Blogger Widgets

Friday 24 May 2013

ရှေးဟောင်းမြေထဲမှ (၆)ခန်းတွဲ လူနေအိမ်

ပဲခူးမြို့တွင် ဒုတိယမြန်မာ နိုင်ငံတော်ကြိး၏ ဗိသုကာ ဘုရင့် နောင်မင်းတရားကြီး၏ ကမ္ဘော ဇသာဒီနန်းတော်ကြီးတည်ရှိသည်။ ၁၉၉၂ ခုနှစ်ကပင် နန်းတော်ရာ ကုန်းကို စတင်ဖူးဖော်ခဲ့ရာ ဘုန်း တော်ကြီးကျောင်းစာသင်ကျောင်း နှင့် ကြည်တော်ကုန်းရပ်ကွက်၊ နန်းတော်ကုန်းရပ်ကွက်မှ လူနေ အိမ်အချို့ ဖယ်ရှားပြောင်းရွှေ့ ပေးခဲ့ရသည်။ ကျေနပ်သည်ဖြစ် စေ၊ မကျေနပ်သည်ဖြစ်စေ နိုင်ငံ တော်၏ အစီအမံအောက်တွင် လိုက်နာခဲ့ရသည်။
ထို့နောက် တစ်ဖန် ၁၉၉၅ ခုနှစ်၊ ဧပြီလ (၂၇)ရက်တွင် ပဲခူး မြို့၌ မီးအကြီးအကျယ်လောင် ကျွမ်းခဲ့ပြန်ရာ ကြည်တော်ကုန်း (က)ရပ်ကွက်၊ (၁)လမ်း၊ (၂)လမ်း၊ (၃)လမ်း၊ (၄)လမ်းမီးထဲပါသွားခဲ့ သည်။ အိမ်ထောင်စု (၃၁၂)စု၊ လူဦးရေ (၁၅၄၈)တို့၏ မီးလောင် ပြင်နေထိုင်ရာ မြေနေရာများ ပြန်မရကြတော့ပါ။ ဥဿာမြို့ သစ်တွင် နေရာအစားပြန်ပေး၍ ပြောင်းရွှေ့နေထိုင်ခဲ့ကြရသည်။ အိမ်ထောင်စုတစ်ချို့မှာမူ လိပ်ပြာ ကန်အိမ်ယာသစ်တိုက်ခန်းသို့ ပြောင်းရွှေ့နေထိုင်ကြရသည်။
မီးလောင်မြေကို ရှေးဟောင်း သုတေသနဌာနက သိမ်းယူလိုက် ပါသည်။ အကျယ်အ၀န်း (၁၃) ဧကရှိသည်။ ကမ္ဘောဇသာဒီနန်း တော်(မြေနန်းပြဿဒ်)နှင့် စက် တော်ဆောင်(ဘမရာသနပလ္လင် ဆောင်)တည်ရှိရာ အုတ်တံတိုင်း အပြင်ဘက်တွင်ဖြစ်ပါသည်။
မီးဘေးဒုက္ခသည်များထံမှ သိမ်းယူခဲ့သော မြေတွေ တူးဆွ ရှာဖွေသော်လည်း ရှေးဟောင်း သမိုင်းဝင် မည်သည့်အဆောက် အအုံမှ ပေါ်ထွက်လာသည်ကို မတွေ့မြင်ရပါ။ နှစ်ပေါင်းများစွာ ကောင်းကောင်းမွန်မွန်ထိန်းသိမ်း နိုင်ခြင်းမရှိသော မြေလွတ်ပေါ် တွင် သစ်ပင်ချုံနွယ်ပိတ်ပေါင်း များဖုံးလွှမ်းနေခဲ့သည်။ လွန်ခဲ့ သော ၂၀၁၁ ခုနှစ်က မြွေရေခွံ အိတ်ထဲခုတ်ပိုင်းထည့်ထားသော လူသေအလောင်းကိုပင် ရှုပ်ထွေး နေသော ချုံနွယ်ပင်များထဲတွင် ပစ်ထားခဲ့ဖူးသည်။
ထို(၁၃)ဧကသောမြေ၏ အစိပ်အပိုင်းဖြစ်သော ဗန္ဓုလ လမ်းဘက်ခြမ်းတွင် ဈေးဆိုင်ခန်း များတည်ဆောက်၍ပင် ၀န်ထမ်း သက်သာလုပ်ခဲ့သော်လည်း ဖယ် ရှားထွက်ခွာပေးခဲ့ကြရသော ပြည်သူများက ဘာမျှမပြောကြ ပါ။ ယခုအခါတွင်မူ ရှေးဟောင်း မြေထဲ၌ လူနေအိမ်ခန်းဆောက် လုပ်နေခြင်းကိုမူ သူတို့မကျေနပ် ကြပါ။ မီဒီယာကို ရင်ဖွင့်လာကြ ပါတယ်။
ဒီဇင်ဘာ (၁၂)ရက်စွဲဖြင့် ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ်ထံ ကန့်ကွက်/အသနားခံစာတင်ပြ ထားသည်။ သူတို့လည်း နေအိမ် ပြန်ဆောက်ချင်ကြသည်။ သူတို့ ထံမှ သိမ်းယူထားသောမြေတွင် ရှေးဟောင်းတန်ဖိုးရှိသော အဆောက်အအုံမျိုး ပေါ်ထွန်းစေ ချင်ကြသည်။ သူတို့၏ဆန္ဒမှာ–
မိမိနဂိုနေထိုင်ခဲ့ကြရသော မြေကွက်များ ပြန်လည်ရယူလို ခြင်း၊
ခေတ်နှင့်အညီ အဆင့်မြင့် အိမ်ရာဆောက်လုပ်မည်ဆိုပါက ဦးစားပေးရောင်းချပေးစေလိုခြင်း၊
တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် တိုင်းမြို့တော်နှင့် ပြည်သူလူထုအတွက် အသုံးပြု စေလိုခြင်း၊
နိုင်ငံတော်အနေဖြင့်လည်း နိုင်ငံ့ဂုဏ်ယူစရာအဖြစ် အသုံးပြု စေလိုခြင်း၊
ယခုဆောက်လုပ်နေသော (၆)ခန်းတွဲဝန်ထမ်းအိမ်ရာ ဆောက် လုပ်နေခြင်းအား ချက်ခြင်းရပ် ဆိုင်းပေးစေလိုခြင်းတို့ပင်ဖြစ်ပါ တော့သည်။

No comments :

Post a Comment

Blogger Widgets
Back to Top