Blogger Widgets

Thursday 20 June 2013

လုပ်ငန်းရှင်များ ဂျပန် သွားကြမလား

ဂျပန်ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ၂ ပတ်ကြာ သွားရောက် လေ့လာဖို့ အကျိုးဆောင်ပေးမယ်လို့ Royal Dynasty ခရီးသွားလုပ်ငန်းကုမ္ပဏီက မကြာသေးခင်ကပဲ ကြေညာလိုက်ပါတယ်။

ဖိတ်ခေါ်တဲ့သူကတော့ TOMINAGA Cooperation ( Tokyo, Japan) လို့ ဆိုပါတယ်။
 
ခရီးစဉ်အတွင်း  လေ့လာစရာ

- အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ(Home Industries)
- အသေးစားနှင့်အလတ်စားစက်မှုလုပ်ငန်းများ( SMEs Industries)
- တိုကျို၊ အိုဆာကာ၊ နိဂတခရိုင်တို့မှ စက်ရုံများ

ဂျပန် နဲ့ မြန်မာ  လုပ်ငန်းရှင်များ ပူးတွဲလုပ်ဆောင်ရေး အခွင့်အလမ်း ရရှိစေမယ့် အစီအစဉ်များလည်း ထည့်သွင်းစီစဉ်ထားကြောင်း သိရပါတယ်။

ခရီးစဉ်က သြဂုတ်လ တတိယပတ်မှာ ဖြစ်လိမ့်မယ်၊  လိုက်ပါလိုသူ စီးပွားရေးလုပ်ငန်းရှင်များ ဇူလိုင်လ တတိယပတ်မတိုင်ခင် လျှောက်ထားနိုင်ကြောင်း၊
အသေးစိတ်အချက်အလက်များအတွက် Royal Dynasty Travel & Tours Co., Ltd ဖုန်း ၀၁ -၂၅၄  ၈၈၉၊ ၀၉ - ၇၃၀ ၅၀ ၃၇၀ ကို ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရပါတယ်။

စီးပွား/ကူးသန်းဝန်ကြီးဌာနရဲ့ စာမျက်နှာတခုမှာ ဖော်ပြထားချက်အရ ဆိုရင် ဒီ Royal Dynasty ကို  ကုမ္ပဏီ အဖြစ် ခွင့်ပြုခဲ့တာဟာ ၄ လ ရှိပြီ လို့ သိရပါတယ်။

No comments :

Post a Comment

Blogger Widgets
Back to Top