Blogger Widgets

Thursday, 2 May 2013

မန်းဘူတာ မီးလောင်စေခဲ့သူအား တရားစွဲ

မန္တလေးဘူတာကြီးအတွင်း မီးရထားတွဲများ မီးလောင်ကျွမ်းခြင်းမှာ မီးရထားဝန်ထမ်းများလုံခြုံရေးပေါ့ဆခြင်း   ကြောင့် ပြင်ပလူများ ၀င်ရောက်ကာ ပေါ့ဆမီးသုံးစွဲခြင်းကြောင့်ဖြစ်သည်ဟု သိရသည်။
 
  မီးလောင်ကျွမ်းစေရန် ပေါ့ဆခဲ့သည့်တရားခံများအား ဖမ်းဆီးအရေးယူ ဆောင်ရွက်နေပြီဖြစ်ကြောင်းနှင့် အမှတ်(၃)မီးရထားရဲစခန်းမှ တရားစွဲဆိုထားကြောင်းကိုလည်း သိရသည်။

ဖြစ်စဉ်မှာ ဧပြီလ၂၁ရက်နေ့တွင် နေ့လည်၁၁နာရီက မန္တလေးဘူတာကြီးတောင်ဘက်ယာဒ်ဝင်းအတွင်းရှိ အ ထက်တန်းစင် အိပ်စင်၆ခန်းတွဲ BNUEZ12665 အခန်းအမှတ်(E)လောင်ကျွမ်းဆေးလိပ်မီးမှ စတင်လောင်ကျွမ်းခြင်းဖြစ်သဖြင့် အဆိုပါဆေးလိပ်ကိုသောက်သုံးခဲ့ပြီး ပေါ့ဆစွာစွန့်ပစ်ခဲ့သူအား လိုက်လံစုံစမ်းကာ ဧပြီ၂၆ရက် နေ့ နံနက်၈နာရီတွင် မန္တလေးဘူတာကြီးရှိ နေပြည်တော်လက်ဖက်ရည်ဆိုင်တွင် မသင်္ကာဖွယ်ကောင်းသောမောင်အောင်၊ အသက်၃၇နှစ် ဘ-ဦးနော် မှတ်ပုံတင်မရှိ ၊ကျဘမ်းအလုပ်လုပ်ကိုင်သူအား ခေါ်ယူစစ်ဆေးရာဝန်ခံထွက်ဆိုခဲ့သဖြင့် ယခုကဲ့သို့ ဖမ်းဆီးအရေးယူခဲ့ခြင်းဖြစ်သည်။
 
 အဆိုပါဖြစ်စဉ်အပြင် ဧပြီလ (၁၉)ရက်နေ့တွင် လောင်ကျွမ်းခဲ့သော ရထားတွဲမီးလောင်သည့် ကိစ္စမှာ တွဲပြင် လုပ်သားပေါ့ဆခြင်း(ပ)၁၀၉/၁၃ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ -၂၈၅ဖြင့်တရားစွဲဆို အမှုဖွင့်အရေးယူ ဆောင်ရွက် လျက်ရှိသည်ဟုလည်း သိရသည်။
 
ထို့အပြင် ဧပြီ၂၁ရက်နေ့တွင် လောင်ကျွမ်းခဲ့သောမီးမှာ ရထားဝန်ထမ်း မဟုတ်ပဲ ရထားတွဲအတွင်းဝင် ရောက်အိပ်နေပြီး ဆေးလိပ်မီးအား ပေါ့ဆစွာပြစ်ထားခြင်းကြောင့်ဖြစ်ပေါ်ခြင်းဖြစ်သောကြောင့် သက်ဆိုင်ရာရဲစခန်းနှင့် မန္တလေးရထားရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်သွားမည်ဟု သိရသည်။
 
လက်ရှိဖြစ်စဉ်များဖြစ်ပွားပြီးနောက်ပိုင်းတွင် မန္တလေးဘူတာကြိးဝင်းအတွင် လုံခြုံရေးပိုင်းဆိုင်ရာကိစ္စရပ်များကို ပိုမိုဂရုစိုက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မီးဘေးဆိုင်ရာလုံခြုံရေးအတွက်လည်း တိုမြင့်ဆောင်ရွက်သွား ရန် ဆောင်ရွက်လျက်ရှိသည်ဟုလည်း မန္တလေးဘူတာကြီးမှတာဝန်ရှိသူတစ်ဦးက ပြောသည်

No comments :

Post a Comment

Blogger Widgets
Back to Top