Blogger Widgets

Monday 13 May 2013

ကမ္ဘာလှည့်ခရီးသည်များအတွက်နိုင်ငံများ၏ရင်းနီးဖော်ရွေမှု

၂၀၁၃ခုနှစ်၊ မတ်လအတွင်း က ကမ္ဘာ့စီးပွားရေးဖိုရမ် (ဒဗလျူ အီးအက်ဖ်)သည် ကမ္ဘာလှည့်ခရီး သည်များအတွက် နိုင်ငံများ၏ ရင်းနှီးဖော်ရွေမှုအဆင့်ကို အစီ ရင်ခံစာတစ်စောင်ထုတ်ပြန်ခဲ့သည်။
ထိုအစီရင်ခံစာတွင် နိုင်ငံ ပေါင်း ၁၄၀ အား ရင်းနှီးဖော်ရွေမှု အဆင့်အတန်းအလိုက် ဖော်ပြ ထားသည်။ ရင်းနှီးဖော်ရွေမှု  အဆင့်အတန်းကိုသတ်မှတ်ရာ၌ ရင်းနှီးဖော်ရွေမှု လုံးဝမရှိလျှင် အဆင့်(၀)ဟု သတ်မှတ်ထားပြီး ရင်းနှီးဖော်ရွေမှုအရှိဆုံးကို အဆင့် (၇)ဟု သတ်မှတ်ထားသည်။
ထိုအစီရင်ခံစာတွင် ဘိုလီဗီး ယားနိုင်ငံသည် ကမ္ဘာလှည့်ခရီး သည်များအား ရင်းနှီးဖော်ရွေမှု အဆင့်သတ်မှတ်ချက် ၄.၁ ဖြင့် အောက်ဆုံးတွင်ရှိနေပြီး ၎င်း၏ အထက်တွင် ဗင်နီဇွဲလားနိုင်ငံ သည် အဆင့်သတ်မှတ်ချက် ၄.၅ ဖြင့်လည်းကောင်း၊ ရုရှား ဖက်ဒရေးရှင်းနိုင်ငံသည် အဆင့် သတ်မှတ်ချက် ၅.၀ ဖြင့်လည်း ကောင်း ရပ်တည်နေသည်။
စိတ်ဝင်စားစရာကောင်းသည့် အချက်မှာ ကမ္ဘာလှည့်ခရီးသည် အများအပြား ၀င်ရောက်သည့် တောင်ကိုရီးယားနိုင်ငံသည် တရုတ်နိုင်ငံနှင့်လည်းကောင်း၊ အခြားသော နိုင်ငံလေးခုနှင့် လည်းကောင်း အဆင့်သတ်မှတ် ချက် တူညီနေပြီး အောက်ဆုံးမှ ပြန်လှန်ရေတွက်လျှင် အမှတ်စဉ် (၈) တွင်ရှိနေသည်။
ထိုအစီရင်ခံစာတွင် ဖော်ပြ ချက်အရ ကမ္ဘာလှည့်ခရီးသည် များအား ရင်းနှီးကျွမ်းဝင်မှုအရှိဆုံး နိုင်ငံများမှာ အိုက်စလန်နိုင်ငံနှင့် နယူးဇီလန်နိုင်ငံတို့ဖြစ်ကြောင်းလည်း သိရှိရသည်

No comments :

Post a Comment

Blogger Widgets
Back to Top