Blogger Widgets

Tuesday, 4 June 2013

ရေးမြို့ ရပ်ကွက်လမ်းမြေကို လှူသူကလှူ ယူသူကယူနေတဲ့ ရပ်ကွက်အတွင်း လမ်းမြေကိစ္စ ဘယ်လိုရှင်းကြမလဲ

ရပ်ကွက်ကျေးရွာများရှိ လမ်းများအား အလွယ်တကူ ၀င် ထွက်သွားလာနိုင်ရန် လမ်းများ အား ချဲ့ထွင် လှူဒါန်းမှုများလည်း ရှိကြသော်လည်း တချို့သော သူများမှ အများသူဌားသွားလာရန် လှူဒါန်းထားသော လမ်းမြေ များကို တိုးချဲ့ယူခြင်းကြောင့် လည်း မကြာခဏကျေးရွာ ရပ်ကွက်များတွင် ပြဿနာဖြစ် ပေါ်နေသောအရာများကိုသတင်း စာစောင်များမှ ရေးသားနေသော် လည်း သက်ဆိုင်ရာဖြစ်ပေါ်နေ သော ကျေးရွာ/ရပ်ကွက်/ မြို့နယ် ခရိုင် /တိုင်း / ပြည်နယ် တာဝန်ရှိသူတို့မှ မသိကျေးကျွန် ပြုမှုများက ပိုမိုများပြားပြီး ဖြေရှင်းဆောင်ရွက်ခြင်း မရှိခြင်း တို့ကြောင့်လည်း အလှူရှင်နှင့် တကွရပ်ကွက်အတွင်းရှိ ပြည်သူ တို့အားကိုးရာမဲ့နေတဲ့ဖြစ်ရပ်မျိုး တွေ ဖြစ်ပေါ်နေလျှက်ရှိကြောင်း  အဆိုပါဖြစ်စဉ်များထဲမှ မွန်ပြည် နယ်၊ ရေးမြို့၊ တနင်္သာရီလမ်း မကြီးဘေး သီရိဇေယျာတိုးချဲ့ ရပ်ကွက်သစ်တွင် အလှူရှင် တစ်ဦးမှ မြေ၀ယ်ယူရာတွင် ယခင်ရပ်ကွက်လူကြီးမှ ရပ်ကွက် အတွင်းမှ ပြည်သူများသာရေး၊ နာရေးအရေးပေါ်  မီးသတ်ကား များ ၀င်ထွက်သွားလာနိုင်ရန် အတွက် ၀ယ်ယူထားသည့်အထဲ မှ လမ်းမြေ ၁၂ ပေဖြစ်အောင် အလှူခံခဲ့ခြင်းကို အလှူရှင်မှ လှူဒါန်းခဲ့သော်လည်း ယခုအခါ အဆိုပါလမ်းကို နေအိမ်တစ် အိမ်မှ ဂိုဒေါင်အဆောက်အဦး ဆောက်လုပ်ရာတွင် လမ်းမြေ ပေါ်သို့ အုတ်ရိုးများ တိုးချဲ့လာ ခြင်းကြောင့် ၈ပေခန့်သာ လမ်း အကျယ်ကျန်ရှိပြီး လမ်းပေါ်သို့ လည်းအဆောက်အဦး၏ တစ် စက်မိတ်ကျရောက်နေခြင်း ကြောင့်သွားရေးလာရေး အဆင် မပြေတာကို ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးအား တင်ပြထား သော်လည်း ဖော်ဆောင်ခြင်းမရှိ တိုးချဲ့အဆောက်အဦးမှာလည်း ရာဘာပြား ကြိတ်စက်ဖြစ်နေ ခြင်းကြောင့် ရပ်ကွက်အတွင်း အနံ့အသက်များပါ ပိုမိုဆိုးဝါး လာပြီး ရေတွင်းရေကန်များပါ ပျက်စီးဆုံးရှုံးနိုင်ခြင်းကြောင့် တာဝန်ရှိသူများမှ ယခင်စနစ် တကျလှူဒါန်းထားသည့် လမ်း အကျယ်  ၁၂ပေ ပြန်လည်ဖြစ်ဖို့ နှင့်ရာဘာပြား ကြိတ်စက်တို့အား ရပ်ကွက်အတွင်း လုပ်ဆောင်နေ ခြင်းတို့အား စစ်ဆေးဆောင်ရွက် ပေးဖို့ လိုလားနေလျှက်ရှိကြောင်း ပြောဆိုနေလျှက်ရှိပါသည်။

No comments :

Post a Comment

Blogger Widgets
Back to Top