အရစ်ကျ ငွေပေးချေမှုဖြင့် ပြည်ပခရီးစဉ်များ သွားလာနိုင်ပီဖြစ်ကြောင်း One
Best Myanmar Travels & Tours ကုမ္ပဏီမှ သိရသည်။ ပြည်ပခရီးစဉ်များအဖြစ်
ဘန်ကောက်သင်္ကြန် ခရီးစဉ်ကို စတင် လုပ်ဆောင်သွားမည် ဖြစ်ပြီး၊
သွားရောက်လိုသူများ အနေဖြင့် သြဂုတ် လ ၂၆ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ
စာရင်းပေးသွင်းနိုင်ပြီ ဖြစ်ကြောင်း၊ ထိုကဲ့သို့ လုပ်ဆောင်မှုမှာ
ပထမဆုံးဖြစ်ကြောင်း ယင်းကုမ္ပဏီမှ မန်နေးဂျင်း ဒါရိုက်တာ ဦးနေမျိုးက
ပြောသည်။ စာရင်း ပေးသွင်းထားသူများ အနေဖြင့် အောက်တိုဘာလမှ စတင်၍ တစ်လလျှင်
ကျပ်ငါးသောင်းနှင့်အထက် ပေးသွင်းက၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ လကုန်တွင်
ကျပ်ငါးသိန်းအပြီး ပေးချေ၍ ဘန်ကောက် သင်္ကြန်ခရီးကို လည်ပတ်နိုင်မည်
ဖြစ်ကြောင်း ကုမ္ပဏီသို့ ငွေလာသွင်းရန် အခက်အခဲ ရှိသူများအား
အိမ်သို့လာရောက် ကောက်ခံရန် စီစဉ်ထားကြောင်း သိရသည်။ စာရင်းပေးသွင်းထားပြီး
အကြောင်းကြောင်းကြောင့် လိုက်ပါနိုင်ရန် အခက်အခဲ ရှိသူများအား
အဆိုပါကုမ္ပဏီမှ ဒါရိုက်တာ မချစ်ချစ်က “စာရင်းပေးထားပြီး မလိုက်ဖြစ်ရင်
ငွေကိုပြန်ထုတ်ပေးဖို့တော့ အခက်အခဲ ရှိနေတဲ့အတွက် လူစားထိုး လိုက်ချင်ရင်၊
ဒါမှမဟုတ် ရှေ့နှစ်ခရီးစဉ်တွေနဲ့ လဲပေးတာပဲဖြစ်ဖြစ် လုပ်ပေးသွားမှာပါ”
ဟုရှင်းပြသည်။ ဘန်ကောက်ခရီးစဉ် သွားလာရန် စိတ်ဝင်စားသူ များပြားလျက်ရှိပြီး
ဘန်ကောက်-စင်ကာပူ-မလေးရှား သုံးနိုင်ငံခရီးစဉ် သွားလာသူ
များပြားလာကြောင်းနှင့် စင်ကာပူသို့ ၇၀ ရာခိုင်နှုန်းခန့် သွားရောက်
လည်ပတ်ကြကြောင်း အဆိုပါ ကုမ္ပဏီမှ သိရသည်။

No comments :
Post a Comment