Blogger Widgets

Saturday 11 May 2013

အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးမှ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနှင့် တွေ့ဆုံဆွေးနွေး

ရန်ကုန် ။       ။ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးသည် လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနှင့် ယနေ့ မနက် ၁၁-နာရီတွင် ရန်ကုန်မြို့ ၀င်ဒါမီယာရှိ လွှတ်တော် ဥက္ကဌ ရုံး ခန်း ၌ တွေ့ ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ကြကြောင်းသိရသည်။
ယင်းတွေ့ဆုံမှုတွင် အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ အချက်(၅)ချက်ကို အဓိကထား ဆွေးနွေးတင်ပြခဲ့ပြီး သူရဦးရွှေမန်းမှ လည်း ပြန် လည်ဆွေးနွေးပြောကြား ခဲ့ကြောင်း သိရသည်။ တွေ့ဆုံဆွေးနွေးမှုနှင့်ပတ်သက်ပြီး အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးသို့ ဆက်သွယ်မေးမြန်းရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးကိုယ်စား ဦးကျော်ခင်မှ ဖြေကြားခဲ့ပါတယ်။
“ကျွန်တော်တို့ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးအနေနဲ့ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနဲ့ ဒီနေ့သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးဖြစ် တဲ့ အိုလမာအစ္စလာမ့်သာသနာပညာရှင်များအဖွဲ့ချုပ်၊ အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်၊ မြန်မာမွတ်စလင်မ် လူငယ်များဘာသာရေး အဖွဲ့ ချုပ်နှင့် မြန်မာမွတ်စလင်မ် အမျိုးသားရေးရာအဖွဲ့ချုပ် တို့က လွှတ်တော်ရုံးမှာ သွားတွေ့ခဲ့ကြတာပါ။ ကျွန်တော်တို့ တွေ့ရတဲ့ ရည်ရွယ်ချက်ကတော့ လွှတ်တော် ဟာ ပြည်သူ့အသံ၊ လွှတ်တော်ဟာ ပြည်သူ့ ဆန္ဒဖြစ်တဲ့ အတွက်ကြောင့် ပြည်သူထဲက ပြည်သူဖြစ်တဲ့ အစ္စလာမ်သာသနာဝင်များရဲ့ အသံ ဆန္ဒကိုလည်း လွှတ်တော် ဥက္ကဌကြီးအနေနဲ့ နာကြားပြီး လွှတ်တော်ထဲမှာ ဒီဆန္ဒတွေထဲက သဘောတရားတွေကို ချမှတ်ပေးဖို့ တောင်းဆိုခဲ့တာပါ။
တစ်အချက်ကတော့ လောလောဆယ်ဖြစ်ပေါ်နေတဲ့ အစ္စလာမ်ဘာသာတွေအပေါ် တစ်ဘာသာနဲ့တစ်ဘာသာ အကြည်ညိုပျက်အောင် လုပ်ကြံဖန်တီးနေတယ်။ အခြေခံ ဥပဒေဖြစ်တဲ့ တစ်ဘာသာနဲ့တစ်ဘာသာအကြည်ညိုပျက်ရင် ကာကွယ်တဲ့ဥပဒေ ၃၆၄ လည်း ထုတ်ပြန်ထားပြီးဖြစ်တယ်။ အဲဒါတွေအတွက် ဥပဒေကို သတ် သတ် မှတ်မှတ် ပြဌာန်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။
နှစ်အချက်ကတော့ နိုင်ငံသားဖြစ်ရေး မဖြစ်ရေးကိစ္စပေါ့။ ၁၉၈၂-ခုနှစ်ဥပဒေဟာ နိုင်ငံသားကိစ္စကို ဆောင်ရွက်တဲ့အခါမှာ နည်းနည်းအခက်အခဲရှိတယ်။ အမှန်တကယ် လက်တွေ့ ကျကျ ဆောင်ရွက်တဲ့အခါမှာ အစ္စလာမ်ဘာသာဝင်တွေဟာ အဖိုးအဖွား မိဘနှစ်ပါးက မွေးဖွားတဲ့ သားသမီးပင်လျှင် နိုင်ငံ သားစိစစ်ရေး ကတ်ပြား လုပ်တဲ့အခါ အခက်အခဲရှိတယ်။ အဲဒါတွေကို နိုင်ငံတကာ စံနှုန်းတွေနဲ့အညီ စိစစ်ပြီးတော့ ဆောင်ရွက်ပေးဖို့။
နောက်တစ်ချက်က မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀ ကျော်ကတည်းက အတည်တကျနေထိုင်ခဲ့တဲ့ လူမျိုး အနွယ်တွေဖြစ် တယ်။ တိုင်းပြည်နဲ့လူမျိုးအပေါ် သစ္စာရှိခဲ့တယ်။ ဗမာမင်းများကပင် မြှောက်စားမှုခံခဲ့ရတယ်။ အဲဒီနောက်ပိုင်းမှာလည်း နိုင်ငံသူနိုင်ငံသား အားလုံးနဲ့ အေး အတူပူ အမျှ မြန်မာနိုင်ငံသားအားလုံးနဲ့ အတူ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာလည်း အစ္စလာမ်များ ပါဝင်လာခဲ့ကြတယ်။ အဲဒီလို အစ္စလာမ်ကောင်းရှိခဲ့ကြတဲ့ အစ္စလာမ် သာသနာဝင်တွေကို ၁၉၇၃-ခု ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်တဲ့အခါမှာ အစ္စလာမ် ဘာသာဝင် လူမျိုးများကို လူမျိုး ၈-မျိုး သတ်မှတ်ပေးခဲ့တယ်။ အဲဒီထဲမှာ မြန်မာမွတ်စလင်မ်ဆိုပြီး ထူးထူးခြားခြားနဲ့ လူမျိုးတစ်မျိုးကို သတ်မှတ်ပေးထားတယ်။ အဲဒီနောက် ၁၉၆၂-ခုနှစ် တော်လှန်ရေးကောင်စီ တက်လာပြီး တစ်ပါတီ စနစ်နဲ့ သန်းခေါင်စာရင်းကောက်တဲ့ အချိန်မှာ လူမျိုးစု ၁၄၄-မျိုးထဲကနေ ၁၃၅-မျိုးပြောင်းလိုက်တယ်။ ၁၃၅-မျိုးထဲမှာ အစ္စလာမ် ဘာသာဝင်ဆိုလို့ ကမန် လူမျိုး တစ်မျိုးတည်းသာပါခဲ့တယ်။ ကျန် ၇-မျိုးမပါခဲ့ဘူး။ အထူးသဖြင့် မြန်မာမွတ်စလင်မ်တွေမပါခဲ့ဘူး။ အဲဒါကိုလည်း ပြန်လည်စိစစ်ပေးဖို့၊ လာမယ့် သန်းခေါင် စာရင်းကောက်ယူတဲ့ အခါမှာလည်း မြန်မာမွတ်စလင်မ်ကို သီးခြားခေါင်းစဉ်နဲ့ သတ်မှတ်ပေးဖို့ ဆန္ဒရှိကြောင်းလည်း ဆွေးနွေးခဲ့တယ်။
နံပါတ်(၄)အချက်အနေနဲ့ ဒုက္ခသည်တွေ ပြန်လည်နေရာချထားရေး အလျင်အမြန် ဆောင်ရွက်ပေးဖို့နဲ့
နောက်ဆုံး အချက်က ပျက်ဆီးသွားတဲ့ ဗလီကျောင်းတော်တွေ သာဿနိက အဆောက်အအုံတွေ ပြန်လည်ပြုပြင်ဖို့လည်း ဆွေးနွေးခဲ့ကြပါတယ်။
လွှတ်တော် ဥက္ကဌကြီးက ပြန်လည်ပြောတာက အခုပြောပြတာတွေက ပြည်သူ့အသံ အစစ်အမှန်ဖြစ်တယ်။ လွှတ်တော်ကနေ အတတ်နိုင်ဆုံး အကောင်း ဆုံးဖြစ်အောင်   ကြံဆောင်ပေး မယ်လို့ ကတိပြုပေးခဲ့ပါတယ်။ အခုလို ကြားရသိရတဲ့အပေါ်မှာ ၀မ်းသာကြောင်း၊ လွှတ်တော်ဥက္ကဌအနေနဲ့ လုပ်ဆောင်ပေးရမှာကို သဘောပေါက် လာပြီဖြစ်တဲ့ အကြောင်း၊ လွှတ်တော်မှာ တင်ပြမှာဖြစ်တဲ့ အကြောင်း ပြန်ပြောပါတယ်။” လို့ ပြောပြပါတယ်။
ယင်းကဲ့သို့ တွေ့ဆုံဆွေးနွေးရန် စီစဉ်ခဲ့ပုံကို မေးမြန်းရာ “ကျွန်တော်တို့ဘက်ကနေ တွေ့ဆုံဖို့ လွှတ်တော်ဥက္ကဌထံ တောင်းဆိုတာပါ။ ကျွန်တော် တို့ တွေ့ဆုံဆွေးနွေး မှုက အချိန် တစ်နာရီလောက်ကြာပါတယ်။ ကျွန်တော်တို့ ဘာသာရေးအဖွဲ့ကြီးအနေနဲ့ အရင်ကတော့ ဘယ်နိုင်ငံခြားအဖွဲ့အစည်းနဲ့မှလည်း မတွေ့ဘူး။ အခုတော့ ဖြစ် လာတဲ့ ဖြစ်စဉ်တွေ အပေါ်မှာ တွေ့ဆုံဖို့လိုအပ်လာပြီ။ ဒါကြောင့် နိုင်ငံရေးအဖွဲ့အစည်းတွေရော၊ အစိုးရအဖွဲ့က လူကြီးတွေရော၊   နိုင်ငံခြား အဖွဲ့ အစည်းတွေ၊ NGO တွေကိုရော တွေ့ဆုံပြီး နိုင်ငံတော်အေးချမ်း သာယာရေး အတွက် ၀ိုင်းဝန်းပြီးလုပ်ဆောင်နိုင်ဖို့အတွက် လက်ခံပါတယ်၊ တွေ့ဆုံပါတယ်။ ကျွန်တော်တို့ လုပ်ဆောင်နေတာတွေကို မွတ်စလင်မ်ထုက မသိရင်လည်း စိတ်အားငယ်မှာစိုးလို့ အခုလို ထုတ်ဖော်ပြောကြားတာပါ” လို့ M-Media မှ ဆက် သွယ်မေးမြန်း ချက်ကို ဦးကျော်ခင်မှ ပြန်လည် ဖြေကြားခဲ့ပါတယ်။
လွှတ်တော်ဥက္ကဌနှင့် တွေ့ဆုံဆွေးနွေးမှုတွင် အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးအနေဖြင့် အိုလမာအစ္စလာမ့်သာသနာပညာရှင်များအဖွဲ့ချုပ်မှ ဆရာဦးသိန်းမြင့်၊ အစ္စ လာမ်   သာ သနာရေးရာကောင်စီ ဌာနချုပ်မှ ဦးဝဏ္ဏရွှေ၊ မြန်မာမွတ်စလင်မ် လူငယ်များဘာသာရေးအဖွဲ့ချုပ်မှ ဟာဂျီဦးမြင့် ထွန်းနှင့် မြန်မာမွတ် စလင်မ် အမျိုး သားရေးရာအဖွဲ့ချုပ်မှ ဦးကျော်ခင်တို့ ပါဝင်ဆွေးနွေးခဲ့ကြကြောင်းလည်း သိရပါသည်

No comments :

Post a Comment

Blogger Widgets
Back to Top