Blogger Widgets

Wednesday, 5 June 2013

ပြည်ပမှ တင်သွင်းလာသည့် ထိခိုက်တိုက်ကြေကား ၆၉ စီးကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်း

ပြည်ပမှ တင်သွင်းလာသည့် ပျက်စီးမှုများသော ထိခိုက်တိုက်ကြေကား ၆၉ စီးကို ပြည်သူ့ဘဏ္ဍာအဖြစ် မေလအတွင်းက သိမ်းဆည်းခဲ့ကြောင်း အကောက်ခွန် ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြည်ပမှ တင်သွင်းလာသော ပျက်စီးမှု များသည့် ထိခိုက်တိုက်ကြေကား ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းမှု အခြေအနေမှာ မေ ၁၄ ရက်တွင် ပထမအကြိမ်အဖြစ် မော်တော်ယာဉ် ၂၇ စီး၊ မေ ၃၁ ရက်တွင် ၄၂ စီး သိမ်းဆည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော် စီမံချက်ဖြင့် အိုမင်းဟောင်းနွမ်းနေသော မော်တော်ယာဉ်များ အစားထိုး လဲလှယ်ရေး လုပ်ငန်းစီမံချက်ကို အကောက်ခွန် ဦးစီးဌာနမှ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလအတွင်း စတင်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၅ ရက် နောက်ပိုင်းတွင် တိုက်ကြေပျက်စီးကားများ တင်သွင်းလာမှုများ ရှိခဲ့ပြီး တိုက်ကြေပျက်စီး ကားများ၏ အနေအထားအရ သုံးစွဲသူများအတွက် လုံခြုံမှုစိတ်မချရသော အန္တရာယ် ဖြစ်စေနိုင်သည့် ယာဉ်များဖြစ်ကြောင်း တွေ့ရှိရသဖြင့် အကောက်ခွန် ဦးစီးဌာနက ပြည်ပမှ တင်သွင်းလာသော တိုက်ကြေပျက်စီး ကားများသည် သုံးစွဲသူ ပြည်သူလူထုအတွက် သုံးစွဲသူ ထိခိုက်နစ်နာ စေနိုင်ခြင်း၊ အသက်အန္တရာယ် ဖြစ်စေနိုင်ခြင်းတို့ကြောင့် လည်းကောင်း၊ ကုန်သွယ်ရေး မူဝါဒအရ လည်းကောင်း၊ အကောက်ခွန် ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများအရ လည်းကောင်း တင်သွင်းခွင့် မပြုသည့် ယာဉ်များဖြစ်၍ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမည်ဟု အသိပေးခဲ့ကြောင်း သိရသည်။

မေလအတွင်းက ပြုလုပ်ခဲ့သည့် မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီ အစည်းအဝေးတွင် အဆိုပါ ကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ထိခိုက်ပျက်စီးမှုများရှိသည့် မော်တော်ယာဉ်များ တင်သွင်းလာသည်ကို တွေ့ရှိရကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ခေါင်းကြေ၊ ကိုယ်ထည်ပျက်စီး ထိခိုက်မှုများရှိသည့် မော်တော်ယာဉ်များကို ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ နိုင်ငံပိုင် သိမ်းဆည်းပြီး သံရည်ကျို ဖျက်ဆီးသွားမှာ ဖြစ်ကြောင်း၊ မလျော်မကန် တင်သွင်းလာခဲ့သည့် လူပုဂ္ဂိုလ်၊ ကုမ္ပဏီများကိုလည်း တင်သွင်းခွင့် တစ်နှစ်ရပ်ဆိုင်းမည် ဖြစ်ကြောင်း၊ ယခုလည်း ပျက်စီးထိခိုက်မှု ရှိသည့်ကားများ ဆိပ်ကမ်းများတွင် ကျန်ရှိနေပြီး သင်္ဘောများနှင့် ထပ်မံတင်သွင်း သယ်ဆောင်မှုများ ရှိသည်ကို ကြားသိရကြောင်း၊ ယင်းတို့ကိုလည်း ဥပဒေ/လုပ်ထုံး လုပ်နည်းများနှင့် အညီ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဟု ဦးဝင်းမြင့်က ပြောကြားခဲ့သည်။

No comments :

Post a Comment

Blogger Widgets
Back to Top