Blogger Widgets

Tuesday, 9 July 2013

အများပိုင်ရုပ်ရှင် ဖွံ့ ဖြိုးတိုးတက်ရေးကုမ္ပဏီ တည်ထောင်မည်ဟုဆို

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဝင် ရုပ်ရှင်လောကသားများဖြင့် ဖွဲ့စည်းတည်ထောင်မည့် မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုး
တိုးတက်ရေး ကုမ္ပဏီကို အများပိုင်အစုစပ်ကုမ္ပဏီတည်ထောင်တော့မည်ဖြစ်ကြောင်း ရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဒါရိုက်တာ ညီညီထွန်းလွင်က မဇ္ဈိမသို့ ပြောကြားလိုက်သည်။

ယင်းကုမ္ပဏီ တည်ထောင်ဖြစ်ပုံနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ဒုတိယဥက္ကဋ္ဌ ဒါရိုက်တာ
ညီညီထွန်းလွင်က “မြန်မာနိုင်ငံရုပ်ရှင် ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီဆိုပြီး မင်းသား၊ မင်းသမီး၊ ထုတ်လုပ်ရေးသမား အစရှိသဖြင့်ပေါ့လေ။ အားလုံးပါဝင်နိုင်တဲ့ အစုစပ်အများပိုင် ကုမ္ပဏီအဖြစ် ဆောင်ရွက်ဖို့ စီစဉ်နေပါတယ်။ ဒါမှလည်း ဥပဒေအကြောင်းအရ အကျုံးဝင်မယ်၊ အများပိုင်အနေနဲ့ဆိုရင် ဘယ်လိုအလွှာပဲဖြစ်ဖြစ် အစုရှယ်ယာ
တစ်သောင်းဆိုရင်လည်း ကိုယ်ပိုင်အကျိုးခံစား ခွင့်ရမယ်။ ကိုယ်ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေလည်း ထိထိရောက်ရောက်ရရှိကြမှာဖြစ်ပါတယ်။ အခုတင်ပြထားတဲ့ အမျိုးသားရုပ်ရှင်ကောင်စီဥပဒေမူကြမ်းထဲမှာလည်း အဲဒါတွေ အပါအဝင်ဖြစ်မှာပါ”ဟု ၎င်းက ပြောသည်။

အဆိုပါကုမ္ပဏီတွင် ဗိုလ်ကလေးတင့်အောင်၊ ပန်းချီစိုးမိုး၊ ဦးစိန်တင်၊ ညွန့်ဝင်း၊ ဒါရိုက်နှင်းမိုး၊ ဒါရိုက်တာကြည်စိုးထွန်း စသော နာယက ၂၂ဦးနှင့် အနုပညာရှင်များ ဖြစ်ကြသည့် လူမင်း၊ ထွန်းအိန္ဒြာဗို၊ မျိုးဇော်၊ ညီညီ စသူများ၊ ထုတ်လုပ်ရေးအလွှာမှ ဦးဝင်းကြည်၊ ဦးပြူး၊ ဦးကျော်ဝဏ္ဏ၊ ဦးဖုန်းမော်၊ ဇာတ်ပို့အလွှာမှ အရိုင်း၊ မတူး၊ အောင်ခိုင်(ကိုလူချောအဖွဲ့)၊ အတီးအလွှာ အဖြစ် ဟန်သာမြေ၊ ဇော်မင်း၊ ဦးတည်ငြိမ်း၊ ကင်မရာအလွှာအဖြစ် ဦးငွေစိုး၊ ဦးကျော်ညွန့်၊ ကိုသာကျော်တို့ ပါဝင်မည်ဖြစ်သည်။ ဗီဒီယိုအလွှာ ၁၀လွှာမှ ရုပ်ရှင်နှင့်ပြဇာတ်အလွှာတွင် ဦးခင်မောင်ချင်း၊ ဦးခင်မောင်ကြီး၊ ဇာတ်ညွှန်းအလွှာတွင် ဦးအေးကြူလေး စသူတို့ ပါဝင်မည်ဖြစ်သည်။

No comments :

Post a Comment

Blogger Widgets
Back to Top