Blogger Widgets

Monday 3 June 2013

ချင်းတွင်းရတနာဈေး ဆိုင်ခန်းများအား လျှပ်စစ်မီးလင်းရေးအတွက် ငွေများကောက်ခံထားသော်လည်း ယခုအချိန်ထိ မီးမလင်းသေး”

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးဘေးရှိ ချင်းတွင်းရတနာဈေးကြီးတွင် မီးမလောင်ဘဲ ကျန်ရှိနေခဲ့သော ဆိုင်ခန်းများအား လျှပ်စစ်မီးလင်းရေးအတွက်ဟုဆိုကာ လျှပ်စစ်ဌာနမှ ဆိုင်ခန်းတစ်ခန်းလျှင် ငွေကျပ်(၂၅၀၀၀ိ-/)နှစ်သောင်းငါးထောင် နှုံးဖြင့် 2013 ခုနှစ် ဧပြီလဆန်းပိုင်းက ကောက်ခံသွားသော်လည်း ယနေ့အထိ လျှပ်စစ်မီးမရှိသေးကြောင်း ဆိုင်ခန်းပိုင်ရှင်များထံမှ သိရပါသည်။ “ကျွန်တော်တို့ က မီးမလောင်လို့ကျန်နေခဲ့တဲ့ ဆိုင်ခန်းတွေပါ။မီးကအစကတည်းက မရသေးပါဘူး။မီးတပ်ဆင် ဘို့အတွက်ဆိုပြီး မိန်းခုံတွေတော့ရှိပြီးသားပါ။ မီးလင်းရေးအတွက်ဆိုပြီး ဆိုင်ခန်းအားလုံးကို (၁)ခန်းကို (၂၅၀၀၀ိ-)နှစ်သောင်းငါးထောင်ကျပ် နှုံးနဲ့ လျှပ်စစ်ဌာနကဆိုပြီး တောင်းသွားပါတယ်။အခု(2013)ခုနှစ် ဧပြီလဆန်းပိုင်းလောက်ကတည်းပါ။လျှပ်စစ်မီးကလည်းအခုထိမရသေးပါဘူး။အခုလို ပွင့်လင်းမြင်သာ တဲ့ခေတ်ကြီးထဲမှာ ဒီလိုမျိုး မလိမ့်တစ်ပတ်လုပ်ပြီး ငွေကောက်ခံတာမျိုးတွေကို သက်ဆိုင်ရာ တိုင်းဒေသကြီး ၀န်ကြီးချုပ် နဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ကလည်း အတည်အလင်း ပြင်းပြင်းထန်ထန်အရေးယူ ဆောင်ရွက်တာမျိုးတွေလုပ်သင့်ပါတယ်။ သူတို့ကပါ မသိချင်ယောင် မကြားချင်ယောင်ဆောင်ပြီး မှိန်းနေတာ မျိုးတွေ ဝေစားမျှစားလုပ်နေကြတဲ့ အကျင့်ဆိုးတွေကို ဖျောက်သင့်နေပါပြီ”လို့ ချင်းတွင်းရတနာဈေး ဆိုင်ခန်း ပိုင်ရှင်များကဆိုပါတယ်။

No comments :

Post a Comment

Blogger Widgets
Back to Top