Blogger Widgets

Tuesday, 21 May 2013

ဒုံးပျံမြန်မြန်ထွက်ရေး နယ်ရှိုးတွေ နားထားတယ်ဆိုတဲ့ ထက်ထက်

Photo
ဒုံးပျံအမ်တီဗီခွေကို ပရိသတ်များ မျှော်လင့်နေပြီဖြစ်သောကြောင့် နယ်ရှိုးများကို နားထားပြီး အမြန်ထွက်ရှိရေး အားစိုက်လုပ်နေကြောင်း ထက်ထက်(Bobby Soxer)က ပြောသည်။
“နယ်ရှိုးပွဲတွေ အကုန်လုံးနားပြီးတော့ ဒုံးပျံကိုပဲ နည်းနည်းအားစိုက်ပြီး လုပ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပရိသတ်တွေကလည်း အရမ်းမျှော်နေပြီဆိုတော့ မြန်မြန်လေးပြီးအောင်”ဟု ၄င်းကပြောသည်။
နယ်ရှိုးများမှာ အချိန်ပေးရသောကြောင့် နားခြင်းဖြစ်ပြီး ရန်ကုန်တွင်မူ ပုံမှန်ရှိုးပွဲများတွင် ဖျော်ဖြေဖြစ်သည်ဟု ၄င်းကဆိုသည်။
ဒုံးပျံအမ်တီဗီခွေတွင် စီဒီထွက်စဉ်က (၁၇)ပုဒ်သာ ပါဝင်သော်လည်း Bonus Track အဖြစ် သီချင်းတစ်ပုဒ် ထပ်မံထည့်ထားသောကြောင့် (၁၈)ပုဒ်ပါဝင်မည် ဖြစ်သည်။ တစ်ကိုယ်တော်ခွေ ထွက်လိုသောကြောင့် သီချင်းများကို ဒုံးပျံအမ်တီဗီရိုက်ရင်း စုဆောင်းနေသည်ဟု ထက်ထက်ကပြောသည်

1 comment :

  1. သီချင် ကိုနားမလည်ဘူး ဘောဒီကအရမ်း
    မိုက်တယ် လူကိုသဘောကျတယ်

    ReplyDelete

Blogger Widgets
Back to Top