ယခင်အစိုးရလက်ထက်က ဗိုလ်ချုပ်ကြီး သူရရွှေမန်း နှင့် အဖွဲ့ မြောက်ကိုရီးယား ရောက်ရှိစဉ် |
ရန်ကုန်၊ မေ ၎
စစ်ရေးခြိမ်းခြောက်မှု များကြောင့် ကမ္ဘာ့နိုင်ငံ ကြီးများက သတိထား စောင့်ကြည့် နေသော မြောက် ကိုရီး
ယား နိုင်ငံနှင့် စစ်ရေးအရ ဆက်ဆံမှု လုံးဝမရှိဟု နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ် က
ငြင်းဆိုလိုက်သည်။
မြန်မာနိုင်ငံသည် ယခင်တပ်မတော် အစိုးရလက်ထက်တွင် မြောက်ကိုရီးယားနှင့် စစ်ရေးအရ ဆက်ဆံရေး
ရှိခဲ့သော်လည်း သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရ သစ်လက်ထက် တွင် ကုလသမဂ္ဂ က ထုတ်ပြန်
သော စည်းမျဉ်း စည်းကမ်းများနှင့် အညီ လိုက်နာဆောင်ရွက်နေပြီး ယင်းနိုင်ငံနှင့် စစ်ရေးအရ ဆက်ဆံမှု
တစ်စုံတစ်ရာ မရှိကြောင်း ၄င်းကဆိုသည်။
"စစ်ရေးအရဆက်ဆံရေးတော့ လုံးဝမရှိတော့ဘူး။ သံတမန်အရတော့ ဆက်ဆံရေးတွေဆက်ရှိနေဦးမှာပါ"
ဟု ၄င်းက မှတ်ချက်ပြုသည်။
မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်း ရေး နောက်ကြောင်းပြန် မလှည့်နိုင်ရေးကို အမေရိကန်ပြည်ထောင်စု
က အစဉ်တစိုက် ပံ့ပိုးသွားမည် ဖြစ်ကြောင်း၊ သို့သော် လက်ရှိ မြန်မာနိုင်ငံတွင် ပြည်တွင်းလုံခြုံရေး အခြေ
အနေ စိတ်မချရခြင်း၊ အမေရိကန်နိုင်ငံခြားရေးမူဝါဒများနှင့် ဆန့်ကျင်သည့် အခြေအနေအချို့ဆက်လက်
တည်ရှိ နေခြင်း၊ နိုင်ငံရေး အကျဉ်းသား များနှင့် တိုင်းရင်းသား လူနည်းစုများ အပေါ် လူ့အခွင့် အရေး ချိုး
ဖောက်မှုများ ဒေသ အချို့တွင် အနည်းနှင့် အများရှိနေခြင်း၊ မြောက်ကိုရီးယား နိုင်ငံနှင့် စစ်ရေးအရ ပတ်
သက်မှုများ ရှိနေခြင်းတို့ ရှိနေသေး ကြောင်း အမေရိကန် သမ္မတ ဘားရက် အိုဘားမား က မေလ ၂ ရက်
နေ့တွင် ထုတ်ပြန်ကြေညာ ထားသည်။
"ကျွန်တော်တို့ဘက်က မြောက်ကိုရီးယားနဲ့ စစ်ရေးအရ ဆက်ဆံရေးတွေ မရှိတော့ဘူးဆိုတာ အကြိမ်
ကြိမ်ချပြ ခဲ့ပြီးပါပြီ။ မယုံရင်လည်း စစ်ဆေးမှုတွေ ပြုလုပ်လို့ ရပါတယ်" ဟု ဦးရဲထွဋ်ကဆိုသည်။
မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ပိတ်ဆို့မှုများ အနက် ၁၉၉၆ ခုနှစ်တွင် စတင်ခဲ့သော ယခင်တပ်မ
တော် အစိုးရနှင့် ပတ်သက်သည့် အစိုးရအရာရှိများ ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်များကို ပြည်ဝင်ခွင့် ပိတ်ပင်ထားမှုကို ဖြေလျှော့ပေး ခဲ့ပြီး၊ စီးပွားရေး၊ နိုင်ငံရေး၊ ဘဏ္ဍာရေးအရ ချမှတ်ထားသော အရေး
ယူပိတ်ဆို့မှု များကို လည်း နောက်ထပ်တစ်နှစ် ဆိုင်းငံ့ပေး ကြောင်း မေလ ၂ ရက်နေ့တွင် အမေရိကန် သမ္မတ ဘားရက်အိုဘားမားက ထုတ်ပြန် ကြေညာခဲ့သည်။
မြောက်ကိုရီးယားနှင့် မြန်မာနိုင်ငံ သည် သမိုင်း ချီ၍ လက်နက်ရောင်းဝယ်ရေး လုပ်ငန်းများ ဆောင်ရွက်
နေကြ သော်လည်း ရန်ကုန်တွင် တောင်ကိုရီးယားသမ္မတကို မြောက်ကိုရီးယား အကြမ်းဖက်သမား များ
၏ လုပ်ကြံမှုဖြစ်ပြီးနောက် ၁၉၈၃ခုနှစ်တွင် နှစ်နိုင်ငံဆက်ဆံရေးတွင် အဟန့်အတားများ ဖြစ်လာခဲ့သည်။
သို့သော်လည်း မြန်မာတပ်မတော် အစိုးရလက်ထက် အစိုးရကိုယ်စားလှယ် များက မြောက်ကိုရီးယား
နိုင်ငံသို့ ၂၀၀၃ ခုနှစ်တွင် သွားရောက်ခဲ့ပြီး မြောက်ကိုရီးယား ထံမှ အကန့်အသတ်မရှိ လက်နက်ဝယ်
ယူရန် နှစ်နိုင်ငံအစိုးရ အဆင့် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြကြောင်း US-Korea Institute
at SAIS သတင်း စာမျက်နှာတွင် ဖော်ပြထားသည်။
သို့သော် ပြီးခဲ့သည့်နှစ် နှစ်ကုန်ပိုင်းတွင် တောင်ကိုရီးယားအစိုးရ၏ ဖိတ်ကြားချက်ဖြင့် ပထမဦးဆုံး သွား
ရောက် လည်ပတ် ခဲ့သော သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံ သည် မြောက်ကိုရီးယားနှင့် စစ်ရေးအရ ဆက်ဆံရေး လုံးဝဖြတ်တောက်လိုက်ပြီ ဖြစ်ကြောင်း ကတိပေးပြောကြားခဲ့သည်။
မြန်မာနိုင်ငံ အပါအဝင် အန်ဂိုလာ၊ မြောက်ကိုရီးယား အီဂျစ် အစ္စရေး၊ ဆိုမာလီးယား၊ တောင်ဆူဒန်နှင့် ဆီရီးယား နိုင်ငံများသည် စစ်ပွဲများတွင်အသုံးပြုသော အဆိပ်အတောက် ဖြစ်စေသည့် ဓာတုလက်နက်
များ လုံးဝကင်းစင်ရေးအတွက် ဓာတုလက်နက်ဆိုင်ရာသဘောတူညီချက်စာချုပ် (Chemical Weapon Convetion) တွင် လက်မှတ်ရေးထိုးရန် ကျန်ရှိနေကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့တွင် ဧပြီလ ၈ ရက်နေ့က ကျင်းပခဲ့သည့် ဓာတု လက်နက်ဆိုင်ရာ သဘောတူညီချက်နှင့် ပတ်သက်၍ ပြန်လည် စမ်းစစ်မည့် တတိယ အကြိမ်ညီလာခံ
တွင် ပြောကြားခဲ့သည်

No comments :
Post a Comment