Blogger Widgets

Monday 5 October 2015

မြောက်ဥက္ကလာပမြို့နယ် (ဌ) ရပ်ကွက်ရှိ မနောသုခကျောင်းတိုက်တွင် စကားများရန်ဖြစ်ရာမှ ဘုန်းကြီးတစ်ပါးက ကပ္ပိယတစ်ဦးအား ဓားဖြင့်ထိုးသတ်မှုဖြစ်ပွား

စကားပြော အဆင်မပြေရာမှ ၀ါတော် နှစ်ဝါ ရှိသည့် ဦးရာဇိန္တ (ခေါ်) ဦးလှထွန်း အသက် ၄၆ နှစ်က ၅၄ နှစ် အရွယ် ကပ္ပိယ ဦးရွှေမြအား ဓားဖြင့်ထိုးခဲ့ရာ ၀မ်းဗိုက်၊ လည်ပင်းတို့၌ ဒဏ်ရာများရရှိပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ဓားဖြင့်ထိုးသည့် ဦးရာဇိန္တ (ခေါ်) ဦးလှထွန်းအား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၃၀၂) ဖြင့် အရေးယူဆောင်ရွက်ထားပြီး မြောက်ဥက္ကလာပမြို့မရဲစခန်းတွင် ချုပ်ထားပြီး ရဲလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီနယ်မြေရဲစခန်းမှ တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးက " ဖြစ်တာက (ဌ) ရပ်ကွက်၊ ပုလဲသွယ်လမ်းရှိ မနောသုခကျောင်းတိုက်မှာ ဖြစ်တာပါ။ တိုင်ကြားလာတာ မဟုတ်ပါဘူး။ သတင်းကြားလို့ သွားရောက်စစ်ဆေးတဲ့အခါမှာ တရားခံကနေ သေဆုံးသူကို ဓားနဲ့ထိုးထားတာကို တွေ့ရပါတယ်။ တွေ့လို့မို့ အရေးယူဆောင်ရွက်ထားပါတယ်။ ကျွန်တော်တို့ နယ်မြေစခန်းမှာ ချုပ်ပိုင်ခွင့်မရှိတာကြောင့် မြို့မစခန်းမှာ ရဲလုပ်ငန်း ဆောင်ရွက်နေစဉ်အတောအတွင်းမှာ ခဏချုပ်ထားတာပါ။ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၃၀၂) နဲ့ အရေးယူဆောင်ရွက်ထားပါတယ်။ ဖြစ်ပွားရတဲ့အကြောင်းရင်းက စကားများရန်ဖြစ်ပြီးတော့ ဖြစ်သွားကြတာ။ ပြောပြချက်အရပေါ့လေ" ဟု ပြောကြားသည်။

အရပ်ရှည်တဲ့ အမျိုးသားတွေဟာ အရပ်ပုတဲ့ အမျိုးသားတွေထက် ရည်းစားများတာကို တွေ့ရှိ

တစ်ချို့လူတွေက ပြောပါတယ်။ အချစ်ရေးမှာ အရွယ်အစားက အရေးမကြီးပါဘူးတဲ့။
တစ်ကယ့် လက်တွေ့ မှာတော့ အမျိုးသမီးတွေဟာ အရပ်ပုတဲ့အမျိုးသားတွေကို သဘောကျလေ့မရှိကြပါဘူး။ အရပ်ရှည်တဲ့အမျိုးသားတွေဟာ အရပ်ပုတဲ့ အမျိုးသားတွေ ထက် ချစ်တင်းနှောမယ့် လက်တွဲဖော် ပိုများနေတာကို လေ့လာမှု တစ်ခုက ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ဒါကြောင့် သုတေသီတွေက လူတွေရဲ့ အရပ်အမောင်းနဲ့ ကိုယ်အလေးချိန်တို့ဟာ ချစ်တင်းနှောလိုတဲ့ လက်တွဲဖော် အရေအတွက် အပေါ် ဘယ်လို သက်ရောက်မှု ရှိနိုင်တယ် ဆိုတာကို လေ့လာ အဖြေရှာခဲ့ကြပါတယ်။ ဒါကြောင့် သုတေသီတွေဟာ အမျိုးသား နဲ့ အမျိုးသမီး ၆၀၀၅၈ ယောက်ကို မေးခွန်းထုတ်ပြီး သူတို့ရဲ့ အရပ်အမောင်း ၊ ကိုယ်အလေးချိန်နဲ့ သူတို့မှာ ရည်းစား ဘယ်နှစ်ယောက်ရှိခဲ့တယ်ဆိုတာကို လေ့လာကြည့်ခဲ့ပါတယ်။
အသက် ၃၀ ကနေ ၄၄ နှစ်ကြားရှိတဲ့ အမျိုးသားတွေ နဲ့ အမျိုးသမီးတွေဟာ ပျမ်းမျှအားဖြင့် ရည်းစား ၈ ယောက်ခန့် နဲ့ ချစ်တင်းနှောခဲ့ဖူးတယ်ဆိုတာကို လေ့လာမှု က တစ်ဆင့် တွေ့ရှိခဲ့ကြပါတယ်။ အမျိုးသား ၅၈ ရာခိုင်နှုန်း နဲ့ အမျိုးသမီး ၈ ရာခိုင်နှုန်းတို့က ရည်းစား ၅ ယောက် အနည်းဆုံး ထားဖူးကြတယ်လို့ ဆိုပြီး အမျိုးသား ၂၉ ရာခိုင်နှုန်းနဲ့ အမျိုးသမီး ၂၃ ရာခိုင်နှုန်းတို့ကတော့ ၁၄ ယောက်ထက် ပိုပြီး ရည်းစားထားခဲ့ဖူးတယ်လို့ ဆိုထားကြပါတယ်။
ထို ရာခိုင်နှုန်းတွေ ထဲမှာမှ ရည်းစား ၅ ယောက်သာထားဖူးတဲ့ အမျိုးသား အများစု ဟာ အရပ်ပုကြတာကိုတွေ့ရပြီး အရပ်ရှည်တဲ့ အမျိုးသားတွေကတော့ ရည်းစား ၇ ယောက်ခန့် အနည်းဆုံးထားခဲ့ဖူးတာကို ပျမ်းမျှအားဖြင့် တွေ့ရပြန်ပါတယ်။ ပျမ်းမျှအားဖြင့် တွက်ချက်မယ်ဆိုရင်တော့ အရပ်ရှည်တဲ့ အမျိုးသားတွေဟာ အရပ်ပု တဲ့ အမျိုးသားတွေထက် ၃ ဆ လောက် ရည်းစားများတာကိုလည်း တွေ့ရမှာပါ။
ဒါပေမယ့်လည်း အမျိုးသမီးတွေမှာတော့ အရပ်အမောင်းနဲ့ ကိုယ်အလေးချိန် ကွာဟ မှုဟာ အချစ်ရေး နဲ့ လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှု အပိုင်းတွေကို ကွာခြားသွားစေတဲ့ သက်ရောက်မှု မရှိခဲ့ပါဘူး။
ဒီ လေ့လာမှု နဲ့ ရှာဖွေတွေ့ရှိချက်တွေကိုတော့ Evolutionary Psychology ဆိုတဲ့ ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။

သန်လျင်မြို့နယ်၌် ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို ဓားဖြင့် ခုတ်သတ်ခဲ့သူအား အောက်တိုဘာ ၇ ရက်တွင် စတင်ရုံးထုတ်မည်ဖြစ်ပြီး တရားလိုအား စစ်ဆေးမည်

တရားခံတင်မြင့်အနေဖြင့် ၂၀၁၄ ခုနှစ် မေလတွင် သန်လျင်မြို့နယ်၌ပင် အမျိုးသားတစ်ဦးအား ဓားဖြင့်ထိုးကာ ထွက်ပြေးတိမ်းရှောင်မှုကြောင့် ၂၀၁၅ ခုနှစ် စက်တင်ဘာတွင် တရားခံပြေးအဖြစ် ကြေငြာထားခံရပြီး စက်တင်ဘာ ၂ ရက်တွင် ၎င်းတိမ်းရှောင်နေသည့် သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာရှိ သဘာဝတည်းခိုခန်း၌ ရှိနေစဉ် ရဲတပ်ဖွဲ့ဝင်များက ၀င်ရောက်ဖမ်းဆီးရာ ဓားဖြင့်ပြန်လည် ခုခံထိုးသတ်ခဲ့သဖြင့် ရဲတပ်ဖွဲ့နှစ်ဦးဖြစ်သည့် ရဲအုပ်အောင်နိုင်နှင့် တပ်ကြပ်သူရလွင်တို့ သေဆုံးသွားခဲ့ကြောင်း သိရသည်။
“ဒီလူက ဒုစရိုက်မှုတွေ အများကြီးကို ကျူးလွန်ခဲ့သူတစ်ယောက်ပါ။ လူသတ်မှုနဲ့ ထောင်ကျပြီး ၂၀၀၈ခုနှစ် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာတယ်။ လွတ်လာပြန်တော့လည်း ပြစ်မှုတွေ ထပ်ကျူးလွန်တယ်။ မုဒိမ်းမှုတွေ၊ လုယက်မှုတွေနဲ့ ဒုစရိုက်မှုပေါင်းများစွာကိုလည်း ထပ်မံကျူးလွန်လို့ ထောင်ကျခဲ့တယ်။ ၂၀၁၄ ခုနှစ်မှာ သမ္မတလွတ်ငြိမ်းခွင့်နဲ့ ပဲ ပြန်လွတ်လာတယ်။ အဲဒီလိုလွတ်ပြီး အခုလိုပြစ်မှုကို ထပ်မံကျူးလွန်ခြင်းဖြစ်ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးရှိ အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦး က ဆိုသည်။

သေသွားတဲ့ကြောင်ကို ဒရုန်းလေယာဉ်အဖြစ် ပြောင်းခဲ့တဲ့သူက ယခုအခါ နွားရဟတ်ယာဉ် လုပ်ဖို့  စီစဉ်နေ

Bart Jansen ဆိုတာ ဒတ်ခ်ျလူမျိုးအနုပညာရှင်တစ်ယောက်ဖြစ်ပြီး သိပ်မကြာသေးခင်က သေသွားတဲ့ သူ့ ကြောင်ရဲ့ အတွင်းကလီစာတွေကို ထုတ်ပြီး ကြောင်ဒရုန်းလေယာဉ်လုပ်ခဲ့သူဖြစ်ပါတယ်။
ဒီ ရီမုတ်ကွန်ထရိုးကြောင်သေဟာ Janses တီထွင်နိုင်စွမ်းရဲ့ အမြည်းသဘောမျိုးသာဖြစ်သေးပြီး အခုအခါမှာ သူဟာ ပိုမိုကြီးမားပြီး ပိုမိုက်တဲ့ ထူးဆန်းထွေလာတီထွင်မှုတစ်ခုနဲ့ ပြန်လာပါပြီ။ ဒါကတော့ နွားဟယ်လီ ကော်ပတာဖြစ်ပါတယ်။ နွားသေကနေ လုပ်မယ့် ရဟတ်ယာဉ်ပါတဲ့။
Jansen ဟာ သူ့ ရဲ့ သူငယ်ချင်း၊ အင်ဂျင်နီယာ Arjen Beltman ရဲ့ အကူအညီကို ရယူပြီး၊ သူတို့ နှစ်ဦးစားဟာ လူတ်စယောက်စီးနင်းလိုက်ပါနိုင်တဲ့ တိရိစ္ဆာန်အကောင်ကြီးတစ်ကောင်ပုံစံ လေယာဉ်ကို တီထွင်ဖို့  လုပ်ဆောင်နေကြပါ တယ်။ “ နွားဆိုရင်တော့ လူတစ်ယောက်ဆန့် မှာပဲ။ ဒါကြောင့် နွားကလည်း ရွေးစရာအကောင်တွေထဲက တစ်ကောင်ပဲ။ တကယ်တမ်းလည်း ကျွန်တော်တို့ နွားကိုပဲ သုံးဖြစ်သွားနိုင်ပါတယ်” လို့ Jansen က Business Insider ၀က်ဘ်ဆိုဒ်က ပြောကြားခဲ့ပါတယ်။
၂၀၁၂ ခုနှစ်တုန်းက၊ Jansen ဟာ သူ့ ရဲ့ အိမ်မွေးကြောင်လေး Orville သေဆုံးသွားပြီးနောက် ကြောင်သေ ကို ရေခဲသေတ္တာထဲ ခြောက်လကြာ ထည့်သိမ်းကာ၊ Orville ရဲ့ ကိုယ်ထဲ စက်တွေ ထည့်တပ်ကာ၊ ခြေလက် လေးချောင်းစီ မှာ ဒလက်လေးခုလေး တပ်ပြီး ကြောင်သေကို ပျံအောင်လုပ်ခဲ့ပါတယ်။


Facebook ကနေပြီးတော့ နောက်ထပ် စိတ်ဝင်စား စရာ ကောင်းတဲ့ ပြောင်းလဲမှု

Facebook ကနေပြီးတော့ နောက်ထပ် စိတ်ဝင်စား စရာ ကောင်းတဲ့ ပြောင်းလဲမှု တစ်မျိုးကို mobile အသုံးပြု သူတွေ အတွက် စတင်နေပြီး iOS မှာစတင် ရရှိနေ ပါပြီ။ ဒါကတော့ Facebook iOS app ကနေပြီးတော့ ကိုယ့်ရဲ့ profile picture ကိုအဆုံးမရှိ လည်နေတဲ့ GIF ပုံစံ video clip (looping video clip) တွေ တင်လို့ ရသွားတာ ပါပဲ။ အဲဒီ လိုပြောင်းဖို့ အတွက်
1 - iOS မှာ Facebook app ကိုဖွင့်ပါ။
2 - ကိုယ့်ရဲ့ Profile page ကိုသွားပြီး ကိုယ့်ရဲ့ profile picture ကို နှိပ်လိုက်ပါ။
“Take a New Profile Video” ဒါမှမပာုတ် “Upload Video or Photo” ဆိုတာကို ရွေးပါ။ အဲဒါတွေကို မတွေ့သေး ဘူးဆိုရင်တော့ သင်ပာာ update မရသေးတာပါ။ “Coming Soon” ဆိုတာလေး ပေါ်နေ ပါလိမ့်မယ်။
3 - ပြီးရင် သင့် video ကို record လုပ်ပါ။ video lenght ကိုတော့ ၇ seconds သက်မှတ်ထား ပါတယ်။

ခုချိန် ထိတော့ ဒီ update ပာာ iOS အသုံးပြုသူ တွေအတွက်ပဲ ဖြစ်ပြီး နောက်ပိုင်းမှာ အားလုံး အတွက် ထွက်ရှိ လာမှာပါ။ သင်ဒီ update ကို ရ မရ သိဖို့ ကတော့ စမ်းသပ် ကြည့်ဖို့ပဲ ဖြစ်ပြီး တစ်ကယ်လို့ ပြောင်းလို့ ရတယ် ဆိုရင်ဖြင့်ဘယ်ဖုန်းသုံး သူမဆို desktop သုံးသူမဆို မြင်နိုင်မှာပါ။

Blogger Widgets
Back to Top