Blogger Widgets

Saturday 4 May 2013

ပုဂ္ဂလိက၀န်ထမ်းများ၏အခြေခံလစာတိုးပေးဖို့လိုပြီ

အစိုးရ၀န်ထမ်းများ၏ လစာ သည် တစ်ဆင့်ပြီးတစ်ဆင့် တိုးနေ သော်လည်း ပုဂ္ဂလိကအခြေခံဝန် ထမ်းများ၏ လစာသည် မတိုးသေး သောအတွက်ကြောင့် ပုဂ္ဂလိက ၀န်ထမ်းများအခက်တွေ့နေ၍ နိုင်ငံ တကာစံနှုန်းနှင့်အညီ ပုဂ္ဂလိက၀န် ထမ်းများအား အခြေခံလစာအား သတ်မှတ်ပေးရန်လိုပြီဖြစ်ကြောင်း ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့ အစည်းမှ အလုပ်သမားအရေး ဆောင်ရွက်ပေးနေသူ မသက်သက် အောင်က ပြောကြားသည်။
““ကျွန်မတို့ မြန်မာနိုင်ငံမှာ ဧပြီလကစပြီး အစိုးရ၀န်ထမ်းတွေ အကုန်လုံးကို လစာတွေကို ထက် တိုးပေးလိုက်တယ်။ ပထမအကြိမ် က ၂ သောင်း၊ ဒုတိယအကြိမ်က ၂ သောင်း စုစုပေါင်း လေးသောင်း လောက်လစာတွေတိုးသွားတယ်။ ဒါပေမဲ့ ပုဂ္ဂလိက၀န်ထမ်းတွေက တော့ အခုအချိန်အထိ အလုပ်ရှင် တွေက လစာမတိုးပေးသေးဘူး။ အစိုးရ၀န်ထမ်းတွေကို လစာတိုး ပေးတော့ ကုန်ဈေးနှုန်းတွေက တတ်တယ်။ ဒါတွေကိုလည်း အစိုးရအနေနဲ့ မထိမ်းနိုင်ဘူး။ အစိုးရအနေနဲ့ ကုန်ဈေးနှုန်းကို ထိန်းပေးရမှာ။ လုပ်ခလစာတိုး ပေးပေမဲ့ ကုန်ဈေးနှုန်းတတ် တော့ ဘာထူးမှာလည်းဒီအကျိုး ဆက်တွေကို ပြည်သူတွေပဲ ခံစားရတယ်””ဟု ပြောကြားခဲ့ သည်။

နိုင်ငံတော်အစိုးရအနေနှင့် အာဆီယံစံနှုန်းအတိုင်း လုပ်ခ လစာများအား အမြန်သတ်မှတ် ပေးရန်လိုကြောင်းကို မသက် အောင်မှ ဆက်လက်ပြောကြား သည်။ ကိုယ့်ရဲ့အိမ်နီးချင်းနိုင်ငံ တွေကိုကြည့်ရင် သူတို့ရဲ့တစ်နေ့ ကို ထိုင်းနိုင်ငံမှာဆို ဘတ် ၃၀၀ လောက်ရတယ်။ မြန်မာငွေနဲ့ဆို တစ်ရက်ကို ၉၀၀၀ ထောင် ကိုယ့်မြန်မာနိုင်ငံက အလုပ် သမားတွေက ၁ ရက်ကို တစ်ထောင်တောင် အနိုင်နိုင်ရှာ နေရတယ်။ အစိုးရအနေနဲ့ ပုဂ္ဂလိကအခြေခံလစာကို အမြန် ဆုံးသတ်မှတ်ပေးစေချင်တယ်။ အဲလို သတ်မှတ်ပေးတဲ့အခါမှာ အိမ်နီးနိုင်ငံတွေနဲ့ တမ်းတူ သတ်မှတ်ပေးစေချင်တယ်””ဟု ပြောကြားခဲ့သည်။
လှိုင်သာယာစက်မှုဇုံ(၃) အထည်ချုပ်တွင်လုပ်ကိုင်သော အလုပ်သမတစ်ဦးက ပြောကြား ရာတွင်လည်း “ကျွန်မတို့စက်ရုံမှာ က လုပ်ခလစာက (၄)သောင်း လောက်ပဲရတယ်။ အလုပ်ချိန်က သူများတွေက (၈)နာရီဆင်းရ တယ်။ ကျွန်မတို့က (၁၁)နာရီ ဆင်းရတယ်။OT ပေးတဲ့ကြေး ကလည်း အရမ်းနည်းတယ်။ အခြေခံလစာကို အမြန်ဆုံးသတ် မှတ်ပေးစေချင်တယ်”ဟု ပြော ကြားခဲ့သည်

No comments :

Post a Comment

Blogger Widgets
Back to Top