Blogger Widgets

Sunday 2 June 2013

ဂျပန်သို့ တရားဝင် လုပ်သား စေလွှတ် သွားရန်ရှိ

ဂျပန်နိုင်ငံသို့ ပြည်တွင်းမှ တရားဝင် လုပ်သား စေလွှတ်ခွင့်နဲ့ ပတ်သက်ပြီး မေလ အတွင်းက ပြည်တွင်းမှ တာဝန်ရှိ သူများမှ ဂျပန်နိုင်ငံသို့ သွားရောက်ပြီး
ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ အနေနဲ့တော့ မလေးရှား၊ ထိုင်း၊ စင်္ကာပူနဲ့ ယူအေအီး နိုင်ငံတွေကို ပြည်တွင်းမှ လိုင်စင်ရ အလုပ်အကိုင် အေဂျင်စီ တွေမှ တစ်ဆင့် သွားရောက်မှု တွေရှိနေတာ ဖြစ်တယ်လို့ သိရပါတယ်။
 
ဒါ့အပြင် ကိုရီးယား နိုင်ငံသို့ သွားရောက် လုပ်ကိုင်နိုင်ဖို့ အတွက် ကိုလည်း အစိုးရ ပြည်ပ အလုပ်အကိုင်  အေဂျင်စီမှ တာဝန်ယူ လုပ်ဆောင် ပေးလျက် ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို တာဝန်ယူ လုပ်ဆောင် ပေးရာမှာလည်း EPS Tospik ကိုရီးယား ဘာသာ အရည်အချင်းစစ် စာမေးပွဲ အောင်မြင်သူတိုင်းကို ကိုရီးယား နိုင်ငံဘက်မှ လုပ်သား ခေါ်ယူမှု လိုအပ်ချိန်မှာ အလုပ်ရှင်နဲ့ တိုက်ရိုက် တွေ့နိုင်အောင် ပြည်တွင်းမှာ လုပ်ဆောင် ပေးလျက် ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ ထိုင်းနိုင်ငံ အတွင်း လုပ်ဆောင် ပေးလျက်ရှိတဲ့ ယာယီ နိုင်ငံကူး လက်မှတ် ထုတ်ပေးခြင်း တွေကိုလည်း လုပ်ဆောင် ပေးလျက်ရှိပြီး သြဂုတ်လ အထိ တိုးပြီး ပြုလုပ်ပေး သွားမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။

No comments :

Post a Comment

Blogger Widgets
Back to Top