Blogger Widgets

Tuesday 28 May 2013

မင်းပြားမြို့နယ်တွင်မီးဖွားခွင့်မပြု၍ မွတ်စလင် အမျိုးသမီး တစ်ဦးအသက် ဆုံးရူံး

ရခိုင်ပြည်နယ်၊ မင်းပြား မြို့နယ်၊ စမ္ဘာလေကျေးရွာမှ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးအား ဆေးရုံမှ မီးဖွားခွင့် မပေး၍ အသက် ဆုံးရှုံးခဲ့ရကြောင်း သတင်း ရရှိပါသည်။
ဖြစ်ပွားပုံမှာ မင်းပြားမြို့နယ်၊ စမ္ဘာလေကျေးရွာမှ ကိုယ်ဝန်ဆောင် ရိုဟင်ဂျာ အမျိုးသမီး တစ်ဦးဖြစ်သူ မဇူးရ်ဘာနူး (ဘ) ဦးမိုဟာမတ် စဖူရ် (အသက် ၂၅ နှစ်) သည် မေလ (၁၂) ရက်နေ့ နေ့လည် ၃ နာရီ ခန့်တွင် ကလေး မွေးဖွားရန် မြောင်းဘွေး တိုက်နယ် ဆေးရုံသို့ သွားရောက် ခဲ့သည်။ ဆေးရုံသို့ အချိန်မှီ ရောက်ရှိ သော်လည်း တာဝန်ကျ ဆရာဝန်မကြီးမှ မီးဖွား မပေးနိုင်ဟု ငြင်းလိုက် ကြောင်း သိရသည်။
“တာဝန်ကျတဲ့ ဆရာဝန်မကြီးက ဒေါက်တာ ခင်ဆန်းဆန်းကျော်ပါ။ ဆေးမကု ပေးနိုင်ဘူး ပြန်တော့ ဆိုပြီး နှင်ထုတ်ပါတယ်။ ပြီးတော့ ရခိုင် မျိုးချစ် ကွန်ယက် အဖွဲ့က မွတ်စလင် တွေကို လုံးဝ ဆေးကု မပေးဖို့ ညွန်ကြား ထားတယ်လို့ ပြောပါတယ်။ ဆရာဝန် ဆိုတာ လူနာရဲ့ အသက်ကယ်ဖို့ အဓိကပါ။ ဒါပေမယ့် အခုလို ငြင်းလိုက်လို့ ကိုယ်ဝန်ဆောင် အမျိုးသမီး ခမျာ ဘာမှ မတတ်နိုင်ဘဲအိမ်ပြန် ခဲ့ရတယ်” ဟု ရွာသား တစ်ဦးမှ RB News သို့ပြောပါသည်။
မီးဖွားခွင့် ငြင်း ပယ်ခံရေသာ မဇူးရ်ဘာနူးသည် အားကိုးရာမဲ့ မိမိ၏ အိမ်သို့ ပြန်လာပြီးနောက် အရပ် လက်သည်ဖြင့် ကလေး မွေးဖွားရန် တစ်ညလုံး ကြိုးစားခဲ့ သော်လည်း မအောင်မြင် ခဲ့ဘဲ မေလ (၁၃) ရက်နေ့ တွင် သေဆုံး သွားခဲ့ကြောင်း သိရသည်။
“ဆရာဝန်မကြီးက မီးဖွား မေပးနိုင်ဘူး ပြန်တော့လို့ မောင်းထုတ် လိုက်တော့ အိမ်ပြန်လာပြီး အရပ် လက်သည်နဲ့ မွေးဖို့ တစ်ညလုံး ကြိုးစားတယ်။ နောက်ဆုံးတော့ မဇူးရ်ဘာနူး ကေလး မမွေးနိုင်ဘဲ အသက်ပါ ဆုံးရှုံး သွားရတယ်။” ဟု ၎င်းက ၀မ်းနည်းစွာဖြင့် ပြောပါသည်။
ယမန်နေ့က ဗြိတိန် ပါလီမန်တွင် ကျင်းပခဲ့သော ပါလီမန် Ms. Rushanara Ali ၏ ရခိုင် ခရီးစဉ် အတွေ့အကြုံ ရှင်းလင်းပွဲ တွင်လည်း ယခုကဲ့သို့ ဆေးကုသခွင့်၊ မီးဖွားခွင့် ငြင်းပယ် ခံရခွင့် တို့ကြောင့် သေဆုံးခဲ့ ရသည့် ရိုဟင်ဂျာ အမျိုးသမီး များအကြောင်း ကိုလည်း ထည့်သွင်း ပြောကြား ခဲ့သည်။
ယခုကဲ့သို့ လူမျိုးရေး၊ ဘာသာရေး ခွဲခြားပြီး အစိုးရ ဆေးရုံမှ ဆေးကုသခွင့်၊ မီးဖွားခွင့် ငြင်းပယ် လျက်ရှိ သော်လည်း ပြည်နယ် အစိုးရ၊ ပြည်ထောင်စုအစိုးရမှ အရေး ယူမှု တစ်စုံတစ်ရာ မပြုလုပ်ဘဲ၊ သမ္မတ ဦးသိန်းစိန်မှ ကမ္ဘာ အ၀န်းသို့ လည်ပတ်၍ လူမျိုးရေး၊ ဘာသာရေး ခွဲခြားမှု မရှိကြောင်း လိမ်ညာ လျက်ရှိသည်။

No comments :

Post a Comment

Blogger Widgets
Back to Top