Blogger Widgets

Tuesday, 4 June 2013

တူရကီရဲ့ပဋိပခက်များကြား စစ်မြေပြင်ဖြစ်လာတဲ့ လူမှုမီဒီယာ

အကြီးအကျယ်ဆန္ဒပြမှုတွေနဲ့ပက်သက်ပြီး တူရကီရဲ့ အစဉ်အလာသတင်းရေးသားတင်ပြမှုအပေါ် ဆန္ဒပြ
သူများနဲ့ နိုင်ငံရေးအုပ်စုတို့ကြား ပဋိပခက်တစ်ခု လူမှုကွန်ယက် တွတ်တာ Twitter ပေါ်မှာ စတင်ဖြစ်ပွား
လာခဲ့ပါသည်။ တူရကီမှာ ထိုလူမှုကွန်ယက် တွတ်တာကို အသုံးပြုမှုဟာ ဆန္ဒပြသူများ အရှိန်ရလာသည်နှင့်
အမျှ ပိုမိုများပြားလာခဲ့သည်။ သောကြာနေ့တစ်နေ့တည်းမှာ ညနေ ၄ နာရီကနေ သန်းခေါင်အတွင်း ဆန္ဒ
ပြပွဲများနဲ့ ပက်သက်တဲ့ တွိဒ်တွေ (tweets) တွေ အနည်းဆုံး နှစ်သန်းခန့် ပေါ်လာတာ တွေ့ခဲ့ရသည်ဟု န
ယူးယောက်တက္ကသိုလ်ရဲ့ လေ့လာမှုတစ်ခုက ဆိုထားပါသည်။ သန်းခေါင်ယံနောက်ပိုင်းမှာ တစ်မိနစ်တိုင်း တွိဒ် သုံးထောင်ထက်မနည်း ပေါ်ပေါက်လာသည်ဟု လေ့လာမှုက ရေးသားထားသည်။

ထိုလူမှုမီဒီယာကို ဆန္ဒပြသူများက အများဆုံး သုံးနေကြသော်လည်း တူရကီအစိုးရအရာရှိများကလည်း သူ
တို့အသံကို လူထုထံရောက်အောင် အသုံးပြုနေပါသည်။ ဆန္ဒပြမှုများအတွင်း တူရကီနိုင်ငံသားများရဲ့ လူမှု
မီဒီယာသို့ အပြေးအလွှားသွားရောက်ကြခြင်းဟာ နိုင်ငံရေးဆိုင်ရာအရေးအခင်းတစ်ခုအတွက် ထိုလူမှုကွန်
ယက်ရဲ့ အခန်းကဏ္ဍကို တိုးပွားလာစေပါသည်။ နိုင်ငံသားများစွာက ဆန္ဒပြမှု အဓိကဖြစ်ပွားတဲ့ အီစတန်ဘူ
ရဲ့ အချို့နေရာများမှာ လူမှုကွန်ယက်အသုံးပြုမှုကို ပိတ်ပင်လာတာတွေ ကန့်သတ်လာတာတွေ တွေ့ရ
တယ်ဟု ဆိုကြသည်။ တူရကီရဲ့ ဆက်သွယ်ရေးအရာရှိကတော့ ဒါက လူတွေ အသုံးများလာလို့ ဖြစ်ရတာ
သာဖြစ်ကြောင်း၊ အဲဒီလို ပိတ်ပင်ကန့်သတ်ဖို့ဆိုတာ တရားရုံးအမိန့်ရမှ ဖြစ်နိုင်ကြောင်း ဆိုသည်။

ဆန္ဒပြသူများက အစိုးရကို ထောက်ခံသည့် သတင်းစာ Sabah က တစ်နိုင်ငံလုံးဖြစ်ပွားနေသည့် ဆန္ဒပြမှု
များနဲ့ ပက်သက်ပြီး ၎င်းရဲ့ ရှေ့မျက်နှာမှာ ဘာမှ ရေးသားတင်ပြခြင်း မရှိတာကို လှောင်ပြောင်ရှုတ်ချခဲ့ကြ
သည်။ အဲဒီအစား သတင်းစာက ၀န်ကြီးချုပ် ရီဆပ်အာဒိုဂန်တစ်ယောက် ဆုချီးမြှင့်ခံရသည့် သတင်း၊ သမ္မ
တဖြစ်သူ ခရီးသွားစဉ် မြင်းတစ်ကောင် လက်ဆောင်ပေးခံရသည့် သတင်းတို့ကိုသာ ဖော်ပြထားသည်။ တူ
ရကီအနုပညာရှင်အချို့ကလဲ သတင်းမီဒီယာကို ဝေဖန်ခဲ့သည်။ နာမည်ကြီး တူရကီရုပ်ရှင်ဒါရိုက်တာဖြစ်သူ
Fatih Akin က  သူရုပ်ရှင်ရိုက်ကူးနေသည့် ဂျော်ဒန်မှနေ၍ သတင်းမီဒီယာကို ဝေဖန်ပြီး ဆန္ဒပြသူများကို
ထောက်ခံကြောင်း ဗွီဒီယိုတစ်ခု YouTube မှာ တင်ခဲ့သည်။

တနင်္ဂနွေနေ့က မစ္စတာအာဒိုဂန်က အင်တာဗျူးတစ်ခုအတွင်း တွတ်တာကို အပြစ်တင်ခဲ့သည်။ "အခု အဲဒီ
တွတ်တာဆိုတဲ့ ကျိန်စာသင့်နေတယ်။ အဲဒီမှာ ပုံစံပေါင်းစုံနဲ့ အလိမ်အညာတွေနဲ့ ပြည့်နေတယ်။" ဟု နေ့
စဉ် followers ၂.၅ သန်းကို တွိဒ်တဲ့ ၀န်ကြီးချုပ်က ပြောပါသည်။ "အဲဒီ လူမှုကွန်ယက်လို့ ခေါ်တဲ့အရာဟာ
လူ့အဖွဲ့အစည်းတွေအတွက် ကျိန်စာပဲ။" ဟု သူက ဆိုသည်။ သူ့ရဲ့ အစိုးရအဖွဲ့ဝင် ၀န်ကြီးများစွာကလဲ
ဆန္ဒပြသူများကို မမှန်မကန် သတင်းဖြန့်ဝေနေကြောင်း စွပ်စွဲပြီး တူရကီသတင်းမီဒီယာကို ကာကွယ်ဖို့
တွတ်တာပေါ်မှာ ကိုယ့်ဘာသာ လှုပ်ရှားနေကြပါသည်။

နယူးယောက်တက္ကသိုလ်ရဲ့ လေ့လာမှုတစ်ခုမှာ တူရကီရဲ့ ပြည်တွင်းမှာ လူမှုကွန်ယက်အသုံးပြုမှုဟာ အ
လွန်မြင့်ကြောင်း ဆိုသည်။ ၉၀ % သော ဆန္ဒပြမှုနဲ့ ပက်သက်တဲ့ တွိဒ်တွေဟာ ပြည်တွင်းက ဖြစ်ကြောင်း
၊ ဒါဟာ အခြားသော တော်လှန်ရေးတွေထက် အလွန်များကြောင်း၊ အီဂျစ်တော်လှန်ရေးအတွင်းက ၃၀ %
သာလျှင် အီဂျစ်နိုင်ငံတွင်းက ဖြစ်ခဲ့ကြောင်း လေ့လာမှုက ဆိုသည်။ ၂၀၁၂ ဒီဇင်ဘာက Pew သုတေသန
စင်တာရဲ့ လေ့လာမှုမှာ တူရကီနိုင်ငံသား ၃၅ % အထိ လူမှုကွန်ယက်ဆိုက်များကို အသုံးပြုကြကြောင်း၊ ဒါ
က ၅၀ % ရှိတဲ့ အမေရိကားနဲ့ သိပ်မဝေးကွာဘဲ ၃၀ % ရှိတဲ့ ဂျပန်ထက် များသည်ဟု ဆိုထားသည်။

No comments :

Post a Comment

Blogger Widgets
Back to Top