ရန်ကုန်မြို့ရှိ ရွှေဆိုင်တစ်ဆိုင်အား တွေ့ရစဉ်
နိုင်ငံတကာ ဈေးကွက်အတွင်း၌ ရွှေဈေးနှုန်းမှာ တစ်အောင်စ ၁၂၀၀ အမေရိကန်
ဒေါ်လာအထိ ဆက်လက်ကျဆင်း နေခဲ့ပြီး ပြည်တွင်း ရွှေဈေးမှာလည်း ခြောက်လအတွင်း
တစ်ကျပ်သားလျှင် ကျပ်တစ်သိန်း နီးပါးအထိ ပြုတ်ကျခဲ့သည်ဟု ဈေးကွက်အတွင်းမှ
သတင်းရရှိသည်။
နိုင်ငံတကာ ရွှေဈေးမှာ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ အတွင်းက တစ်အောင်စလျှင်
အမေရိကန်ဒေါ်လာ ၁၆၅၆ အထိရှိခဲ့ရာမှ ယခုအခါ တစ်အောင်စလျှင် ၁၂၀၀
အမေရိကန်ဒေါ်လာ ၀န်းကျင်သာ ရှိတော့သည် အထိ စံချိန်တင် ကျဆင်းနေခြင်း
ဖြစ်သည်။
ထို့အတွက် ပြည်တွင်းရွှေဈေးမှာလည်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ၂၀၁၃
ခုနှစ် ဇန်န၀ါရီလ အတွင်းက တစ်ကျပ်သားလျှင် ကျပ် ၇၆၂၀၀၀ အထိ ရှိနေရာမှ
ယခုအခါ ဇွန် ၂၈ ရက်က တစ်ကျပ်သားလျှင် ကျပ် ၆၇၀၀၀၀ အထိ ကျဆင်းသွားခဲ့ကြောင်း
သိရသည်။
ပြည်တွင်း ရွှေဈေးကွက်အတွင်း ယခုကဲ့သို့ ရွှေဈေးကျဆင်းပါက ရွှေဝယ်စုသူ
များပြားတတ်သော်လည်း ယခုအခါ ရွှေဝယ်စုကာ ဈေးကွက်အတွင်း ကစားသူများပင်
ထပ်မံဝယ်ခြင်း မပြုတော့ဘဲ ယခင်ဝယ်စုထားသည် များကိုပင် အကျဈေးဖြင့် ပြန်လည်
ရောင်းချမှုများ ရှိလာခဲ့သည်။
အဓိက အကြောင်းရင်းမှာ နိုင်ငံတကာ ရွှေဈေးကျဆင်းမှုမှာ အကျကြမ်းသည့်
အခြေအနေ ဖြစ်နေသည့် အတွက်လည်း ပြည်တွင်းရွှေဈေးကွက်အတွင်း ရွှေကစားသူများ
အနေဖြင့် ကိုင်မထားရဲသည့် အနေအထား ဖြစ်လာခဲ့သည်။
နိုင်ငံတကာ ရွှေဈေးကျဆင်းရခြင်း၏ အဓိက အကြောင်းရင်းမှာ အမေရိကန်နိုင်ငံ၏
ငွေကြေးမူဝါဒ အပြောင်းအလဲ၊ လစဉ် အမေရိကန်ဒေါ်လာ ဘီလျံဖြင့် ချီသည့်
ငွေတိုက်စာချုပ် အရောင်းအ၀ယ် အလဲအလှယ် တို့၏ အခြေအနေ၊ တရုတ်နိုင်ငံ၏
ရွှေဝယ်ယူခြင်း ရပ်ဆိုင်းထားခြင်း စသည့်အကြောင်း အချက်များကြောင့်
ကျဆင်းရခြင်း ဖြစ်သည်ဟုလည်း ပြည်တွင်း ရွှေလုပ်ငန်းရှင်များက သုံးသပ်ထားသည်။
ဧပြီလအတွင်း၌ နိုင်ငံတကာ ရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၃၈၈
ဒေါ်လာ ၀န်းကျင်အထိ ကျဆင်းခဲ့စဉ်က စံချိန်တင် ကျဆင်းခြင်းဟု ဆိုကြသော်လည်း
ယခုအခါ အဆိုပါ စံချိန်ကို ကျော်လွန်၍ တစ်အောင်စ ဒေါ်လာ ၁၂၀၀ ၀န်းကျင်အထိ
ထပ်မံ၍ စံချိန်တင် ကျဆင်းခြင်း ဖြစ်သည်။
ကျဆင်းရာတွင်လည်း ဆက်တိုက် ကျဆင်းနေသည့် အနေအထားဖြစ်ပြီး ဇွန်လအတွင်း၌မူ ဆက်တိုက်နီးပါး ထိုးဆင်းနေခြင်းဖြစ်သည်။
ပြည်တွင်း ရွှေဈေးနှုန်းမှာမူ နိုင်ငံတကာ ရွှေဈေးကျဆင်းသည့် နှုန်းကဲ့သို့
အကျကြမ်းမှု မရှိကြောင်း၊ အဓိကအားဖြင့် အမေရိကန်ဒေါ်လာ ငွေလဲနှုန်းတန်ဖိုး
မြင့်တက်ခြင်းမှာလည်း ပြည်တွင်းရွှေဈေး နိုင်ငံတကာ ရွှေဈေးကဲ့သို့
ထိုးမဆင်းသွားရခြင်း အကြောင်းအချက်များတွင် တစ်ချက်အပါအ၀င် ဖြစ်ကြောင်း

No comments :
Post a Comment