Blogger Widgets

Wednesday 5 June 2013

မလေးရှားတွင် မြန်မာတစ်ဦး ထပ်မံအသတ်ခံရ

မလေးရှားတွင် မြန်မာတစ်ဦး ထပ်မံအသတ်ခံရအုပ်စုဖွဲ့ အကြမ်းဖက် သတ်ဖြတ်မှု များကြောင့် ပြီးခဲ့သည့် ရက်ပိုင်း အတွင်း မြန်မာ လုပ်သားများ သေဆုံးခဲ့သည့် မလေးရှားနိုင်ငံ ဆာလာယန်း အနီးရှိ အန်းပန်း ရွာသစ်တွင် ဇွန်လ ၃ ရက်နေ့ နံနက်ပိုင်း ကလည်း အသက် ၂၀ အရွယ် မြန်မာနိုင်ငံ သားတစ်ဦး ထပ်မံ အသတ်ခံ ခဲ့ရကြောင်း ကပုန်း နာရေး ကူညီမှု အသင်းမှ ဦးထွန်း အောင်က ပြောကြားသည်။
လူဆယ်ဦး အုပ်စုဖွဲ့ကာ ဝင်ရောက် သတ်ဖြတ်မှုကြောင့် ကားရေဆေး အလုပ်ရုံတွင် အိပ်ပျော်နေသော မြန်မာနိုင်ငံသား တစ်ဦးသည် လည်ပင်း၊ ရင်အုပ်နှင့် နောက်ကျောတွင် ဓားဒဏ်ရာ များစွာဖြင့် သေဆုံးနေပြီး ၎င်းကို အလုပ်ရုံနှင့် မီတာ ၁၀၀ အကွာတွင် နံနက် ၇ နာရီ ၃၀ မိနစ် အချိန်က ရဲများက တွေ့ရှိခဲ့ကြောင်း မလေးရှား နိုင်ငံပိုင် သတင်းဌာန Bernamau သတင်းတွင် ဖော်ပြထားသည်။ “အလောင်းက ရဲလက်မှာပဲ ရှိသေးတယ်။ ပိုင်ရှင်ကနေ တစ်ဆင့် တောင်းမှ ရမယ်”ဟု ဦးထွန်းအောင်က ဆိုသည်။
အဆိုပါ တိုက်ခိုက်မှု ဖြစ်ပွားစဉ် အလုပ်ရုံ အတွင်း စုစုပေါင်း လူကိုးဦး ရှိသည့်အ နက် အမျိုးသား တစ်ဦး နှင့် အမျိုးသမီး တစ်ဦးတို့ တိုက်ခိုက်ခံ ခဲ့ရကာ ဒဏ်ရာ ရရှိခဲ့ကြောင်း အန်ပန်းဂျာယား ဒေသမှ ဒုတိယ ရဲမှူး Mr. Nazri Zawawi က ဆိုသည်။ သေဆုံးသူတွင် တရားဝင် စာရွက်စာတမ်း အပြည့်အစုံရှိပြီး ၄င်း၏ ရုပ်အလောင်းကို Malaya တက္ကသိုလ် ဆေးဌာနသို့ ပို့ဆောင် ထားကြောင်း၊ အဆိုပါ သတ်ဖြတ်မှု ဖြစ်စဉ်ကို ဆက်လက် စုံစမ်းနေကြောင်း Bernamau သတင်းက ဆိုသည်။
မြန်မာနိုင်ငံ သံရုံးအနေနှင့် မလေးရှား နိုင်ငံခြားရေး ဝန်ကြီးဌာန ကို မြန်မာနိုင်ငံ သားများ အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု များကို ဖော်ထုတ် အရေးယူ ပေးရန်နှင့် မြန်မာနိုင်ငံ သားများ၏ လုံခြုံရေးကို ဆောင်ရွက်ပေးရန် သံတမန် နည်းလမ်းအရ အကြောင်းကြား ထားကြောင်း မလေးရှား ရဲတပ်ဖွဲ့ ကလည်း ဆာလာယန်းတွင် ဖမ်းဆီးမှု အချို့ပြုလုပ် ခဲ့ကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်၏ အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။
မလေးရှားတွင် ဖြစ်ပွားနေသည့် မြန်မာနိုင်ငံ သားများ အကြမ်းဖက်ခံရမှု များကို ကာကွယ်စောင့်ရှောက်မည် ဖြစ်ကြောင်းနှင့် ထူးခြားမှုရှိပါ က မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနထံ ဆက်သွယ်နိုင်သည်ဟု သတိပေး ထားကြောင်း နိုင်ငံပိုင် သတင်းစာ မြန်မာ့ အလင်းတွင် ဖော်ပြထားသည်။
မလေးရှား နိုင်ငံတွင် မြန်မာ အလုပ်သမားများ ယခုရက်ပိုင်း အတွင်း သုံးကြိမ် ဆက်တိုက် လူအုပ်စုဖွဲ့ အကြမ်းဖက်မှု ခံခဲ့ရပြီး နှစ်ဦးကို ဆေးရုံတွင် ကုသနေကြောင်း ဇွန်လ ၂ ရက်နေ့တွင် မလေးရှား နိုင်ငံဆိုင်ရာ မြန်မာ သံအမတ် ဦးတင်လတ်က မြန်မာ့အသံနှင့် ရုပ်မြင်သံကြားကို ဖြေကြား ထားသည်။ မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့တော်တွင် မေလ ၃၀ နှင့် ၂၁ ရက်နေ့များ တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက် မှုများကြောင့် မြန်မာနိုင်ငံ သားနှစ်ဦး သေ ဆုံးခဲ့သည်။

No comments :

Post a Comment

Blogger Widgets
Back to Top