မြ၀တီနယ်စပ် ကုန်သွယ်ရေး စခန်းမှ ထိုင်းနိုင်ငံသို့ တင်ပို့မည့် ကုန်ကားများကို တွေ့ရစဉ်
မြ၀တီ နယ်စပ်ကုန်သွယ်ရေး စခန်းမှ မေလအတွင်း၌ တစ်ဖက်နိုင်ငံသို့
ပို့ကုန်တင်ပို့မှုမှာ ဧပြီလထက် မြင့်တက်ခဲ့ပြီး၊ သွင်းကုန်တွင် ယခင်လကထက်
လျော့ကျခဲ့ကာ ပမာဏအားဖြင့် ပို့ကုန်ထက် သုံးဆခန့် မြင့်တက်နေဆဲ ဖြစ်ကြောင်း
သိရသည်။
ဘဏ္ဍာနှစ်သစ်၏ ဒုတိယလဖြစ်သော မေလအတွင်း မြ၀တီနယ်စပ်မှ သွင်းကုန်
ကုန်သွယ်နိုင်မှုမှာ ဧပြီလကထက် ဒေါ်လာ ၁ ဒသမ ၆၂၅ သန်း လျော့နည်းခဲ့သည်။
ပြည်တွင်းသို့ သွင်းကုန် ဒေါ်လာ ၂၄ ဒသမ ၀၆၄ သန်း ကုန်သွယ်နိုင်ခဲ့ပြီး
ပို့ကုန်ကဏ္ဍတွင် ဒေါ်လာ ၈ ဒသမ ၄၂၄ သန်း ကုန် သွယ်နိုင်ခဲ့၍ ပမာဏအားဖြင့်
တစ်လလုံးတွင် ဒေါ်လာ ၃၂ ဒသမ ၄၈၈ သန်း၊ ရာခိုင်နှုန်းအားဖြင့် ၉၉ ဒသမ ၅၀
ရာခိုင်နှုန်း ကုန်သွယ်မှု ပြုနိုင်ခဲ့ကြောင်း မြ၀တီနယ်စပ်
ကုန်သွယ်ရေးစခန်းမှ သိရသည်။
မြ၀တီ နယ်စပ်စခန်းမှ မေလအတွင်း ကုန်သွယ်နိုင်မှုမှာ တစ်ဖက်နိုင်ငံသို့
ပို့ကုန်တင်ပို့မှုတွင် ဧပြီလကထက် ဒေါ်လာ ၅ ဒသမ ၀၂၄ သန်း ပိုမိုတင်ပို့
နိုင်ခဲ့ပြီး ပြည်တွင်းသို့ သွင်းကုန် ကုန်သွယ်မှုတွင် ယခင်လကထက် ဒေါ်လာ ၁
ဒသမ ၆၂၇ သန်း လျော့နည်းခဲ့ကြောင်း သိရသည်။ မြ၀တီ နယ်စပ်စခန်းမှ
အိမ်နီးချင်း ထိုင်းနိုင်ငံသို့ အများဆုံး တင်ပို့ခဲ့သည့်
ကုန်ပစ္စည်းများမှာ ဆန်၊ ဆန်ခွဲ၊ မတ်ပဲ၊ ပဲလွန်းဖြူ၊ ကြက်သွန်နီ၊
ငရုပ်သီးခြောက်၊ မြေပဲဆန်၊ ပဲတီစိမ်း၊ နနွင်းတက်၊ ငါးမျိုးစုံ၊ ပုဇွန်၊
ဂဏန်းနှင့် ငါးရှဥ့်တို့ အများဆုံး တင်ပို့ခဲ့သည်။
တစ်ဖက်နိုင်ငံသို့ ဆန်တင်ပို့မှုမှာ ယခင်လကထက် သိသာစွာ (၆၂၄ ဒသမ ၅တန်)
မြင့်တက်ခဲ့ပြီး ငစိန်ဆန် အမျိုးအစား စုစုပေါင်း တန်ချိန် ၇၀၂ ဒသမ ၇၀၀ တန်
တင်ပို့ နိုင်ခဲ့ကြောင်း သိရသည်။ ထို့အပြင် ထိုင်းနိုင်ငံ အတွင်းရှိ
မုန့်လုပ်ငန်းနှင့် အရက်ချက် လုပ်ငန်းများတွင် အသုံးပြုမှု ကျယ်ပြန့်လာသော
ဆန်ခွဲများအား မေလတွင် ၈၀၂၄ ဒသမ ၉၆၈ တန် (တန်ဖိုး ဒေါ်လာ ၂ ဒသမ ၇၂၈ သန်း)
တင်ပို့ခဲ့သည်။
မြ၀တီ နယ်စပ်မှတစ်ဆင့် ပဲမျိုးစုံတင်ပို့မှုတွင် မြေပဲဆန်သည်
ထိုင်းနိုင်ငံ၏ ဈေးကွက်လိုအပ်ချက်အရ မြင့်မားလျက်ရှိပြီး မေလတစ်လအတွင်း၌
၁၄၇၈ ဒသမ ၄၈၈ တန် တင်ပို့နိုင်ခဲ့ကာ ပဲတီစိမ်း ၅၄၅ ဒသမ ၂၅ တန်
တင်ပို့ခဲ့ကြောင်း သိရသည်။

No comments :
Post a Comment