Blogger Widgets

Saturday 11 May 2013

့ပြည်လမ်းပေါ်တွင် ကြယ်လေးပွင့်အဆင့်ရှိ ဟိုတယ် ဆယ်လအတွင်း အပြီးတည်ဆောက်မည်

Friday, May 10, 2013
 Photo:့ ပြည်လမ်းပေါ်တွင် ကြယ်လေးပွင့်အဆင့်ရှိ ဟိုတယ် ဆယ်လအတွင်း အပြီးတည်ဆောက်မည်
Friday, May 10, 2013

ရန်ကုန်မြို့ ပြည်လမ်းမပေါ်ရှိ မြေဧရိယာ ၂၁.၉ ဧက ကျယ်ဝန်းသည့်
 နေရာတွင် ၇လွှာမြင့်ပြီး ကြယ်လေးပွင့် အဆင့်ရှိသည့် ဟိုတယ်ကို လာမည့် ၁၀ လအတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း ကန်တော်ကြီး ပဲလေ့ ဟိုတယ်တွင် ကျင်းပပြုလုပ်သော ထူးဆောက်လုပ်ရေး ကုမ္ပဏီနှင့် Siam Steel International PLC, Thailand တို့ စာချုပ်ချုပ်ဆို လက်မှတ်ရေးထိုးပွဲတွင် ထူးဆောက်လုပ်ရေး ကုမ္ပဏီမှ အကြံပေး ဦးလှဘော်က ပြောကြားသည်။

ပြည်ထောင်စုရိပ်သာ စီမံကိန်းတစ်ခုလုံး၏ ဆောက်လုပ်ရေး လုပ်ငန်းများအား ထူးဆောက်လုပ်ရေးမှ Main contract ရရှိထားပြီးဖြစ်ပြီး ယင်းစီမံကိန်းတွင် ဟိုတယ် (၇)ထပ်၊ Office Tower (8) ထပ်၊
 ဈေးဝယ်စင်တာ (၅) ထပ်၊ Service Apartment (၈) ထပ်၊ Shop House (8)ထပ် စသည့်ဖြင့် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

စီမံကိန်းတစ်ခုလုံးရဲ့ ရင်းနှီးမြှပ်နှံမှုကို အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၀၀ ခန့် ကုန်ကျမယ်လို့ ခန့်မှန်းထားတယ်။ ဒီစီမံကိန်းပြီးရင်တော့ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါများလာနိုင်ပြီး ဒီလမ်းမကြီးဟာလည်း အထင်ကရ လမ်းကြီးတစ်လမ်းအဖြစ် ကျော်ကြားလာမှာ ဖြစ်ပါတယ်” ဟု ယင်းက ဆက်လက် ပြောကြားသည်။

ယင်းစီမံကိန်းကို အဆင့်များခွဲကာ ဆောင်ရွက်သွားမည်ဖြစ်ပြီး ပထမအဆင့် စီမံကိန်းအနေဖြင့် ဟိုတယ်စီမံကိန်းကို ၈လမှ ၁၀ လအတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ပြီး ယင်းဟိုတယ်တွင် အခန်းပေါင်း ၂၈၈ ခန်း ပါဝင်မည်ဖြစ်ကြောင်း၊ ယင်းစီမံကိန်းကို ထိုင်းနိုင်ငံမှ Siam Steel International PLC ကုမ္ပဏီနှင့် ပူးပေါင်းကာ တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

“အတွေ့အကြုံရှိ world wide ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ပူးပေါင်းပြီး လုပ်ခြင်းအားဖြင့် နည်းပညာပိုင်းတွေ ပိုပြီး ဖွံ့ဖြိုးတိုးတက်လာစေမှာ
 ဖြစ်ပါတယ်။ နိုင်ငံခြားသား ခရီးသွားတွေအတွက်လည်း ပိုပြီးအဆင်ပြေ
လာစေမှာပါ” ဟု ထူးဆောက်လုပ်ရေး ကုမ္ပဏီမှ အမှုဆောင် ဒါရိုက်တာ ဦးစိုးမြင့်သန်းက ပြောကြားသည်။

ဟိုတယ်အတွက် စီမံကိန်းကာလမှာ ၁၀ လ ဖြစ်ပြီး ပြည်ထောင်စုရိပ်သာ စီမံကိန်းတစ်ခုလုံးအတွက် ၂ နှစ်ခွဲ ကြာမြင့်မည်ဖြစ်ကြောင်း၊ Office Tower ကို အဆောက်အဦးနှစ်လုံး ဆောက်လုပ်မည်ဖြစ်ပြီး ၂၀၀၀ စတုရန်းပေ အကျယ်ရှိသည့် အခန်းပေါင်း ၂၀၀ ခန့် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အဆောက်အဦးများ အားလုံးတွင် ငလျင်ဒဏ်ခံနိုင်ရန်၊ မီးသတ်စနစ်၊ အမှိုက်သိမ်းစနစ်၊ Eco မီးစနစ်များနှင့် Standby  Generator များ၊ YCDC ရေလိုင်းနှင့် Tube Well များ၊ Water Supply System များ၊ ကျယ်ဝန်းသည့် ကားပါကင် စသည်တို့ ပါဝင်ရေးဆွဲထားကြောင်း သိရသည်။
The Myanmar Age

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
ရန်ကုန်မြို့ ပြည်လမ်းမပေါ်ရှိ မြေဧရိယာ ၂၁.၉ ဧက ကျယ်ဝန်းသည့်  နေရာတွင် ၇လွှာမြင့်ပြီး ကြယ်လေးပွင့် အဆင့်ရှိသည့် ဟိုတယ်ကို လာမည့် ၁၀ လအတွင်း အပြီးတည်...
ဆောက်သွားမည်ဖြစ်ကြောင်း ကန်တော်ကြီး ပဲလေ့ ဟိုတယ်တွင် ကျင်းပပြုလုပ်သော ထူးဆောက်လုပ်ရေး ကုမ္ပဏီနှင့် Siam Steel International PLC, Thailand တို့ စာချုပ်ချုပ်ဆို လက်မှတ်ရေးထိုးပွဲတွင် ထူးဆောက်လုပ်ရေး ကုမ္ပဏီမှ အကြံပေး ဦးလှဘော်က ပြောကြားသည်။

ထို့ပြင် အဆောက်အဦးများ အားလုံးတွင် ငလျင်ဒဏ်ခံနိုင်ရန်၊ မီးသတ်စနစ်၊ အမှိုက်သိမ်းစနစ်၊ Eco မီးစနစ်များနှင့် Standby Generator များ၊ YCDC ရေလိုင်းနှင့် Tube Well များ၊ Water Supply System များ၊ ကျယ်ဝန်းသည့် ကားပါကင် စသည်တို့ ပါဝင်ရေးဆွဲထားကြောင်း သိရသည်

No comments :

Post a Comment

Blogger Widgets
Back to Top