Blogger Widgets

Monday 3 June 2013

အနာပေါ်ဒုတ်ကျသလို ဆတ်ဆတ်ထိ မခံဖြစ်နေသော ရခိုင်အစွန်းရောက် အကြမ်းဖက် သမားများ ဒေါ်စုအား ဆန္ဒပြ ဖိအားပေး စီစဉ်

ရန်ကုန်၊ ဇွန် ၁အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ခြံရှေ့တွင် ရခိုင်လူငယ်များက ဆန္ဒထုတ်ဖော်မည့် သတင်းကြောင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရခိုင်တိုင်း ရင်း သား ရေးရာ ဝန်ကြီး ဦးဇော်အေးမောင်သည် တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံရှေ့၌ ဇွန်လ ၁ ရက်နေ့က သွားရောက် စောင့်ဆိုင်းနေခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောကြားသည်။ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်နှင့် မောင်တောမြို့တို့တွင် ဘင်္ဂါလီမိသားစု တစ်စုလျှင် ကလေးနှစ်ဦး သာမွေးဖွားရန် ကန့်သတ်ချက်ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ   ဒေါ်အောင် ဆန်းစုကြည်က ယခုလို ခွဲခြားဆက်ဆံမှုမျိုး ထားရှိခြင်းသည် မသင့်လျော်ကြောင်း၊ ယင်းသည် လူ့အခွင့်အရေးနှင့် လည်း ကိုက်ညီမှုမရှိကြောင်း ပြောကြားခဲ့သည်။
ယင်းပြောကြားချက်အပေါ် မကျေနပ်၍ ရန်ကုန်မြို့ရှိ ရခိုင်လူငယ်များက ဒေါ်အောင်ဆန်းစုကြည် ခြံရှေ့တွင် ဆန္ဒထုတ်ဖော်မည်ဟု ကောလာဟလသတင်း ထွက်ပေါ်လာခဲ့သည်။
ဦးဇော်အေးမောင်က ဒေါ်အောင်ဆန်းစုကြည် ခြံရှေ့တွင် မီဒီယာသမား များနှင့် တွေ့ဆုံစဉ် “ကျွန်တော့်အနေနဲ့ ရခိုင်နဲ့ ပတ်သက်တဲ့ ဘုန်းကြီးပဲလာလာ၊ ရခိုင် လူငယ်ပဲလာ လာ ပြန် လွှတ် ဖို့ လာစောင့်နေတာ။ ဒါက သူ့အမြင်ကိုယ့်အမြင် ပြောကြတာပဲဖြစ်တယ်” ဟု ၎င်းက ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုမှုအပေါ် ရခိုင်လူငယ်များက မကြိုက်နှစ်သက်ကြောင်း၊ လုံးဝ ကန့်ကွက်ကြောင်း ဖြစ်နိုင်လျှင် ဆန္ဒထုတ်ဖော်ချင်ကြောင်း၊ ဘင်္ဂါလီများ အဆိုပါ မွေး ဖွားနှုန်း တိုင်း မွေးဖွားပါက ဆယ်စုနှစ်တစ်စုကြာလျှင် ရခိုင်ပြည်နယ်သည် ဘင်္ဂါလီပြည်နယ် ဖြစ်သွားမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ခြံရှေ့ ရောက်ရှိနေသော ရခိုင်လူငယ် တစ်ဦးဖြစ်သည့် ကိုစစ်ငြိမ်းကဆိုသည်။

1 comment :

  1. သြော် ဒေါ်စု မြန်မာသွေးပြောက်နေပြီပဲ အေးလေ နိုင်ငံခြားမှာအနေပိုကြာလို့နေမှာပါ ဒါပေမဲ့ကျွန်တော်တိုမြန်မာတွေက ဗုဒ္ဓဘာသာကို ဆော်ကားတဲ့သူ မြန်မာရန်သူလို့သဘာထားရမှာပဲ

    ReplyDelete

Blogger Widgets
Back to Top