Blogger Widgets

Tuesday 28 May 2013

အိုကလာဟိုးမား ပြည်နယ်ရှိ လေဆင်နှာမောင်း ဒဏ်ခံရသည့် ဒေသများ ပြန်လည် ထူထောင်ရာတွင် ပါဝင်ကြရန် အိုဘားမား တောင်းဆို

အမေရိကန် ပြည်ထောင်စု အိုကလာဟိုးမား ပြည်နယ်တွင် မေ ၂ဝ ရက်က တိုက်ခတ်ခဲ့သော လေဆင် နှာမောင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော အိုကလာဟိုးမား စီးတီးမြို့ကို ပြန်လည် ထူထောင်ရေး
လုပ်ငန်းများ လုပ်ဆောင်ရာတွင် ပါဝင်ကူညီ ပေးကြရန် အမေရိကန် နိုင်ငံသားများကို သမ္မတ ဘားရက် အိုဘားမားက မေ ၂၆ ရက်တွင် တောင်းဆိုခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။
သမ္မတ အိုဘားမား လိုက်ပါလာသော "Air Force One" လေယာဉ်သည် မေ ၂၆ ရက်တွင် အိုကလာ ဟိုးမားပြည်နယ်တွင် မဆင်းသက်မီ လေယာဉ်ပေါ်မှနေ၍ လေဆင်နှာမောင်း ဒဏ်ခံရသည့် ဒေသများကို သမ္မတက ကြည့်ရှုခဲ့သည်ဟု သိရသည်။ ထို့နောက် လေဆင်နှာမောင်း ဒဏ်ခံရသည့် ဒေသများသို့ လှည့်လည် သွားရောက်ခဲ့ပြီး အိုကလာ ဟိုးမား
စီးတီးမြို့တော် မိုးရီဆင်ခြေဖုံး ဒေသရှိ  အာဏာပိုင်များနှင့် ဒေသခံများအား အိုဘားမားက မွန်းလွဲပိုင်းတွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း ဒေသတွင်း သတင်းဌာန၏ ထုတ်ဖော်ပြော ကြားချက်များအရ သိရသည်။
ပြည်ထောင်စု အရေးပေါ် ကယ်ဆယ်ရေး စီမံခန့်ခွဲမှု ဌာန FEMA အဖွဲ့သည် အဆိုပါ ပြည်နယ်ရှိ လေဆင်နှာမောင်းဒဏ် ခံရသည့် ဒေသများအား အမေရိကန်ဒေါ်လာ ၅၇သန်း ထောက်ပံ့ ကူညီခဲ့ပြီး ၎င်းဒေသတွင် မုန်တိုင်းဒဏ် ခံနိုင်သည့် အဆောက်အအုံ ၁၂ဝဝဝ ခန့်ကို  တည်ဆောက်ရန် အကူအညီများ ပေးအပ်ခဲ့ကြောင်း သမ္မတရုံးက ပြောကြားခဲ့သည်။

No comments :

Post a Comment

Blogger Widgets
Back to Top