Blogger Widgets

Saturday 1 June 2013

မြန်မာ့ ပညာရေးအဆင့် အတန်း အာဆီယံနှင့် ရင်ပေါင်တန်းနိုင်ရန် ကြိုးပမ်းနေသော ကိုယ်ပိုင် အထက် တန်းကျောင်း

မြန်မာ နိုင်ငံ ပညာရေး ပြုပြင် ပြောင်းလဲ နေချိန်တွင် တစ်ဖက် တစ်လမ်းမှ ပုဂ္ဂလိက ကျောင်းများ သည်လည်း တစ်ခန်း တစ်ကဏ္ဍမှ ပါဝင်သည်။ ထိုသို့မြန်မာ့ ပညာရေး တိုးတက်နိုင်ရေး အတွက်
အစိုးရကလည်း ပြည်သူ လူထုသို့ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများ ထူထောင်ပေးခြင်းဖြင့် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်၏ စေတနာကို လေးစားသော အားဖြင့် မြန်မာ့ ပညာရေး အဆင့် အတန်းကို အာဆီယံ နိုင်ငံရှိ ပညာရေး များနှင့် တန်းတူ ရင်ပေါင်တန်းနိုင်ရန် ဆိုသည့် ရည်မှန်း ချက်ဖြင့် ပုဂ္ဂလိက ကိုယ်ပိုင် အထက်တန်း ကျောင်းကို ဦးစီး ဆောင်ရွက် နေသော ရွှေပင် ရွှေသီး ကိုယ်ပိုင် အထက်တန်း ကျောင်းမှ ကျောင်းအုပ်ကြီး ဦးကျော်စိုးနှင့် ယခုလို တွေ့ဆုံ မေးမြန်း ဖြစ်ခဲ့ ပါတယ်။
မေး။ ။ ဆရာတို့ ကိုယ်ပိုင်ကျောင်း ဖွင့်လှစ် ဖြစ်ပုံနဲ့ ရည်ရွယ်ချက် လေးကိုသိချင်ပါတယ်။
ဖြေ။ ။ အရင်ဆုံး ပြည်သူ လူထုကို ပုဂ္ဂလိက ကျောင်းရဲ့ဝေါဟာရ ကိုသိစေ ချင်တယ်။ အစိုးရက ပုဂ္ဂလိက ကျောင်းတွေကို တစ်နိုင်ငံလုံး ဖွင့်လှစ်ခွင့် ပေးထားတယ်။ အစိုးရ အထက် တန်း ကျောင်းတွေလည်း အများကြီး ရှိတယ်။ ဒါပေမ့ဲ လက်ရှိ မြန်မာ နိုင်ငံ ပညာရေး အခြေ အနေက ပြိုမင့်ဖို့ လိုအပ်တယ်လို့ ယူဆတယ်။ နိုင်ငံတော်ရဲ့ စေတနာ ကိုလည်း လေးစားတဲ့ အနေနဲ့ ကိုယ်ပိုင် ကျောင်းကိုတော့ လုပ်မယ်။ ထူထောင်မယ်။ ဒီကျောင်း ထူထောင်ဖြစ်ဖို့ ရည်ရွယ်ချက်(၄) ခုရှိတယ်။
ဒီကျောင်းကနေ ထူးချွန်တဲ့ ကျောင်းသား၊ ကျောင်းသူတွေ နှစ်စဉ်ပေါ် ထွက် လာအောင် သင်ကြား ပေးမယ်။ အဲ့ဒီ ထူးချွန် ကျောင်းသား၊ ကျောင်းသူတွေ ကလည်း နိုင်ငံတော်ရဲ့ ကျရာ အခန်း ကဏ္ဍမှာ ပါဝင် နိုင်ရမယ်။ Human Resources ဖြစ်တဲ့ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူ တွေကို စဉ်ဆက်မပြတ် သင်ကြားပေးမယ်။ အဓိက မြန်မာ့ ပညာရေး အဆင့် အတန်းကို အာဆီယံနဲ့ တန်းတူ ရင်ဘောင် တန်းနိုင်အောင် သင်ြကားရေး ပိုင်းက အစ ကျောင်းသုံး ပစ္စည်း ကိရိယာ တွေကို နှစ်စဉ် တစ်နှစ်နဲ့ တစ်နှစ် မတူ ရအောင် ပြောင်း လဲ ဆောင်ရွက် နေပါတယ်။
မေး။ ။ အခု ကျောင်းကို ကျောင်းသား၊ ကျောင်းသူ အပ်နှံမှုနဲ့ ကျောင်းလခ သတ်မှတ် နှုန်းကို ဘယ်လို ဆောင်ရွက် ထားပါ သလဲ။
ဖြေ။ ။ ကျောင်းသား မိဘ တော်တော် များများက ကိုယ်ပိုင်ကျောင်း ဆိုရင် ဈေး အရမ်း ကြီးမယ်။ ငါတို့ အနားတောင် ကပ်နိုင်မှာ မဟုတ် ဘူးလို့ တွေးပြီး စိုးရိမ် စိတ်တွေ ရှိတယ်။ ဆရာတို့ ကျောင်းမှာ လူတန်းစား အသီးသီး၊ ဆင်းရဲ ချမ်းသာ မရွေး ဝင်ရောက် ပညာသင် နိုင်ပါတယ်။ မနှစ်တုန်းကနဲ့ စာရင် ဒီနှစ်က ကျောင်းသား ဦးရေတိုး လာတယ်။ ကျောင်းလခ ကတော့ မူလတန်းကို ၂ဝဝဝဝ၊ အလယ်တန်းကို ၃ဝဝဝဝနဲ့ အထက်တန်းကို ၄ဝဝဝဝ၊ ၅ဝဝဝဝ
ထိပဲ ရှိပါတယ်။ ဒီကျောင်းမှာ တက်ရောက် သင်ကြားရင် ကျူရှင် ယူစရာ မလို ပါဘူး။ ကလေး တွေကို တကယ် စာတတ်တဲ့သင်ကြားမှု စနစ်ကို အသုံးပြု ပါတယ်။
မေး။ ။ သင်ကြားမှု စနစ်နဲ့ ဆရာ၊ ဆရာမ ရွေးချယ် ပုံကို သိချင် ပါတယ်။
ဖြေ။ ။ ဆရာ၊ ဆရာမ တွေကို ရွေးတဲ့အခါ သူ တကယ် ရယူ ထားတဲ့ ဘွဲ့နဲ့ တတ်ကျွမ်း မှုအပေါ်မှာ ရွေးချယ်ပါတယ်။ ဥပမာ-သချာင်္နဲ့ ကျောင်းပြီးတဲ့သူကို သင်္ချာ ဘာသာရပ် သင်ခိုင်း တယ်။ သင်ကြားမှုမှာ- ဆရာကပဲ သင်ကြားတာ မဟုတ် ဘဲနဲ့ ကျောင်းသားရဲ့ သိကျွမ်း နားလည်မှု ကိုလည်း စမ်းစစ်တဲ့နည်း၊ အုပ်စုဖွဲ့သင်ကြားနည်း အပြင်၊ ကွန်ပျူတာ သင်တန်း၊ အင်္ဂလိပ်စာ 4 skills နဲ့သင်ပေးတယ်။ နိုင်ငံတကာ music notes နဲ့ သီချင်း ဆိုနိုင်အောင် သင်ပေးတယ်။ ပန်းချီ ကိုလည်း အခြေခံက အစ သင်ပေးတယ်။
မေး။ ။ သင်ရိုးစာ ကုန်မှ သင်တာလား။ စာသင်ချိန် Time Table မှာထည့်ပေးလား။
ဖြေ။ ။ စာသင်ချိန် Time Table မှာထည့်ပြီး သင်ပေးတာပါ။ ဒီနှစ်မှာ ဆိုရင် စာအုပ်နဲ့ ဘောပင် မကိုင်ဘဲ Note book နဲ့ သင်ဖို့ ရှိပါတယ်။
မေး။ ။ ၂ဝ၁၃-၂ဝ၁၄ ခုနှစ် အတွက် ကြိုတင် ပြင်ဆင် မှုတွေ လုပ်ထားတာ ရှိလား။
ဖြေ။ ။ ရှိပါတယ်။ ကျောင်းသားတွေ ကျောင်းနေ ပျော်ပြီး စာတော်အောင် စာသင်ခန်း၊ စာရေး စားပွဲနဲ့ ကုလားထိုင်က အစ အသစ်တွေ ပြောင်းလဲ ပေးတယ်။ ကျောင်းသား တွေကို မဆူ မရိုက်ဘဲ အကြောင်း အကျိုး တရား လေးနဲ့ ဆုံးမ သင်ကြား ပေးတယ်။ ကလေးတွေ အတွက် စိတ်ပိုင်း ဆိုင်ရာ ဆွဲဆောင်မှု ရှိအောင် တစ်ပတ် တစ်ခါ မွမ်းမံ ပေးတတယ်။ ဆရာ၊ ဆရာမ တွေကိုလည်း အစိုးရကျောင်းက ဖွင့်တဲ့ သင်တန်းတွေ တက်ခိုင်းတယ်။ ကျောင်းမှာ CCTV တွေကို စာသင်ခန်း တိုင်းမှာ တပ်ဆင် ထားပြီးတော့ ကျောင်းသား တွေရဲ့ လုံခြုံမှု ရှိအောင် ဆောင်ရွက် ထားပါတယ်။
မေး။ ။ ကလေးတွေရဲ့ ဘာသာရပ် စိတ်ဝင်စား မှုမှာ အားနည်းချက်၊ အားသာချက် တွေက ဘာတွေလဲ၊ ဆရာ့ အမြင်လေး ပြောပေး ပါဦး။
ဖြေ။ ။ ကလေး တွေရဲ့ဘာသာရပ် စိတ်ဝင်စား တာက မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ဓာတု၊ ရူပ၊ Bio၊ Eco တွေ ရှိပေမဲ့ အထူး လိုအပ်တဲ့ (အားနည်းချက်) က ပထဝီ၊ သမိုင်းနဲ့ သိပ္ပံ ဘာသာရပ် တွေပဲ။
ဒီ ဘာသာ ရပ်တွေက ရှစ်တန်း ထိပဲ ရှိတယ်။ ကိုးတန်းမှာ မရှိတော့ဘူး။ ကိုးတန်းရောက်တော့ Bio ကျတော့ တချို့ မိဘ တွေက ကလေး တွေကို ရွေးချယ် ပေးတယ်။ စာ မလိုက်နိုင်တဲ့ ကလေး တွေက Eco ယူတာ များကြ တာပေါ။့ အခု အမှတ်( ၃) အခြေခံ ပညာ ဦးစီး ဌာနက ကိုယ်ပိုင် အထက်တန်းကျောင်းတွေ အတွက် CCA သင်တန်းတွေ ပို့ချပေးတော့ သင်ကြားမှု ပိုင်းမှာ ပိုမို ထိရောက် လာပါပြီဟု မေးမြန်း သမျှကို စိတ်ရှည် လက်ရှည် ဖြေကြား ပေးခဲ့ ပါသည်။

No comments :

Post a Comment

Blogger Widgets
Back to Top