြီးတဲ့ ကုသမှုတွေအတွက် သွားတဲ့အခါ မိသားစု ဒါမှမဟုတ် သူငယ်ချင်းကို ခေါ်သွားဖို့
သင့်ပါတယ်။

No comments :
Post a Comment