Blogger Widgets

Tuesday, 2 July 2013

၁၉၈၈ ခုနှစ်မှ ၂၀၁၃ ဘဏ္ဍာရေး နှစ်ကုန်အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်းပေါင်း ၄၂၀၀၀ ကျော်ရှိပြီး တရုတ်နိုင်ငံမှ အများဆုံးဖြစ်

7.1.6
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်နေသည့် ရန်ကုန်မြို့ရှိ ဟိုတယ်စီမံကိန်းတစ်ခု
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ၁၉၈၈-၁၉၈၉ ဘဏ္ဍာရေးနှစ်မှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် မတ်လကုန်အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်းပေါင်း ၄၂၁၁၈ ဒသမ ၅ သန်းရှိခဲ့ပြီး တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်ကြောင်း ၂၀၁၂-၂၀၁၃ ခုနှစ် ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း ဒုတိယ ခြောက်လပတ် အကောင်အထည် ဖော်နိုင်မှု အခြေအနေ အစီရင်ခံစာအရ သိရသည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှုများကို နိုင်ငံပေါင်း ၃၂ နိုင်ငံမှ စုစုပေါင်း လုပ်ငန်းဦးရေ ၅၆၁ ခုအတွက် ရင်းနှီးလုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံမှ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၄၁၈၀ ဒသမ ၇ သန်းကျော်၊ ရာခိုင်နှုန်းအားဖြင့် ၃၃ ဒသမ ၇ ဖြစ်ပြီး အများဆုံး ရင်းနှီးမြှုပ်နှံခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် တရုတ်နိုင်ငံပြီးပါက ဒုတိယ အများဆုံးမှာ ထိုင်းနိုင်ငံဖြစ်ပြီး အမေရိကန် ဒေါ်လာ ၉၅၆၉ ဒသမ ၄ သန်း ရာခိုင်နှုန်း အားဖြင့် ၂၂ ဒသမ ၇နှင့် တတိယအများဆုံးမှာ ဟောင်ကောင်နိုင်ငံဖြစ်ပြီး အမေရိကန်ဒေါ်လာ ၆၃၉၃ ဒသမ ၃ သန်း ရာခိုင်နှုန်း အားဖြင့် ၁၅ ဒသမ ၂ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံခဲ့ကြောင်း သိရသည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအပြင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ လုပ်ငန်းဦးရေ ၉၀၅ ခုတွင် ရင်းနှီးမြှုပ်နှံမှု ပမာဏ ကျပ်သန်းပေါင်း ၂၇၇၄၆၂၃ ဒသမ ၁ သန်း ရှိခဲ့ကြောင်း သိရသည်။
၂၀၁၂-၂၀၁၃ ခုနှစ် ဘဏ္ဍာရေးနှစ် ဒုတိယခြောက်လပတ် (အောက်တိုဘာမှ မတ်လကုန်အထိ) နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု မှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၀၂၀ ဒသမ ၉၇၆ သန်း ရှိခဲ့ကြောင်းနှင့် စက်မှုလုပ်ငန်းတွင် အများဆုံး မြှုပ်နှံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
7.1.7

No comments :

Post a Comment

Blogger Widgets
Back to Top