Blogger Widgets

Sunday, 2 June 2013

ဒုက္ခသည်တွေစခန်းတွေကြောင့်ဆင်အိုင်ရွာက ကျောင်း သားတွေ ကျောင်း တက်ဖို့ အခက်အခဲ ဖြစ်

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဖရုံကာကျွန်း (ဒေသအခေါ် ပိန္နဲချောင်းကျွန်း) မှာ တည်ရှိတဲ့ ဆင်တက်မော် ကျေးရွာ အုပ်စုမှာ အိမ်ခြေ ၁၉၆ ဆောင်၊ မိသားစု ၂၇၀ ခန့်ရှိတဲ့ ဆင်အိုင်ဆိုတဲ့ ရခိုင် ကျေးရွာကလေး တစ်ရွာ တည်ရှိပါတယ်။
အဲဒီကျေးရွာမှာ ခုနှစ်တန်း တွဲဘက် အလယ်တန်းကျောင်းသာ ရှိတဲ့ အတွက် ရှစ်တန်း၊ ကိုးတန်းနဲ့ ဆယ်တန်း ကျောင်းသားတွေဟာ သူတို့ရွာနဲ့ အနီးအနားက မိနစ် ၂၀ ခန့်သာ ခြေ ကျင် သွားရတဲ့ ဆင်တက်မော် ကျေးရွာက အထက်တန်းကျောင်းမှာ သွားရောက် ကျောင်းတက်ကြရပါတယ်။
ဒီနှစ်မှာတော့ သူတို့ရွာနဲ့ ဆင်တက်မော် ကျေးရွာ အကြားမှာ မွတ်ဆလင် ဒုက္ခသည် စခန်းတွေကို ချထားတဲ့ အတွက် ကလေးတွေဟာ ဆင်တက်မော် အထက်တန်း ကျောင်း ကို ခြေ လျင်   ကျောင်း သွားတက်ဖို့ အခက်အခဲ ဖြစ်နေကြရတယ်လို့ ရပ်ရွာ လူကြီး တစ်ဦးဖြစ်တဲ့ ဦးစံထွန်းလှက ပြောပါတယ်။
ဆင်အိုင်ရွာက ကလေးတွေဟာ လမ်းဘေး တဘက်တချက်မှာ ချထားတဲ့ မွတ်ဆလင် ဒုက္ခသည် စခန်းတွေကို ဖြတ်သန်းပြီး နေ့စဉ် ကျောင်းတက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အတွက် ပိုက်ဆံ တတ်နိုင်တဲ့သူတွေက သူတို့ရဲ့ သားသမီးတွေကို စစ်တွေ၊ ပေါက်တော၊ မြင့်ဂါစတဲ့ အထက်တန်းကျောင်းတွေ ရှိတဲ့ နေရာတွေကို ပြောင်းရွှေ့လိုက်ရတယ်လို့ ဆိုပါတယ်။
အများစု ကျေးရွာသားတွေဟာ လက်လုပ်လက်စားတွေ ဖြစ်ကြတဲ့ အတွက် သူတို့ရဲ့ သားသမီးတွေကို မြို့ကို ပြောင်းရွှေ့ပြီး စာသင်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တဲ့ အတွက် ကျေးရွာ အ တွင်း     မှာ သားသမီးတွေ ရဲ့ ပညာရေးနဲ့ ပတ်သက်ပြီး အများစု မိဘတွေဟာ အထူး ရတက်မအေး ဖြစ်နေကြတယ်လို့ ပြောပါတယ်။
ဆင်တက်မော် မွတ်ဆလင်ရွာမှာ ယခင်က အိမ်ခြေက ၈၀၀ ခန့်သာရှိပေမယ့် ကျောက်ဖြူနဲ့ ငှက်ချောင်း ဒုက္ခသည် စခန်းက ရွှေ့ပြောင်းလာသူတွေကြောင့် အခုအခါ အိမ်ခြေ ၇၀၀၀ ခန့် ရှိနေတယ်လို့ ဆိုပါတယ်။
အဲဒီ ဒုက္ခသည် မိသားစု ၇၀၀၀ ကို ဆင်တက်မော် ကျေးရွာ မြောက်ဘက်နဲ့ အရှေ့ဘက် ပတ်ပတ်လည်မှာ နေရာချပေးထားပြီး ဆင်တက်မော်နဲ့ ကြိမ်နီပြင် လမ်းတလျှောက်မှာလည်း အကုန်လုံး မွတ်ဆလင် ဒုက္ခသည်တွေ နေအိမ်တွေနဲ့ ပြည့်နက်နေတယ်လို့ ပြောပါတယ်။
အဲဒီ ဒုက္ခသည် စခန်းတွေက ဒုက္ခသည်တွေဟာ သူတို့ နေထိုင်ဖို့အတွက် အိမ်တွေ၊ တဲတွေ တည်ဆောက်တဲ့ နေရမှာ လိုအပ်တဲ့ သစ်တွေကို ရခိုင်လူမျိုးတွေ စိုက်ပျိုးထားတဲ့ ဥယာဉ်ခြံမြေတွေထဲက ၀င်ရောက် ခုတ်ယူတဲ့ အတွက် ဥယာဉ်ခြံမြေတွေ အများအပြား ပျက်စီးမူတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။
ဒါ့ပြင် သူတို့ လိုအပ်တဲ့ ငှက်ပျောသီး၊ သင်္ဘောသီး စတဲ့ အသီးအနှံတွေကိုလည်း ၀င်ရောက် ခိုးယူတာတွေ ရှိနေတဲ့ အတွက် စီးပွားရေး အရလည်း ဒေသခံ ရခိုင် လူမျိုးတွေမှာ အထူး ထိခိုက်မူတွေ ရှိနေတယ်လို့ ပြောပါတယ်။
ဦးစံထွန်းလှမှာကိုယ်တိုင် သူ့ကွမ်းခင်းထဲက ကွမ်းပင် (၂) သောင်း အခိုးခံခဲ့ရတယ်လို့ ပြောပါတယ်။
ဒါ့ပြင်ကျွဲနွားတွေကို မကြာခဏ ခိုးယူမူတွေ ရှိနေသလို သက်ဆိုင်ရာ နယ်မြေခံ စစ်တပ်ကို တိုင်ကြားရင်လည်း စစ်တပ်က လိုက်လံ ရှာဖွေ ဖမ်းဆီးပေးပေမယ့် ဒုက္ခသည်တွေနေထိုင်တဲ့ ရွာထဲကို ရောက်သွားရင် လိုက်လံ ရှာဖွေ ဖမ်းဆီးနိုင်ခြင်း မရှိတော့ဘူးလို့ ဆိုပါတယ်။
ဒုက္ခသည် စခန်းတွေကြောင့် ကျောင်းသားတွေရဲ့ ပညာရေးသာမက ဒေသခံ ပြည်သူတွေရဲ့ စီးပွားရေးကိုလည်း အထူး ထိခိုက်မူတွေ ရှိနေတယ်လို့ ပြောပါတယ်။
သက်ဆိုင်ရာက ဒေသ လုံခြုံရေး အတွက် ဆင်တက်မော်၊ ဆင်အိုင်ရွာ၊ မာလာတောင် ဘုရားနဲ့ အနောက်ပြင်ရွာတွေမှာ စစ်တပ်တွေကို ချထားပြီး ကျောက်ပြင်မှာတော့ နစက တပ်ဖွဲ့ကို အထိုင် ချထားတယ်လို့ ပြောပါတယ်။
တပ်ကနေ ကျေးရွာသားတွေရဲ့ လုံခြုံရေးကို အရေးတယူ ဆောင်ရွက်ပေးတာတွေ ရှိပေမယ့် ရွာသားတိုင်းကို လိုက်ပါပြီး လုံခြုံရေး ဆောင်ရွက်ပေးဖို့ဆိုတာ မဖြစ်နိုင်တဲ့ အတွက်  ကျေး ရွာ သားတွေဟာ တောင်တက် ထင်းခုတ်၊ မြစ်ဆင်း ငါးဖမ်းစတဲ့ နေ့တဓူဝ လုပ်ကိုင် စားသောက်ရာမှာ အခက်အခဲ ဖြစ်နေရတယ်လို့ ဆိုပါတယ်။
သူတို့ ကျေးရွာ အနီးမှာ တည်ရှိတဲ့ ဒေသခံ မွတ်ဆလင်တွေနဲ့ ကျတော့ လုပ်ကိုင် စားသောက်လို့ ရပြီး နားလည်မူတွေ ရှိကြပေမယ့် တစ်ခြားက ရောက်လာတဲ့ ဒုက္ခသည်တွေကြောင့် ပြဿနာတွေ ဖြစ်ပေါ် နေရတယ်လို့ ဆိုပါတယ်။
ဒါကြောင့် တစ်ခြားက ရောက်ရှိလာတဲ့ မွတ်ဆလင် ဒုက္ခသည်တွေကို သူတို့ နေရပ်ရင်းတွေကို ပြန်ပို့ဖို့ (သို့မဟုတ်) တစ်ခြားနေရာတွေကို ရွှေ့ပြောင်းပေးဖို့ ဒေသခံ ရွာသားတွေက လိုလားတယ်လို့ ဆိုပါတယ်။

No comments :

Post a Comment

Blogger Widgets
Back to Top