Blogger Widgets

Monday 6 May 2013

အစိုးရပိုင်သတင်းစာပေါ်က ဒေါ်အောင်ဆန်းစုကြည်

မွန်ဂိုလီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ နိုင်ငံပေါင်း ၁၃၀ ကျော်က ၀န်ကြီးအဆင့် ဒီမိုကရေစီ အသိုက်အ၀န်း ၇ ကြိမ်မြောက် ညီလာခံကို တက်ရောက်ပြီး ပြန်လာတဲ့ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်
အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် မေလ ၃ ရက်နေ့ ည ၁၀ နာရီကျော်က မြန်မာပြည် ကို ပြန်လည် ရောက်လာတဲ့ သတင်းကို ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

မွန်ဂိုလီးယားနိုင်ငံမှ ပြန်လည်ရောက်ရှိလာတဲ့ ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - ကြေးမုံ သတင်းစာ)

ဒေါ်အောင်ဆန်းစုကြည် ရဲ့ မြန်မာအစိုးရ သတင်းစာတွေမှာ ပြည်ပခရီးစဉ်ထွက်တာဖြစ်ဖြစ်၊ ပြည်တွင်း သတင်းစဉ်တွေမှာ ဖြစ်ဖြစ် ပြည်သူ့ လွှတ်တော် တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌ အဖြစ်သတင်းတွေကို ဖော်ပြလာတာ ခပ်စိပ်စိပ်ဖြစ်လာနေပါတယ်။

မြန်မာ့အလင်းသတင်းစာပါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွန်ဂိုလီးယားနိုင်ငံက အပြန်ခရီး၊

တချို့ဝေဖန်သူတွေကလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ အတိုက်အခံ ခေါင်းဆောင်အဖြစ်ကနေ ကျော်လွန် လာခဲ့ပြီလို့ သုံးသပ်ပြောဆိုနေတာတွေလည်း ရှိပါတယ်။

တချို့ကတော့ စစ်ဗိုလ်ချုပ်ကြီးတွေဘက်ကရော၊ ဒေါ်အောင်ဆန်းစုကြည်ဘက်ကရော တဖက်နဲ့ တဖက် လွန်ခဲ့တဲ့အနှစ် ၂၀ ကျော်ကာလတွေတုန်းက ဒီလို နားလည်မှု၊ ပူးပေါင်းဆောင်ရွက်မှုတွေ ဘာကြောင့်များ မရှိခဲ့ရတာလဲ ဆိုပြီးလည်း ပြောဆိုဝေဖန်တာတွေလည်း ရှိပါတယ်။

အများစုကတော့ ဆင်းရဲတွင်းက လွတ်မြောက်ပြီး တိုင်းပြည် တိုးတက်ပွင့်လင်း ချမ်းသာ စည်ပင် ၀ပြော
စေချင်ကြတာပါလို့ ပြောနေကြပါတယ်

No comments :

Post a Comment

Blogger Widgets
Back to Top