Blogger Widgets

Saturday 11 May 2013

နိုင်ငံတကာ ဥပဒေအကျိုးဆောင်ကုမ္ပဏီများ အပြိုင်ဝင်လာ

မြန်မာနိုင်ငံတွင် စီးပွားရေး ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေ သည့် ပြည်ပကုမ္ပဏီများအကြို နိုင်ငံတကာဥပဒေအကျိုးဆောင် လုပ်ငန်းများ ပြည်တွင်းသို့ အပြိုင်အဆိုင် ၀င်ရောက်လာနေကြောင်း သတင်းရရှိသည်။

လက်ရှိ ပြည်တွင်းတွင် စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ လာအို၊ ဂျပန်စသည့် နိုင်ငံများမှ ဥပဒေအကျိုးဆောင်လုပ်ငန်းများ (Law Firm)များအပြင် စီးပွားရေးပိတ်ဆို့မှုများပြုလုပ်ခဲ့သည့် ဥရောပနှင့် အမေရိကန်နိုင်ငံများမှ အကြီးစားဥပဒေအကျိုးဆောင်လုပ်ငန်းများ ပါဝင်ရောက်အခြေစိုက်လာသည်ကိုတွေ
ရကြောင်း Kelvin CHIA Law Firmမှ တရားလွှတ်တော်ရှေ့နေ ဦးသန်းမောင်(စစ်တွေ) က ပြောသည်။

“တချို့ မြန်မာနိုင်ငံ ဥပဒေ အကြောင်း လုံးဝမသိဘဲလာဖွင့်တဲ့ Law Firm တွေတောင် ရှိနေပြီ။ ဒီလိုနိုင်ငံတကာ Law Firm တွေနဲ့ တွဲလုပ်ရတော့ သူတို့က အ မြင်ပိုသာတယ်။ သူတို့နဲ့ ပူးပေါင်း လုပ်ကိုင်မယ့် ပြည်တွင်းကဥပဒေ ပညာရှင်တွေဟာ ကိုယ့်ပြည်တွင်း ဥပဒေတွေသာမက နိုင်ငံတကာ ဥပဒေတွေကိုပါ ကျွမ်းကျင်နေဖို့ လိုတယ်”ဟု ၎င်းက သုံးသပ်သည်။

မကြာမီကလည်း ဗြိတိန်အခြေစိုက် ဥပဒေအကျိုးဆောင်လုပ်ငန်း Stephenson Harwood နှင့် မြန်မာနိုင်ငံမှ ဦးတင်ယု ဥပဒေအကျိုးဆောင် လုပ်ငန်းတို့လည်း အကျိုးတူပူးပေါင်းလုပ်ကိုင်ရန် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

“နိုင်ငံခြားကုမ္ပဏီတွေက ဒီကဥပဒေတွေကို မသိကြဘူး။ သူတို့မသိတဲ့ ဥပဒေတွေကို ကျွန်တော်တို့ကရှင်းပြပေးရမှာ။ အကြံဉာဏ်ပေးရမှာပါ”ဟု ဗြိတိန်ဥပဒေ အကျိုးဆောင်လုပ်ငန်းနှင့် လက်မှတ်ရေးထိုးခဲ့သည့် ဦးတင်ယုက ဆိုသည်။

လက်ရှိတွင် ဂျပန်နိုင်ငံမှ အကြီးဆုံးLaw Firm ဖြစ်သော Nishimura & Anderson ၊ အမေရိကန်မှ Baker & Mckenzie ၊ စင်ကာပူမှ Rajah & Tann နှင့် မလေးရှားမှ Zaid Ibrahim & Co စသည့် ဥပဒေအကျိုးဆောင်လုပ်ငန်းများ လုပ်ကိုင်နေပြီဖြစ်သည်။“နိုင်ငံခြားကုမ္ပဏီတွေက သူတို့ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်တွေကိုသိမှ ရင်းနှီးမြှုပ်နှံမှာဆိုတော့ အခုလို ပြည်တွင်းဥပဒေတွေကို ရှင်းပြအကြံဉာဏ်ပေးတဲ့ ဥပဒေအကျိုးဆောင်လုပ်ငန်းတွေက အများကြီး တွင်ကျယ်လာမှာ”ဟု ဦးသန်းမောင်(စစ်တွေ)က ဆက်လက် ပြောကြားသည်

No comments :

Post a Comment

Blogger Widgets
Back to Top