စင်ကာပူနိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသားနှစ်ဦးကို ဟန်ဆောင်
လက်ထပ်မှုဖြင့် စင်ကာပူ တရား ရုံး က မေလ ၃၁ ရက်နေ့တွင် ထောင်ဒဏ်
ချမှတ်ခဲ့ကြောင်း Singapore Now သတင်း ဌာနတွင် ရေးသား ဖော်ပြ ထားသည်။
ယင်းသို့ ဟန်ဆောင်လက်ထပ်မှုကြောင့် စင်ကာပူနိုင်ငံတွင် အိမ်ဖော်အဖြစ်
လုပ်ကိုင်နေသော ဒေါ်အေးေ အး ဆိုသူနှင့် ၎င်းကိုလက်ထပ်ခဲ့သည့် စင်ကာပူနိုင်ငံသား
စဖာရီမင်ဟတ် ဆိုသူတို့ကို ထောင်ဒဏ် ခြောက် လစီ၊ ၄င်းတို့နှစ်ဦး လက်ထပ်ရန်
အကျိုးဆောင်ပေးသူ စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသား ဦးကျော်ေ ကျာ်ဦး
ဆိုသူကို ထောင်ဒဏ်ကိုးလ အသီးသီးချမှတ်ခဲ့ကြောင်း ယင်းသတင်းတွင်
ဖော်ပြထားသည်။
အိမ်ဖော်အဖြစ် လုပ်ကိုင်နေသူ ဒေါ်အေးအေးသည် စင်ကာပူနိုင်ငံတွင်
အမြဲတမ်းနေထိုင်၍ အလုပ်အကိုင် အ သစ် ရှာဖွေလုပ်ကိုင်နိုင်ရန် အတွက်
သင့်တော်သော စင်ကာပူနိုင်ငံသား တစ်ဦးနှင့် အချိန်ကာလ တစ် ခု အထိသာ
ဟန်ဆောင်လက်ထပ်ရန် အကျိုးဆောင်အဖြစ် လုပ်ကိုင်နေသော ဦးကျော်ကျော်ဦးထံ အကူအ
ညီ တောင်းခဲ့ကြောင်း၊ ယင်းသို့ လက်ထပ်ရန် ဒေါ်အေးအေးက အမေရိကန် ဒေါ်လာ ၃၀၀၀
အကုန်ခံ ခဲ့ြေ ကာင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။
စင်ကာပူနိုင်ငံတွင် အလားတူ ဟန်ဆောင်လိမ်ညာ လက်ထပ်မှုများ ပြုလုပ်ရန်
မလွယ်ကူကြောင်း၊ စင်ကာ ပူ နိုင်ငံတွင် လက်ထပ်ထိမ်းမြားလိုပါက
နိုင်ငံတော်တရားရုံးတွင် မှတ်တမ်းတင် လက်မှတ် ရေးထိုး ရကြောင်း၊
အများအားဖြင့် စင်ကာပူနိုင်ငံတွင် တရားဝင်နေထိုင်၍ လုပ်ငန်းသစ်
ရှာဖွေလုပ်ကိုင်သူများ၊ ကိုယ် ပိုင် စီးပွားရေး အသေးစား
လုပ်ကိုင်လိုသူများက ယင်းကဲ့သို့ လုပ်လေ့ရှိကြောင်း စင်ကာပူနိုင်ငံတွင်
လေးနှ စ်ကြာ နေထိုင်ခဲ့ဖူးသူ တစ်ဦးက ဆိုသည်။
စင်ကာပူနိုင်ငံတွင် အစ္စလာမ်ဘာသာဝင် များအတွက် လက်ထပ်မော်ကွန်းရုံးနှင့်
မွတ်ဆလင် မဟုတ်သူများ အ တွက် လက်ထပ်မော်ကွန်းရုံး ဟူ၍ ခွဲခြားထားရှိသည်။
မွတ်ဆလင် မဟုတ်သူများသည် သီးခြားလွတ် လပ် စွာ လက်ထပ်နိုင်ပြီး
အစ္စလာမ်ဘာသာဝင်များ အတွက်မူ ၎င်းတို့၏ ရှီးယိုက် ဥပဒေအရ လက်ထပ် ထိမ်းမြား
ခွင့် ပြုထားသည်။
စင်ကာပူနိုင်ငံတွင် လက်ထပ်ထိမ်းမြား လိုပါက လက်ထပ်လိုသူ တစ်ဦးဦးက
စင်ကာပူအစိုးရက တရားဝင် ဖွင့်ထားသော လက်ထပ်မော်ကွန်းရုံးတွင်
စာရင်းပေးသွင်းရမည် ဖြစ်သည်။
လက်ထ ပ်ရာတွင် အစိုးရက ချမှတ်ထားသော နည်းဥပဒေများနှင့် မညီညွတ်သော
အမျိုးသား၊ အမျိုး သမီးများ ကို လက်ထပ်ခွင့်မရခြင်း၊ လိင်တူသူအချင်းချင်း
လက်ထပ် ခွင့်မရခြင်း ဟူ၍ ဥပဒေအချို့ ရှိသည်။
လက်ထပ်သူ၏ အသက်အပိုင်းအခြားပေါ် မူတည်၍ ၁၈ နှစ်အောက်ရှိသူများ လက်ထပ်လိုပါက
အထူး ထိမ်းမြား လက်ထပ်ခွင့် လိုင်စင် ရယူရန် လျှောက်ထားရမည် ဖြစ်ပြီး
အဆိုပါလိုင်စင်ကို စင်ကာပူနိုင်ငံရှိ အ မျိုး သမီးရေးရာ အဖွဲ့ချုပ်က
ချမှတ်ထားသော စည်းမျဉ်းစည်းကမ်း များနှင့် ကိုက်ညီမှသာ လက်ထပ် ခွင့်ပြု
သည်။
အသက် ၁၈ နှစ်နှင့် အထက်ရှိသူများ လက်ထပ်လိုပါက မိဘနှစ်ဦး၏ ခွင့်ပြုချက်၊
မိဘ တစ်ဦးတည်း ရှိပါက တစ်ဦး၏ ခွင့်ပြုချက်၊ မိဘများ သေဆုံးသွားပါက တရားရုံး
တရားဝင် ခန့်အပ် ပေးထားသော အုပ်ထိန်းသူ၏ ခွင့်ပြု ချက်
ရယူရမည်ဖြစ်ကြောင်း၊ အကယ်၍ မိဘနှစ်ပါးစလုံး နိုင်ငံရပ်ခြားတွင်
ရောက်ရှိနေပါက သက် ဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်း ဆောင်ရွက်သူများမှတစ်ဆင့်
မော်ကွန်းရုံးထံသို့ ထောက်ခံစာ ပေးပို့ပေး ရမည် ဖြစ်သည်။
စင်ကာပူနိုင်ငံသား မဟုတ်သူ တစ်ဦးဦးနှင့် အမြဲတမ်း
နေထိုင်သော နိုင်ငံသားတစ်ဦးတို့ လက်ထပ်လိုပါက နိုင်ငံ သား မဟုတ်သူသည်
တရားဝင် လက်ထပ်ရန် တရားရုံးမှ ကြေညာစာ မထွက်ခင် အနည်းဆုံး ၁၅ ရက်
အလိုကတည်းက ယင်းနိုင်ငံတွင် နေထိုင်နေသူ ဖြစ်ရမည် ဖြစ်ကြောင်း
စင်ကာပူနိုင်ငံ၏ လက်ထပ် ထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေတွင် ဖော်ပြထားသည်။

No comments :
Post a Comment