Blogger Widgets

Sunday 2 June 2013

မူဆယ်တွင် ၉၆၉ အဖွဲ့ဝင်ရင် ဆိုင်ကယ်တစီးစီပေး

သတင်း - ရှမ်းကိုကို (မူဆယ်)
(ဇွန်လ ၁ ရက်။ ၂၀၁၃)

မူဆယ် ၉၆၉ အဖွဲ့အား စီးပွားရေး ကောင်းသူများမှ ဦးဆောင်မှုပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။ မူဆယ်မြို့ဝင် လွယ်တိမ်ခမ်းဘုရား ကုန်းပေါ်တွင ၉၆၉ အဖွဲ့မှ တရားဝင်ရုံးခန်း သဖွယ် ရုံးခန်းဖွင့်လှစ်ထားကြောင်း၊
၉၆၉ အဖွဲ့သည် တရားဝင် အဖွဲ့ တစ်ခုဖြစ်ကြောင်း မြို့နယ် သာသနာရေးမှုး ကိုယ်တိုင်တရားဝင် မွတ်စလင်မ်များကို လိုက်လံ စည်းရုံးပြောဆိုနေကြောင်း၊ ၉၆၉ အဖွဲ့ဝင်ရင် ဆိုင်ကယ်တစ်စီးစီ ပေးမယ်လို့ သတင်းများလွှင့်ထားကြောင်း မူဆယ်မှ သတင်းပေးပို့ထားရှိပါသည်။

မူဆယ် ၉၆၉ အဖွဲ့ခေါင်းဆောင် မှာ နောင်ရိုး ကွမ်းယာဆိုင် ပိုင်ဆိုင်ရှင်တစ်ဦး ဖြစ်ပြီး အဆိုပါ ကွမ်းယာဆိုင် ပိုင်ရှင်သည် ကွမ်းယာဆိုင် ဖွင့်ထားသော်လည်း
တခြားစီးပွားရေး များကြောင့် မူဆယ်တွင် လူချမ်းသာများ စာရင်းဝင်ဖြစ်ကြောင်းသိရှိရ
ပါသည်။
မူဆယ်မှာ မေလ ၃၀ ရက်နေ့ကတည်းက ပြသာနာဖြစ်အောင် ဖန်တီးနေတယ်။ အုပ်ချုပ်ရေးပိုင်းမှာက ဗမာတွေကများတော့ လုပ်လို့ ရနေတာပေါ့၊ ဒါပေမဲ့ ဒေသခံ ရှမ်းတိုင်းရင်းသားတွေက သူတို့ဒေသမှာ ဖြစ်မှာဆိုးတော့ အကာအကွယ်ပေးနေတယ်။ အဲလို အကာအကွယ်ပေးလို့ သူတို့ အကြံမအောင်သေးတာကို အားမလို အားမရဖြစ်နေကြတယ် ဟု မူဆယ်မြို့ခံတစ်ဦးမှ ပြောကြားခဲ့ကြောင်း
မြန်မာမွတ်စလင်မ် မီဒီယာသို့ အလွတ် သတင်းထောက် ရှမ်းကိုကို က မူဆယ်မှ သတင်းပေးပို့ထားပါသည်။

ရှမ်းပြည်ကို ဆူပူမူဖြစ်အောင် ဆက်လက်ဖန်တီးမည် ဆိုပါက ပြည်မမှ လာရောက်စီးပွား ရှာနေသော ဗမာများကို ရှမ်းပြည်ပြင်ပသို့ မောင်းထုတ်သွားမည်ဟု ဒေသခံ ရှမ်းတိုင်းရင်းသာ ဗုဒ္ဓဘာသာဝင်များက ပြောပါတယ်။ လက်ရှိအခြေအနေတွင်မူ ပြည်မ မှ လာရောက် ကြသော အစွန်းရောက် ဗုဒ္ဓဘာသာဝင်များနှင့် ဒေသတွင်း တာဝန်ကျ အုပ်ချုပ်ရေးပိုင်းမှ အစွန်းရောက် ၀န်ထမ်းများက
၉၆၉ အဖွဲ့အား ပြောင်ပြောင်တင်းတင်း ထောက်ခံနေမှုများကြောင့် မူဆယ်မြို့မှ ဒေသခံ မွတ်စလင်တို့မှာ တရုတ်ပြည် ရွှေလီ ကျယ်ခေါင်မြို့များသို့ သွားရောက် တိမ်းရှောင် ခိုလှုံနေရကြောင်း သတင်းများ အရ သိရှိရပါသည်။ ၉၆၉ အဖွဲ့သည် ပြည်မတွင် အခြေစိုက်သော ဗမာနှင့် ရခိုင်လူမျိုးအများစု ပါဝင်သည့် အစွန်းရောက် ဗုဒ္ဓဘာသာ ဂိုဏ်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံအနှံ ဘာသာခြား လူမျိုးခြားများအား
အကြမ်းဖက်မှုများကို တရားဝင်ကဲ့သို့ ကျူးလွန်နေသော အဖွဲ့ဖြစ်ကြောင်း နိုင်ငံတကာ မှ အသိအမှတ်ပြု အကြမ်းဖက်အဖွဲ့တစ်ဖွဲ့ ဖြစ်ပါသည်။

No comments :

Post a Comment

Blogger Widgets
Back to Top