Blogger Widgets

Monday 3 June 2013

ရန်ကုန်နှင့်မန္တလေးတို့တွင် မှော်ပညာလေ့လာရေးဆွေးနွေးပွဲများကျင်းပမည်

    မြန်မာသူငယ်ချင်းများအဖွဲ့တွင် အဖွဲ့ငယ်အဖြစ်ဖွဲ့စည်းထားသော မှော်ပညာလေ့လာရေးအဖွဲ့မှ စီစဉ်ပြုလုပ်မည့် မှော်ပညာလေ့လာရေးဆွေးနွေးပွဲများကို ရန်ကုန်နှင့် မန္တလေးတို့တွင် တစ်လှည့်စီ အပတ်စဉ်ကျင်းပပေးသွားမည်ဖြစ်ပြီး ပထမအကြိမ်ဆွေးနွေးပွဲကို မေလ(၂၅)ရက်နေ့က ပြုလုပ်ဆွေးနွေးခဲ့ပြီး အကြောင်းအရာ(၁ဝ)ခုခန့်ဖြင့် ပူးပေါင်းဆွေးနွေးပေးခဲ့ကြပါသည်။
              ရန်ကုန်အဖွဲ့ပထမအကြိမ်ဆွေးနွေးပွဲကို ဇွန်လ(၂)ရက်နေ့ နေ့လည်(၂)နာရီခွဲတွင် အင်းစိန်အမှတ်(၄၈)မီနီဘတ်စ်ကားဂိတ်အနီးရှိ ရွှေစိန်အေးဘုရား တွင်ပြုလုပ်သွားမည်ဖြစ်ပြီး မန္တလေးအဖွဲ့၏ဒုတိယအကြိမ်ဆွေးနွေးပွဲကို ဇွန်လ(၉)ရက်နေ့ နေ့လည်(၂)နာရီအချိန်တွင် ၇၃လမ်း၊ ၃၆x၃၇ကြားရှိ Mr.Guiter Cafe အပေါ်ထပ်တွင် ပြုလုပ်သွားမည်ဖြစ်ပြီး စိတ်ဝင်စားဖွယ်မှော်နှင့်စုန်းကဝေဆိုင်ရာ အကြောင်းအရာ(၂ဝ)ခန့်ကို ဆွေးနွေးသွားမည်ဖြစ်ပါသည်။
         လေ့လာရေးဆွေးနွေးပွဲများသို့လာရောက်လိုပါက မည်သူမဆို လွတ်လပ်စွာပါဝင်ဆွေးနွေးနိုင်ပြီးတော့ ဆွေးနွေးပေးစေလိုတဲ့အကြောင်းအရာတွေကို ပေးပို့လိုရင်လည်းကောင်း  အသေးစိတ်သိရှိလိုပါကလည်းကောင်း feedback.kcb@gmail.com သို့ ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ . .။ အောက်မှာလည်း comment ပေးခဲ့နိုင်ပါတယ်။

No comments :

Post a Comment

Blogger Widgets
Back to Top