MCF (မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်) မှ
၂၀၁၃ ခုနှစ် ဇန်နဝါရီလအတွင်း စစ်တမ်းကောက်ယူထားမှုအရ မဲခေါင်ဒေသအတွင်း
နိုင်ငံများအနက် မြန်မာနိုင်ငံသည် အင်တာနက် အသုံးပြုနိုင်သူ
အနည်းဆုံးနိုင်ငံဖြစ်ပြီး ဗီယက်နမ်နိုင်ငံသည် အင်တာနက် အသုံးပြုနိုင်သူ
အများဆုံးနိုင်ငံ ဖြစ်သည်ဟု သိရသည်။
မြန်မာ့လူဦးရေ သန်း ၆၀ တွင် အင်တာနက်အသုံးပြုသူ ၈၇၀,၀၀၀ သာရှိကြောင်း ယင်းတို့အနက် ၆၂၀,၀၀၀ မှာ ကွန်ပျူတာဖြင့် ချိတ်ဆက် အသုံးပြုကြပြီး ၂၅၀,၀၀၀ မှာ ကိုယ်ပိုင်ဟန်းဖုန်းများဖြင့် အသုံးပြုကြသူများ ဖြစ်ကြောင်း သိရသည်။
မြို့နေလူတန်းစားများသာ အင်တာနက် အသုံးပြုနိုင်ပြီး ကျေးလက်နှင့် နယ်မြို့များစွာ တွင် လျှပ်စစ်မီးမရရှိခြင်း၊ နည်းပညာပိုင်း ချို့တဲ့ခြင်းနှင့် ငွေကြေး မတတ်နိုင်ခြင်းများကြောင့် အင်တာနက်ကို တွင်ကျယ်စွာ အသုံးမပြုနိုင်ကြသေးကြောင်း သိရသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ MIDO မှ ကိုနေဘုန်းလတ်က “အင်တာနက် အသုံးပြုသူက နယ်တွေမှာ အရမ်းနည်းနေပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ နည်းပညာ Level မြှင့်တင်ဖို့က အင်တာနက် အသုံးပြုသူများ စွမ်းအင်မြှင့်တင်ရေးနဲ့ အီလက်ထရွန်နစ် ပညာရေးတို့ကို ဆောင်ရွက်ဖို့ လိုပါတယ်။ မြန်မာနိုင်ငံ နေရာအတော်များများမှာ လူတွေ အသုံးပြုမယ့်အစား စက်တွေ၊ နည်းပညာတွေကို အသုံးချနိုင်မယ်ဆိုရင် အကျင့်ပျက် လာဘ်စားမှုတွေလည်း ပပျောက်သွားနိုင်ပါတယ်။ ပြီးတော့ အစိုးရအနေနဲ့ IT ပညာရှင်တွေနဲ့ ပူးပေါင်းပြီး Cyber law တွေလည်း ချမှတ်သင့်ပါတယ်။ ICT For Development အတွက် အစိုးရက ဘာတွေလုပ်ပေးနိုင်မလဲ ဆိုတာတွေလည်း စဉ်းစားသင့်ပါတယ်” ဟု ၂၃-၅-၂၀၁၃ ရက်က ပြောကြားခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဇွန်လ ၆ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments :
Post a Comment