Blogger Widgets

Sunday 2 June 2013

မူဆယ်မြို့တွင် ၉၆၉ လှုံ့ဆော်မှုများပြုလုပ်နေ

ဇွန်လ-၁၊ ၂၀၁၃
M-Media
ရှမ်းကိုကို(မူဆယ်)

မူဆယ် ။ ။ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ၉၆၉ အဖွဲ့အား တရားဝင်သည်ဟု မြို့နယ် သာသနာရေးမှူးကိုယ်တိုင်ပြောဆိုခဲ့ပြီး မွတ်စလင်မ်များကိုလည်း လိုက်လံ စည်းရုံးပြောဆိုနေကြောင်း သတင်းရရှိသည်။
မူဆယ်မြို့တွင် ၉၆၉ လှုံ့ဆော်မှုများ လွန်စွာအားကောင်းနေပြီး စီးပွားရေးခိုင်မာတောင့်တင်းသူများမှ ယင်းလှုပ်ရှားမှုကို ဦးဆောင်မှု့ပေးနေပါတယ်။ ၉၆၉ အဖွဲ့ဝင်ပါက ဆိုင်ကယ်တစ်စီးပေးမည်ဟု မဲဆွယ်သတင်းလွှင့်မှုများ ရှိနေပြီး ၉၆၉ အဖွဲ့ဟုဆိုတာ
မူဆယ်မြို့အ၀င် လွယ်တိမ်ခမ်းဘုရားကုန်းပေါ်တွင် ရုံးခန်းဖွင့်လှစ်ပြီး လှုံ့ဆော်နေကြောင်းသိရပါတယ်။ ၉၆၉ အဖွဲ့ ဥက္ကဌမှာ နောင်ရိုးကွမ်းယာပိုင်ဆိုင်ရှင်ဖြစ်ပြီး အဆိုပါကွမ်းယာ ဆိုင်ပိုင်ရှင်သည် ကွမ်းယာဆိုင်ဖွင့်ထားသော်လည်း အခြားသော စီးပွားရေးလုပ်ငန်းများဖြင့် မူဆယ်တွင် လူချမ်းသာ စာရင်းဝင်များဖြစ်ပါသည်။ ယင်း ၉၆၉ အဖွဲ့သည် တရားဝင်ဖြစ်ကြောင်းပြောဆိုပြီး မြို့နယ် သာသနာရေးမှူးမှ မွတ်စလင်မ်များအား လိုက်လံစည်းရုံးပြောဆိုနေကြောင်းလည်း သိရသည်။
“မေ ၃၀-ရက်နေ့ကစတင်၍ မူဆယ်တွင် ပြဿနာဖြစ်စေရန် ဖန်တီးနေသော်လည်း ဒေသခံရှမ်းတိုင်းရင်းသားမှ ၀င်ရောက်ကာကွယ်ပေးနေမှုကြောင် အကြမ်းဖက်မှု မအောင်မြင်ခြင်းကို ၉၆၉ အဖွဲ့များက မကျေနပ်မှုများရှိနေကြပါတယ်။
မြန်မာပြည်မမှ ရှမ်းပြည်နယ်သို့ လာရောက်စီးပွားရှာနေသော ဗမာများကို ဆူပူမူဖြစ်အောင်ဆက်လက် ဖန်တီးမည်ဆိုပါက ရှမ်းပြည်ပြင်ပသို့ မောင်းထုတ်သွားမည်ဟု ဒေသခံရှမ်းတိုင်းရင်းသား ဗုဒ္ဓဘာသာဝင်များကပြောပါတယ်။ လက်ရှိမူဆယ်မြို့မှ ဒေသခံမွတ်စလင်တို့မှာ တရုတ်ပြည် ရွှေလီ ကျယ်ခေါင်မြို့များသို့ သွားရောက်တိမ်းရှောင်ခိုလှုံနေကြရပါတယ်”လို့ ဟုလည်း မူဆယ်မြို့ခံတဦးက ဖုန်းဖြင့် M-Media ကို အသိပေးအကြောင်းကြားလာပါတယ်။

No comments :

Post a Comment

Blogger Widgets
Back to Top