သမ္မတဦးသိန်းစိန်သည် ယနေ့ ဇူလိုင် ၂ ရက်တွင် မိန့်ခွန်းပြောကြားမည်
ဖြစ်ကြောင်း ဇူလိုင် ၁ ရက်နေ့ထုတ် အစိုးရသတင်း စာများတွင် ဖော်ပြချက်အရ
သိရသည်။
သမ္မတဦးသိန်းစိန် ပြောကြားမည့် မိန့်ခွန်းကို ဇူလိုင် ၂ ရက်၊ ၃ ရက်နှင့်
၎ ရက်နေ့များတွင် နံနက် ၇ နာရီ၊ နံနက် ၁၁ နာရီ၊ ညနေ ၆ နာရီ၊ ည ၈ နာရီတို့၌
ပြည်တွင်း ရေဒီယို အသံလွှင့်ဌာနများမှ တစ်ဆင့် တစ်ရက်လျင် လေးကြိမ်
ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
သမ္မတ ဦးသိန်းစိန်သည် ဇွန် ၆ ရက် က ပြောကြားခဲ့သည့် မိန့်ခွန်းတွင်
လက်ကျန် အစိုးရသက်တမ်း ကာလအတွင်း လုပ်ဆောင်မည့် အချက်များနှင့် ပတ်သက်၍
ပြောကြားရာတွင်လည်း လက်ရှိ ပြုပြင် ပြောင်းလဲရေး လမ်းကြောင်းကို
အစိုးရအဖွဲ့၊ နိုင်ငံရေး၊ လူမှုရေး အဖွဲ့အစည်းများနှင့် ပြည်သူလူထု၏
ပူးပေါင်းပါဝင်မှုဖြင့် မဆုတ်မနစ် လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။
သမ္မတ ဦးသိန်းစိန်သည် ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ ပြည်သူလူထုသို့
ရေဒီယိုမှ လစဉ် မိန့်ခွန်းပြောကြား နေခြင်းဖြစ်ရာ ခုနစ်ကြိမ်မြောက်
ရေဒီယိုမိန့်ခွန်းကို ယနေ့ နံနက် ၇ နာရီတွင် ပြောကြားမည်ဖြစ်သည်။

No comments :
Post a Comment