Blogger Widgets

Tuesday, 4 June 2013

ဘိုကလေးမြို့မဈေးသူဈေးသားများပျံကျဈေးသည်ကိစ္စ တိုင်းဒေသကြီးဝန်ကြီးချုပ်ထံတိုင်ကြား

မြို့နယ်စည်ပင်သာယာရေး အဖွဲ့သို့အခွန်အခများပေးဆောင် လျှက်ရှိသောဆိုင်ခန်းပိုင်ရှင်ဈေး သူ/သားများကပျံကျဈေးသည် များကိစ္စနှင့်ပတ်သက်၍ဧရာဝတီ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ထံတိုင်ကြားထား ကြောင်းသိရသည်။
ဖျာပုံခရိုင် ဘိုကလေးမြို့ မြို့မဈေးကြီးတွင်ဈေးရုံပေါင်း(၈) ရုံရှိပြီး အဆိုပါဆိုင်ခန်းပိုင်ရှင်များ သည် စည်ပင်သာယာရေးအဖွဲ့ သို့ ထမ်းဆောင်ရန်ရှိသည့် တာဝန်တာထမ်းများကို ကျေပြွန် စွာထမ်းဆောင်ကြသူများဖြစ်ပြီး လွန်ခဲ့သော(၁)နှစ်ခန့်မှစ၍အဆို ပါမြို့မဈေးကြီး၏မျက်နှာစာဈေး ဆိုင်များရှေ့တွင်ပျံကျဈေးသည် များဖယ်ရှားခဲ့ကြောင်းအလှကုန် ပစ္စည်းမျိုးစုံရောင်းသောမစန္ဒာက ဈေးရုံမှHot Newsသို့ပြောပြပါ သည်။
ထိုသို့ပျံကျဈေးသည်များ အားဖယ်ရှားသော်လည်းဈေး တာဝန်ခံနှင့်ပတ်သက်သူ၂ဦး၃ဦး မှာ မစန္ဒာဆိုင်ရှေ့နှင့်ကိုလှိုင်မြင့် ဆိုင်ရှေ့တွင်ထီးအမိုးများဖြင့် ရောင်းချနေခြင်းကြောင့် ဆိုင်ခန်း များကို ပိတ်ဆို့ကာဆီးနေ၍ဈေး တာဝန်ခံအား၊အကြိမ်ကြိမ်သွား ပြောသော်လည်းဆောင်ရွက်ပေး ခြင်းမရှိ၍ ဧပြီလ၂၅ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီး ချုပ်နှင့်ဌာနဆိုင်ရာများအား တိုင် ကြားရကြောင်း ဦးလှိုင်မြင့်ဆ/ ဈေးရုံမှပြောပြ၍သိရသည်။
ပျံကျဈေးသည်မ—နှင့် ဆိုင်ခန်းပိုင်ရှင်ဦးလှိုင်မြင့်တို့ဧပြီလ ၂၃ရက်နံနက်၇း၃၀နာရီခန့်အချိန် တွင်နေရာကိစ္စနှင့်တယောက် တခွန်းစကားများကြရာမှ မ—က ငါတို့က စည်ပင်ကိုပိုက်ဆံပေးပြီး ရောင်းတာ စည်ပင်ကဖယ်ခိုင်းမှ ဖယ်နိုင်မည်ဟုပြောဆိုကြောင်း ထိုသို့ပြောဆိုချိန်တွင် ဆိုင်ခြင်း ကပ်လျှက်ရှိသော မစန္ဒာနှင့် ဆိုင်ဝန်ထမ်းများ တွေ့မြင်ကြား သိကြောင်း ဦးလှိုင်မြင့်မှပြောပြ ၍သိရသည်။
ထို့အတူ မြို့မဈေးကြီးခ/ ဈေးရုံမှဒေါ်နုနုအပါအ၀င်ဆ/ဈေး ရုံမှဈေးသူ/သားများယခုလို စည်းမဲ့ကမ်းမဲ့ပျံကျဈေးသည်များ ဆိုင်ခန်းများရှေ့တွင်ပိတ်ဆို့ရောင်း နေမှုအား အမြန်ဆုံးဖယ်ရှားပေး ရန်ပြောဆိုလာ၍သိရသည်။

No comments :

Post a Comment

Blogger Widgets
Back to Top