Blogger Widgets

Monday, 3 June 2013

မန္တလေး ကျောက်စိမ်းဈေးကွက်တွင် တရုတ်ကုန်သည် ၀ယ်လက် စိတ်ဝင်စားမှု လျော့ကျ

mandalayemaral-june1
မန္တလေး ကျောက်ဝိုင်းအတွင်း ကျောက်အရောင်းအ၀ယ် ပြုလုပ်နေကြစဉ်

မန္တလေး ကျောက်စိမ်းဈေးကွက်တွင် တရုတ်ကုန်သည် ၀ယ်လက် လတ်တလော စိတ်ဝင်စားမှု လျော့ကျနေကြောင်း သိရှိရသည်။

ဈေးကွက်အတွင်း အရောင်းအ၀ယ် ပြုလုပ်သော အပွင့်လိုင်း၊ လက်ကောက်လိုင်း၊ လွှာချပ်လိုင်းနှင့် ခေါင်းကျောက် (ခေါ်)ခွင်လိုင်းအားလုံး၌ ပုံမှန်အရောင်းအ၀ယ် အောက်သာ ရှိနေခြင်း ဖြစ်သည်ဟု သိရသည်။

လတ်တလော ကာလမှာ မန္တလေး ကျောက်ဝိုင်းကို စိတ်ဝင်စားမှု လျော့ကျတာက နေပြည်တော်မှာလုပ်တဲ့ ကျောက်မျက်ပြပွဲဘက်ကို အာရုံများနေ ကြလို့ပါ။ ပြပွဲပြီးလို့ သူ့တို့စိတ်ကြိုက် ကျောက်မရခဲ့ရင်တော့ ကျွန်တော်တို့ဝိုင်းဘက်ကိုပဲ ပြန်ပြီးစုပြုံ ရောက်လာမှာပါ . . . . .

"တရုတ်ကုန်သည်က ဈေးချောင်ရင် ၀ယ်တယ်။ ထိန်းဝယ်နေတဲ့ သဘောမို့ အရောင်းအ၀ယ်က မကောင်းဘူး ပြောရမှာပေါ့။ လတ်တလော ကာလမှာ မန္တလေး ကျောက်ဝိုင်းကို စိတ်ဝင်စားမှု လျော့ကျတာက နေပြည်တော်မှာလုပ်တဲ့ ကျောက်မျက်ပြပွဲဘက်ကို အာရုံများနေ ကြလို့ပါ။ ပြပွဲပြီးလို့ သူ့တို့စိတ်ကြိုက် ကျောက်မရခဲ့ရင်တော့ ကျွန်တော်တို့ဝိုင်းဘက်ကိုပဲ ပြန်ပြီးစုပြုံ ရောက်လာမှာပါ" ဟု လက်ကောက်လိုင်း ပြုလုပ်သူ ဦးလှမောင်က ပြောကြားခဲ့သည်။

လက်ရှိ အချိန်တွင် ဖားကန့်၊ လုံးခင်း စသည့်ဒေသများ၌ မိုးတွင်းကာလ လုပ်ကွက်များ ရပ်နားခြင်း၊ ရေမဆေး သမားများ လုပ်ကိုင်ရန် အခက်အခဲ ရှိနေခြင်းကြောင့် မန္တလေး ကျောက်ဝိုင်းအတွင်း ကျောက်စိမ်းကုန်ကြမ်း ရှားပါးခြင်းနှင့် ၀င်ရောက်သည့် ကုန်ကြမ်းကို ဈေးနှုန်းအမြင့် ပေးကာ ၀ယ်ယူနေရကြောင်း သိရသည်။

"အခု ၀ယ်လက်ကတော့ မြန်မာကုန်သည်တွေပဲ ရှိတယ်။ ကုန်သည်ဝယ်လက် ကြီးကြီးမားမား တွေလောက်ပဲ နေပြည်တော် ပြပွဲကို သွားကြတာမို့ ဒီမှာအလယ်အလတ် ၀ယ်ရောင်းသမားတွေပဲ ကိုယ့်အရပ်နဲ့ကိုယ့် ဇာတ်ညှိနှိုင်း ဈေးတွေနဲ့ အရောင်းအ၀ယ် လုပ်နေကြတာပဲ။ အရောင်းအ၀ယ် လုံးဝမရှိတာမျိုး မဟုတ်ဘူးပေါ့" ဟု ကျောက်ပုတီး လုပ်ကိုင်သူ တစ်ဦးက ဆိုသည်။

No comments :

Post a Comment

Blogger Widgets
Back to Top