ဧဝရတ်တောင်ဒေသမှ Sky Diving ခုန်မှုကို လာမည့်
အောက်တိုဘာလတွင် မြန်မာနိုင်ငံသားတစ်ဦးက ဦးဆောင်ပြုလုပ်သွားရန်
ရှိကြောင်း ထူးဖောင်ဒေးရှင်းမှ သိရသည်။
အဆိုပါ Sky Diving ခုန်မှုကို ဧဝရတ်တောင်ဒေသရှိ အမြင့်ပေ ၂၃၀၀၀ ကျော်မှ ပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအလံနှင့် ထူးဖောင်ဒေးရှင်း အလံတို့ကို ကိုင်ဆောင်ကာ သရုပ်ပြသသွားမည် ဖြစ်ကြောင်း၊ Sky Diving ခုန်ရာတွင် ဦးဆောင်မည့်သူမှာ ကိုကျော်ညိုလင်းဖြစ်ပြီး ၄င်းသည် မြန်မာနိုင်ငံ၏ ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ဦးဖြစ်သည့် ဦးတေဇ၏ ညီဖြစ်သူလည်းဖြစ်ကြောင်း သိရသည်။
ထို Sky Diving မှာ စိတ်ဝင်စားဖွယ် အလွန်ကောင်းပြီး စိတ်လှုပ်ရှားဖွယ်လည်း ကောင်းကာ အန္တရာယ်များကြောင်း၊ ပြုလုပ်မည့် ပတ်ဝန်းကျင် ဒေသရှိ ရာသီဥတုအခြေအနေ၊ လေတိုက်နှုန်း စသည်ဖြင့် တွက်ချက်ကာ စနစ်တကျ လေ့ကျင့်လုပ်ဆောင်ရသည့် လုပ်ဆောင်မှုတစ်ရပ်လည်း ဖြစ်ကြောင်း အငြိမ်းစား လေသူရဲတစ်ဦးထံမှ သိရသည်။
မြန်မာနိုင်ငံတွင် ယင်းကဲ့သို့ လုပ်ဆောင်ပြသမှုသည် ပထမဆုံး ဖြစ်လာနိုင်ပြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက်လည်း များစွာ အထောက်အကူပြုနိုင်ကြောင်း သုံးသပ်ထားကြသည်ဟု ၂၀၁၃ ခုနှစ် ဇွန်လ ၄ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။khitlunge .org.mm မှကူးယူဖေါ်ပြသည်

No comments :
Post a Comment