မြ၀တီနယ်စပ် ကုန်သွယ်ရေး စခန်းတွင် ကုန်သွယ်မှုများ ဆောင်ရွက်နေစဉ် (ဓာတ်ပုံ-ဝေယံဖြိုးဦး)
ထိုင်း-မြန်မာ နယ်စပ်ရှိ ကုန်စည်များအား ကုန်သွယ်မှု
ပြုလုပ်ပေးလျက်ရှိသည့် မြ၀တီနယ်စပ် ကုန်သွယ်ရေး စခန်းမှ ၂၀၁၃ ခုနှစ်
ဧပြီနှင့်မေ နှစ်လအတွင်း အမေရိကန် ဒေါ်လာ ၆၁ ဒသမ ၅၇၉ သန်းဖိုး ကုန်သွယ်မှု
ပြုလုပ်ထားကြောင်း သိရသည်။
ယင်းကဲ့သို့ ကုန်သွယ်မှု ပြုလုပ်ရာ၌ ပို့ကုန်အဖြစ်
ဆန်နှင့်ဆန်ထွက်ပစ္စည်း၊ ရေထွက်ကုန်များကို အများဆုံး တင်ပို့ထားခြင်း
ဖြစ်ပြီး မော်တော်ဆိုင်ကယ်၊ ဘိလပ်မြေ၊ ဓာတ်မြေသြဇာနှင့် အချိုရည်တို့ကို
အများဆုံး ပြန်လည် တင်သွင်းခဲ့ကြောင်း သိရသည်။
မြ၀တီနယ်စပ် ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှု ပြုလုပ်ရာတွင် ဧပြီလအတွင်းက
ပို့ကုန်အမေရိကန်ဒေါ်လာ ၃ ဒသမ ၄၀၁ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၂၅ ဒသမ ၆၉၁
သန်းနှင့် မေလတွင် ပို့ကုန် အမေရိကန်ဒေါ်လာ ၈ ဒသမ ၄၂၃ သန်း၊ သွင်းကုန်
အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၀၆၄ သန်းဖိုး အသီးသီး ကုန်သွယ်မှု
ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ထိုင်းဖြင့် နယ်စပ်ကုန်သွယ်မှု ပြုလုပ်ရာတွင် မြ၀တီနယ်စပ်
ကုန်သွယ်ရေးစခန်းမှာ ကုန်သွယ်မှု အများဆုံး ပြုလုပ်သည့် နယ် စပ်ကုန်သွယ်ရေး
စခန်းတစ်ခုဖြစ်ပြီး ယခင် ဘဏ္ဍာရေးနှစ်တွင် ပို့ကုန် အမေရိကန်ဒေါ်လာ ၇၇
သန်းကျော်၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၁၈၇ သန်း ကျော်ဖြင့် စုစုပေါင်း
ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂၆၅ သန်းကျော်ဖိုး ရှိခဲ့ကြောင်းလည်း
သိရသည်။
မြန်မာ-ထိုင်း နယ်စပ်တစ်လျှောက်တွင် တရားဝင် နယ်စပ်ကုန်သွယ်ရေး
စခန်းပေါင်း ခုနစ်ခုရှိပြီး တာချီလိတ်၊ မြ၀တီ၊ ထီးခီး၊ မောတောင်၊
ကော့သောင်းနှင့် မြိတ်ကုန်သွယ်ရေး စခန်းတို့ဖြစ်ပြီး တရားမ၀င် ဂိတ်ပေါင်း
မြောက်မြားစွာ ကျန်ရှိနေသေးကြောင်း သိရသည်။

No comments :
Post a Comment