Blogger Widgets

Tuesday 7 May 2013

မုဒုံမြို့၌ ကမ္ဘာ့အကြီးဆုံး ထိုင်တော်မူ ဘုရား ရုပ်ပွားတော်ကြီး တည်ထားမှု ၇၅ ရာခိုင်နှုန်း ပြီးစီး

မော်လမြိုင် မေ ၆
မွန်ပြည်နယ် မုဒုံမြို့နယ် မြိုင်ကုန်း ကျေးရွာ ရတနာတောင် ဝင်းစိန်တောရ မွန် ဆရာတော်ကြီး အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကေသရ ဦးစီး၍
မုဒုံမြို့နယ် လက်တက်ကျေးရွာ အရှေ့ဘက် တောင်ညို တောင်တန်းထိပ် (ခပ်ရခပ်ယူ) တောင်ထိပ် (ဆရာတော်ကြီး သမုတ်ပေးသော အမည်) တွင် ကမ္ဘာ့အကြီးဆုံး ဘုရားရှင် ထိုင်တော်မူနေပုံ ရုပ်ပွားတော်ကြီးကို ၁၃၆၇ ခုနှစ် သီတင်းကျွတ်လဆုတ် ၄ ရက် (သောကြာနေ့) တွင် ဥာဏ်တော် ပေ ၁၈ဝ ပြည့် အဖြစ် တည်ဆောက်ရန် စတင် အုတ်မြစ်ချ မင်္ဂလာ အခမ်းအနား ကျင်းပ ခဲ့သည်။ ဤ ထိုင်တော်မူ ရုပ်ပွားတော်ဘွဲ့ကို ''ဗုဒ္ဓသာသနာ'' ဟူ၍ ဆရာတော်ကြီးက ဘွဲ့တော်ဆက်ကပ် ရခြင်းမှာ သာသနာတော်သည် နှစ် (၅ဝဝဝ) အထက်တွင် ထွန်းလင်းတောက် ပ တည်တံ့ နေစေရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း သိရသည်။ 
ခပ်ရခပ်ယူ ဟူသည်လည်း မွန်ဘာသာ စကားမှ ပြန်ဆိုခြင်း ဖြစ်ပြီး အဓိပ္ပာယ်မှာ ကိုယ်နှင့်ထိုက်မှသာ ကိုယ်ယူပါမည် ဟူ၍ ဖြစ်သည်။
ခပ်ရခပ်ယူ သာသနာပြု နယ်မြေကို ဝေယျာဝစ္စ အဖွဲ့ဝင်များမှ နှစ်စဉ် ပွဲတော် ဆိုင်ခန်းများမှ ကောက်ခံရရှိ ထားသော ငွေကျပ် ခုနစ်သိန်းနှင့် ဆရာတော်ကြီးမှ ပံ့ပိုးငွေ ကျပ်တစ်သိန်း စုစုပေါင်း ငွေကျပ် ရှစ်သိန်းဖြင့် လက်တက် ကျေးရွာနေ ပိုင်ရှင် ဦးကွန်စူး- ဒေါ်နန်းတို့ထံမှ ၇ ဒသမ ၇၃ ဧကကို ၁၃၆၄ ခုနှစ် ဝါဆိုလပြည့်နေ့ တွင် ဝယ်ယူ ခဲ့သည်။ ထို့အတူ ၁၃၆၄ ခုနှစ်တွင် နိုင်လုံ ကျေးရွာနေ ဦးချစ်ခင်- ဒေါ်ခင်ကြည် မိသားစုက လည်း မိမိတို့ ပိုင်ဆိုင်သော ရော်ဘာခြံမြေ ၁ ဒသမ ၂၁ ဧကကို ဆရာတော်ကြီး ထံသို့ ထပ်မံ လှူဒါန်းခဲ့ရာ ခပ်ရခပ်ယူ သာသနာမြေသည် စုစုပေါင်း ၈ ဒသမ ၉၄ ဧက ရှိခဲ့သည်။ အဆိုပါ မြေဧရိယာ ပေါ်တွင် ဥာဏ်တော်ပေ ၁၈ဝ ပြည့် ဘုရားရှင် ထိုင်တော်မူ ရုပ်ပွားတော်ကြီး သီတင်းသုံးတော်မူမည် ဖြစ်သည်။
ဆရာတော်ကြီး ဦးစီး တည်ထားခဲ့သော ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓသာသနာ မြတ်စွာဘုရား ထိုင်တော်မူပုံ ရုပ်ပွား တော်ကြီး၏ သမိုင်းအကျဉ်း စာအုပ် ထုတ်ဝေလျက်ရှိရာ စာအုပ်တွင် ဆရာတော်ကြီး သက်တော် ၈၁ နှစ် အတွင်းသို့ ရောက်ရှိချိန် မွေးရပ်မြေ သာသနာ လုပ်ငန်းများကို ၁၃၆၃ ခုနှစ် ဝါခေါင်လဆုတ် ၉ ရက်နေ့မှ စ၍ ခပ်ရခပ်ယူ တောင်ထိပ်တွင် စေတီတစ်ဆူ စတင် တည်ထားပုံ၊ ၁၃၆၇ ခုနှစ် သီတင်းကျွတ် လဆုတ် ၄ ရက် နေ့တွင် ကမ္ဘာ့ အကြီးဆုံး ဗုဒ္ဓသာသနာ မြတ်စွာဘုရားရှင် ထိုင်တော်မူပုံ ရုပ်ပွားတော်ကြီး ဥာဏ်တော်ပေ ၁၈ဝ ပြည့် တည်ဆောက်ရန် စတင် အုတ်မြစ်ချ မင်္ဂလာ ပြုလုပ်နေပုံ၊ ဘုရားကြီး တည်ဆောက်ရာတွင် နှစ် အလိုက် လုပ်ငန်း ပြီးစီးမှု အခြေအနေနှင့် သာသနာပြု လုပ်ငန်းများကို သမိုင်း မှတ်တမ်းတင်သည့် အနေဖြင့် ဖော်ပြ ထားသည်။
သမိုင်းမှတ်တမ်း စာအုပ် ထုတ်ဝေရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ဆရာတော်ကြီး၏ အတွေးမှန်၊ အသိမှန် ဖြင့် ဗုဒ္ဓဘာသာဝင် ဟူသမျှတို့သည် မြန်မာ့ သာသနာ သမိုင်းကို သက်ဝင် ယုံကြည်ပြီး ဗုဒ္ဓဘာသာဝင် ကောင်း တစ်ယောက် ဖြစ်ခွင့် ရရှိစေရန် ဖြစ်ပါသည်။
ယခုအခါ ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓ သာသနာ ဘုရားရှင် ထိုင်တော်မူပုံ ရုပ်ပွားတော်ကြီး တည်ဆောက်ခဲ့မှုမှာ ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်

No comments :

Post a Comment

Blogger Widgets
Back to Top