Blogger Widgets

Friday, 28 June 2013

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၅ ဘီလျံကျော်ရရှိရန် လျာထားပြီး ကုန်သွယ်မှုလိုငွေ အများဆုံးနှစ် ဖြစ်လာဖွယ်ရှိ

6.27.7
မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းကို တွေ့ရစဉ်
၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာကုန်သွယ်မှု ပမာဏသည် အမေရိကန် ဒေါ်လာ ၂၅ ဘီလျံကျော် ရရှိရန် လျာထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပြီး ကုန်သွယ်မှု လိုငွေပမာဏ အများဆုံးနှစ် ဖြစ်လာဖွယ်ရှိကြောင်း သိရသည်။
အဆိုပါ ကုန်သွယ်မှု ပမာဏအနက် နယ်စပ်ကုန်သွယ်မှုမှ ရာခိုင်နှုန်း ၂၀ နှင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ရာခိုင်နှုန်း ၈၀ ကုန်သွယ်မှု ပြုလုပ်နိုင်ရန် လျာထားကြောင်း သိရသည်။ ထိုသို့ ကုန်သွယ်မှုများ သိသိသာသာ တိုးတက်လာစေရန် ပင်လယ်ရေကြောင်းဘက်မှ တရားမ၀င် ကုန်သွယ်မှုများကို တရားဝင် ကုန်သွယ်မှု လမ်းကြောင်းမှ ဆောင်ရွက်လာစေရန် အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဌာနမှ သတင်းရရှိသည်။
မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏသည် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် သိသိသာသာ စတင်မြင့်တက်လာခြင်းဖြစ်ပြီး ၂၀၀၅-၂၀၀၆ ဘဏ္ဍာရေးနှစ်ထက် နှစ်ဆကျော် မြင့်တက်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ ကုန်သွယ်မှုပမာဏ မြင့်တက်လာသော်လည်း ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှ စတင်ကာ ပို့ကုန်ပမာဏထက် သွင်းကုန်ပမာဏက ပိုမိုများပြားလာကြောင်း သိရသည်။
လက်ရှိဘဏ္ဍာနှစ် မြန်မာနိုင်ငံ၏ ပို့ကုန် သွင်းကုန် အခြေအနေမှာ ဘဏ္ဍာရေးနှစ်အစ ဧပြီ ၁ ရက်မှ မေလကုန်အထိ စုစုပေါင်းကုန်သွယ်မှု လိုငွေပမာဏ အမေရိကန်ဒေါ်လာ ၄၁၃ ဒသမ ၁၅ သန်းအထိ ဖြစ်ပေါ်ခဲ့သည်။
ယခင်အစိုးရ လက်ထက်တစ်လျှောက် မြန်မာနိုင်ငံသည် ကုန်သွယ်မှု လိုငွေပမာဏ အစဉ်အဆက် များပြားခဲ့ပြီး သဘာဝ ဓာတ်ငွေ့နှင့် ကျောက်မျက်ရောင်းချမှုမှ ပို့ကုန်ဝင်ငွေ အများအပြား ရရှိခဲ့ခြင်းကြောင့် ၂၀၀၄ -၂၀၀၅ ဘဏ္ဍာရေး နှစ်မှစ၍ ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ သန်းထောင်ဂဏန်း ရှိလာခဲ့သည်။
အဆိုပါ ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ သန်းထောင်ဂဏန်းပြမှုသည် ယခု အစိုးရ မတက်ခင် ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေး နှစ်အထိ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး ယင်းဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၂၄၄၈ ဒသမ ၃၇ ဘီလျံ ကုန်သွယ်မှု ပိုငွေပြခဲ့ကြောင်း သိရသည်။
လက်ရှိအစိုးရ စတင်တက်ရောက်ခဲ့သည့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လာသော်လည်း ပို့ကုန်ပမာဏ သိသိသာသာ မမြင့်တက်ခဲ့ဘဲ သွင်းကုန်ပမာဏသာ သိသိသာသာ မြင့်တက်လာခဲ့သည်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာ ၉၁၃၅ ဒသမ ၆ ဘီလျံရှိခဲ့ပြီး သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာ ၉၀၃၅ ဒသမ ၀၆ ဘီလျံ ရှိခဲ့သောကြောင့် ကုန်သွယ်မှု ပိုငွေပမာဏ အမေရိကန်ဒေါ်လာ သန်း ၁၀၀ သာရှိခဲ့သည်။
၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင်လည်း ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာ ၉၀၇၆ ဒသမ ၁၈ သန်း တင်ပို့ခဲ့ပြီး သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာ ၉၃၄၅ ဒသမ ၁၃၆ သန်း ရှိခဲ့သောကြောင့် ကုန်သွယ်မှုလိုငွေ စတင်ပြလာပြီး အမေရိကန်ဒေါ်လာ သန်း ၂၇၀ နီးပါးရှိခဲ့သည်။ လက်ရှိဘဏ္ဍာရေးနှစ် အစမှ ဇွန် ၁၄ ရက်အတွင်း ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာ ၁၆၂၀ ဒသမ ၄၈၇ သန်းသာ ရှိခဲ့သော်လည်း သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာ ၂၃၈၉ ဒသ မ ၀၃၁ သန်းရှိသည့် အတွက် ယခုဘဏ္ဍာရေးနှစ်သည် ကုန်သွယ်မှု လိုငွေအများဆုံး ဖြစ်နိုင်ကြောင်း သိရသည်။
6.27.8

No comments :

Post a Comment

Blogger Widgets
Back to Top