Blogger Widgets

Saturday, 22 June 2013

ထားဝယ်မြစ်ကြောင်းအတွင်း ခဲမဖြူ-အဖြိုက်နက် ထုတ်ယူရန် စမ်းသပ်လေ့လာမှုအား တရုတ်နှင့်ပူးပေါင်းဆောင်ရွက်မည်

ထားဝယ်မြစ်ကြောင်းအတွင်း ခဲမဖြူ- အဖြိုက်နက် စမ်းသပ်တိုင်းတာရေးနှင့် ဖြစ်မြောက်နိုင်စွမ်း လေ့လာမှု လုပ်ငန်းများကို သတ္တုတွင်း ၀န်ကြီးဌာနနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ကုမ္ပဏီတစ်ခုတို့ အကျိုးတူ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတ္တုတွင်း ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
သတ္တုတွင်း ၀န်ကြီးဌာန၊ ဘူမိဗေဒ လေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေး ဦးစီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ De Rui Feng Investment Co.,Ltd တို့သည် တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ထားဝယ်မြစ်ကြောင်းအတွင်း ခဲမဖြူ- အဖြိုက်နက် စမ်းသပ်တိုင်းတာရေးနှင့် ဖြစ်မြောက်နိုင်စွမ်း လေ့လာရေးလုပ်ငန်း အကျိုးတူ ပူးပေါင်းအကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဘူမိဗေဒ လေ့လာရေးနှင့် ဓာတ်သတ္တု ရှာဖွေရေး ဦးစီးဌာနမှ တာဝန်ရှိသူ သုံးဦးနှင့် တရုတ်ကုမ္ပဏီဘက်မှ နှစ်ဦးပါဝင်သည့် ပူးတွဲလုပ်ငန်း ညှိနှိုင်းဆောင်ရွက်မှု ကော်မတီ (Joint Coordination Committee)ကို ဖွဲ့စည်းပြီးဖြစ်ကြောင်း သိရသည်။
စီးပွားဖြစ် ထုတ်လုပ်နိုင်သည့် ခဲမဖြူ၊ အဖြိုက်နက်ကို တွေ့ရှိပါက အဆိုပါ သတ္တုသိုက်ကို ဆန်းစစ်လေ့လာမှုနှင့် ဖွံ့ဖြိုးမှု ဆောင်ရွက်ရန်အတွက် ထုတ်လုပ်မှု အဆိုပြုချက်ကို အဆိုပါ ကော်မတီက လေ့လာသုံးသပ် ရမည်ဖြစ်ပြီး ခဲမဖြူ၊ အဖြိုက်နက်များ စမ်းသပ်တိုင်းတာ ရှာဖွေရာ၌ တူးဖော်စမ်းသပ်၍ နမူနာများ ရယူရာတွင် အခါအားလျော်စွာ ရယူသည့် ကိုယ်စားပြု နမူနာများထဲမှ ဘူမိဗေဒ လေ့လာရေးနှင့် ဓာတ်သတ္တု ရှာဖွေရေး ဦးစီးဌာနအတွက် နမူနာအဖြေများကို ခွဲဝေပေးရေး အတွက်လည်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရသည်။

No comments :

Post a Comment

Blogger Widgets
Back to Top