Blogger Widgets

Sunday, 2 June 2013

မန္တလေး-ရန်ကုန် ခရီးစဉ် ငွေကျပ် ၃၅၀၀၀ ဖြင့် မြန်မာ့လေကြောင်းမှ ပြေးဆွဲ

ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့လေကြောင်းမှ မန္တလေး-ရန်ကုန် ခရီးစဉ်ကို တစ်ဦးလျှင် ငွေကျပ် ၃၅၀၀၀ နှုန်းဖြင့် ပြေးဆွဲပေးလျက်ရှိပြီး မြန်မာ့လေကြောင်း (မန္တလေးရုံးခွဲ) (၈၁)လမ်း၊ (၂၅)လမ်းနှင့် (၂၆)လမ်းကြား ဖုန်း-၀၂-၃၆၂၂၁၊ ၀၂-၃၆၂၂၂ ကို ဆက်သွယ်၍ လက်မှတ်များ ကြိုတင်မှာယူနိုင်ပြီး နေ့စဉ် နံနက် ၈ နာရီမှ မွန်းလွဲ ၂ နာရီအထိ နိုင်ငံသားစိစစ်ရေးကတ် တင်ပြ၍ ဝယ်ယူနိုင်ကြောင်း သိရသည်။
မြန်မာ့လေကြောင်းသည် မန္တလေးမှ မြစ်ကြီးနားသို့ ၅၃၀၀၀၊ မန္တလေးမှ ဗန်းမော်သို့ ငွေကျပ် ၄၃၀၀၀၊ မန္တလေးမှ ခန္တီးသို့ ငွေကျပ် ၆၀၀၀၀၊ မန္တလေးမှ ဟုမ္မလင်းသို့ ငွေကျပ် ၆၃၀၀၀၊ မန္တလေးမှ ကလေးသို့ ငွေကျပ် ၄၅၀၀၀၊ မန္တလေးမှ ကျိုင်းတုံသို့ ငွေကျပ် ၇၅၀၀၀၊ မန္တလေးမှ တာချီလိတ်သို့ ငွေကျပ် ၇၅၀၀၀ ဖြင့် ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်ဟု ၂၀၁၃ ခုနှစ် ဇွန်လ ၁ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။

No comments :

Post a Comment

Blogger Widgets
Back to Top