Blogger Widgets

Wednesday, 5 June 2013

မိုဘိုင်းဖုန်းလိုင်းများ သာမက အင်တာနက် မြန်နှုန်းများပါ" ကောင်းမွန်စေရန် ဆောင်ရွက်ပေးမည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ လက်ရှိဆောင်ရွက်လျက်ရှိသော မိုဘိုင်းဖုန်း သိပ်သည်းဆများ တိုးတက် မြင့်မားလာပါက အင်တာနက် မြန်နှုန်းများကို လက်ရှိထက် များစွာကောင်းမွန်စေရန် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ၁-၆-၂၀၁၃ ရက်တွင် ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးသောင်းတင်က ပြောကြားသည်။
“အခုမိုဘိုင်းဖုန်းအတွက် ကမ္ဘာပေါ်မှာ အတွေ့အကြုံ အများဆုံး အော်ပရေတာတွေ ခေါ်ဖို့ ကြိုးစားနေတယ်။ ဖုန်းလိုင်းတွေ ဆောင်ရွက်ပြီးရင်တော့ အင်တာနက်ကို ကောင်းမွန်အောင် ဆောင်ရွက်ရမှာပါ” ဟု ဆက်သွယ်ရေး ဒုတိယဝန်ကြီး ဦးသောင်းတင်က ပြောကြာသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်း သိပ်သည်းဆမှာ ခုနစ်ရာခိုင်နှုန်း ဝန်းကျင်သာ ရှိသောကြောင့် ၂၀၁၅ ခုနှစ်တွင် မိုဘိုင်းဖုန်း သိပ်သည်းဆ ၅၀ ရာခိုင်နှုန်း ရောက်ရှိလာနိုင်ရန်အတွက် ဆောင်ရွက်သွားမည် ဖြစ်သည်။
အဆိုပါ ၅၀ ရာခိုင်နှုန်းကိုလည်း ပြည်ပနိုင်ငံများတွင် မရှိသော စံချိန်ဖြင့် နှစ်နှစ်ခွဲအတွင်း ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အင်တာနက် ဝန်ဆောင်မှုလုပ်ငန်းကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းဖြင့် ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်ထားရာ၌ ကြိုး၊ ကြိုးမဲ့စနစ်ဖြင့် ဝန်ဆောင်မှုပေးခြင်း၊ Data Centre လုပ်ငန်း ဆောင်ရွက်ခြင်းတို့ပါ ပါဝင်ပေးထားသည်။
ထို့ပြင် ပြည်ပ နိုင်ငံတကာ ပင်လယ်ရေအောက် ကေဘယ် ဆက်ကြောင်းသစ် တည်ဆောက်ခြင်း၊ မြန်မာနိုင်ငံအတွင်း ကုန်းတွင်းပိုင်းနှင့် ပင်လယ်ရေအောက် ကေဘယ် ဆက်ကြောင်း ပြုပြင်ထိန်းသိမ်းခြင်းတို့ ပါဝင်ပေးထားကြောင်း ၂၀၁၃ ခုနှစ် ဇွန်လ ၆ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments :

Post a Comment

Blogger Widgets
Back to Top