Blogger Widgets

Tuesday 28 May 2013

မြန်မာ-ဂျပန် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးစင်တာ သြဂုတ်လတွင် ဖွင့်လှစ်မည်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) နှင့် ဂျပန်နိုင်ငံမှ JICA တို့ ပူးပေါင်း၍ တည်ထောင်သော မြန်မာ-ဂျပန် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးစင်တာအား လာမည့်သြဂုတ်လတွင် စတင်ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင်က မေ ၂၅ ရက်တွင် ကျင်းပသော ဂျပန်-မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
အလားတူ ဂျပန်နိုင်ငံ အနေဖြင့် အသေးစားနှင့် အလတ်စား စက်မှုလက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက်ပါ အကူအညီပေးသွားမည် ဖြစ်ကြောင်း၊ ယင်းကဲ့သို့ ကူညီရာတွင် နည်းပညာ၊ ဈေးကွက်နှင့် ငွေကြေးတို့ပါ အကူအညီ ပေးသွားမည်ဖြစ်ကြောင်း၊ အလားတူ သီလ၀ါ အထူးစီးပွားရေး ဇုန်အတွက် လိုအပ်သော ကျွမ်းကျင်ဝန်ထမ်းများ ဖြစ်လာရေးအတွက် အသက်မွေးဝမ်းကျောင်း သင်တန်းများ ထောက်ပံ့ပေးရန် ရည်ရွယ်ထားကြောင်း သိရသည်။

No comments :

Post a Comment

Blogger Widgets
Back to Top