Blogger Widgets

Sunday 4 October 2015

အမျိုးသားများ လိင်ဆက်ဆံရေး စွမ်းရည် ကျဆင်းခြင်း၏ နောက်ကွယ်

လိင်ဆက်ဆံရေး ပညာပေး ,  ကျန်းမာရေး
အမျိုးသားများ လိင်ဆက်ဆံမှု စွမ်းရည် ကျဆင်းစေတဲ့ အကြောင်းအရာများစွာရှိသည်။
အမျိုးသားတွေ အသက်ကြီးလာရင် တက်ကြွပြီး ကျေနပ်စရာကောင်းတဲ့ လိင်မှုကိစ္စအပေါ် စိတ်ဆန္ဒပြင်းပြမှုတွေ လျော့ကျ သွားတတ်တယ်လို့ အများက သိထားကြပါတယ်။ ဒါပေမယ့် အဲဒါမမှန်ပါဘူး။ အသက်အရွယ်က လိင်ကိစ္စမှာ သာယာမှု မရရှိ စေနိုင် တဲ့ အကြောင်းရင်းတွေထဲက တချက်ပဲ ရှိပါသေးတယ်။ အမျိုးသားတွေ ပျော်ရွှင်ကျေနပ်စရာ လိင် ဆက်ဆံမှု ကင်းမဲ့သွားစေတဲ့ အကြောင်းတွေအများကြီး ရှိပါတယ်။ သာယာကျေနပ်မှု မရရှိခြင်းရဲ့ နောက်ကွယ်က အကြောင်းတွေ အနက် တချို့ကို ဖော်ပြပေးလိုက်ပါတယ်။
လိင်စိတ်ဆန္ဒ နည်းပါးခြင်း
လိင်စိတ်ဆန္ဒ ပျောက်ဆုံးသွားတာက အမျိုးသမီးတွေနဲ့ နှိုင်းစာရင် အမျိုးသားတွေက ပိုအဖြစ်နည်းပါတယ်။ ဒါပေမယ့် အမျိုးသားတွေ လိင်အင်္ဂါတောင့်တင်းနိုင်မှု အခက်အခဲရှိတာ (တချို့ကလည်း ပန်းသေ ပန်းညှိုးလို့ဆိုကြပါတယ်) ကတော့ ဖြစ်လေ့ ဖြစ်ထရှိတဲ့ ပြဿနာတခုပါ။ လိင်စိတ်ဆန္ဒ ပျောက်ဆုံးသွားတယ် ဆိုတာက အမျိုးသားတယောက် အနေနဲ့ လိင် မှု ကိစ္စ စွမ်းဆောင်ရည် ပျောက်ကွယ်သွားတယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ စိတ်ဆန္ဒ မရှိတာပဲဖြစ်ပါတယ်။ စိတ်ဆန္ဒ နည်း ပါးသွားခြင်း ပျောက်ဆုံးသွားခြင်းတွေက ဇီဝကမ္မဆိုင်ရာ၊ စိတ်ခံစားမှုဆိုင်ရာ၊ စိတ်ပညာဆိုင်ရာ အကြောင်းတွေနဲ့ ဆက် သွယ်နေနိုင်ပါတယ်။ လိင်စိတ်ဆန္ဒကို လျော့နည်းစေတဲ့ ဇီဝကမ္မဗေဒဆိုင်ရာ အကြောင်းရင်းတွေကတော့ အရက်စွဲခြင်း၊ မူးယစ်ဆေးသုံးစွဲခြင်း၊ အ၀လွန်ခြင်း၊ သွေးအားနည်းခြင်း၊ ကျားဟော်မုန်း (testosterone)ထုတ်လုပ်မှုနည်းခြင်းနဲ့ ဆီးချို ရော ဂါတွေကြောင့် ဖြစ်ပါတယ်။ စိတ်ခံစားမှုဆိုင်ရာနဲ့ စိတ်ပညာဆိုင်ရာ အကြောင်းတွေကတော့ စိတ်ကျရောဂါ၊ စိတ်ဖိစီး မှု၊ စိုးရိမ်ပူပန်မှုလွန်ကဲခြင်း၊ အဆင်မပြေခဲ့တဲ့ အတိတ် အကြောင်း အတွေးတွေနဲ့ မိမိနဲ့ မိမိ အဖော်ရဲ့ ဆက်ဆံရေး ကိစ္စ တွေ၊ လိင်ကိစ္စနဲ့ ဆိုင်တဲ့ ပြဿနာတွေကြောင့် ဖြစ်နိုင်ပါတယ်။
လိင်အင်္ဂါ တောင့်တင်းရန် အခက်အခဲဖြစ်ခြင်း
အမျိုးသားတွေမှာ အသက်အရွယ်ရလာတာနဲ့ အမျှ လိင်အင်္ဂါတောင့်တင်းနိုင်ဖို့ အခက်အခဲရှိလာတာက ဖြစ်ရိုးဖြစ်စဉ်ပါ။ ဒီလို ဖြစ်လာရင် လိင်ဆက်ဆံဖို့ အတွင် လိင်အင်္ဂါတောင့်တင်းမှုကို ထိန်းထားနိုင်တဲ့ စွမ်းရည် ကျဆင်းလာပါတယ်။ တောင့် တင်းလာဖို့ အချိန်ယူရပါတယ်။ ဆက်ဆံလို့ အထွတ်အထိပ်ကို ရောက်သွားပြီးရင်လည်း တောင့်တင်းမှုက မြန်မြန်ဆန်ဆန် လျော့ကျသွားနိုင်ပါတယ်။ နောက်တခါ ပြန်လည်တောင့်တင်းမှုကို ရဖို့ ပထမအကြိမ်ထက် အချိန်ပိုယူရနိုင်ပါတယ်။ ဒီလို ဖြစ်တာဟာ ဆိုးရွားတဲ့ ပြဿနာတခု မဟုတ်ပါဘူး။ တကယ်လို့ မကြာခဏ ဖြစ်နေမယ် ဆိုရင်တော့ ကျွမ်းကျင်တဲ့ ဆရာ ၀န် နဲ့ ပြဆွေးနွေးသင့်ပါတယ်။
စိတ်ခံစားမှု ဆိုင်ရာ ပြဿနာများ
မိမိရဲ့ အဖော်နဲ့ ဆက်ဆံရေးမှာဖြစ်စေ မိသားစုမှာဖြစ်စေ စိတ်ခံစားမှု မတည်ငြိမ်စေတဲ့ အကြောင်းတခု ရှိနေရင်လည်း ပျော်ရွှင်ကျေနပ်စရာ လိင်မှုကိစ္စကို ရရှိမှာ မဟုတ်ပါဘူး။ ချစ်သူနဲ့ ဖြစ်စေ အိမ်ထောင်ဘက်နဲ့ ဖြစ်စေ ဆက်ဆံရေး အဆင် မပြေရာကနေ စိတ်ဖိစီးမှုတွေ၊ အလိုမကျမှုတွေကလည်း လိင်မှုကိစ္စအပေါ်မှာ သက်ရောက်မှုတွေ ဖြစ်စေပါတယ်။ မိသား စုပြဿနာတွေ၊ ကိုယ်ချစ်ခင်သူတယောက် သေဆုံးသွားလို့ ၀မ်းနည်း ရတာတွေကလည်း အမျိုးသား တယောက်ရဲ့ လိင် ကိစ္စ အပေါ် အနှောက်အယှက်တွေ ပေးနေပါတယ်။ ကိုယ့်စိတ်ခံစားချက်နောက်ကို လိုက်ပြီး မျောပါနေတဲ့ ယောက်ျား တ ယောက်ဟာ လိင်ကိစ္စအပေါ် စိတ်ဝင်စားမှုလျော့ကျသွားနိုင်ပါတယ်။
ကျန်းမာရေး မကောင်းမွန်ခြင်းနှင့်နောက်ဆက်တွဲ
တချို့ရောဂါတွေ၊ မသန်စွမ်းမှုတွေ၊ ဖျားနာခြင်းတွေနဲ့ ဆေးဝါးတွေ၊ ခွဲစိတ်ကုသမှုခံယူတာတွေကလည်း အမျိုးသား တ ယောက် ရဲ့ လိင်မှုကိစ္စ စွမ်းဆောင်ရည်နဲ့ စိတ်ဆန္ဒကို ထိခိုက် စေနိုင်ပါတယ်။ ဆီးချိုလို ရောဂါမျိုးက တချို့ အမျိုးသား တွေကို လိင်အင်္ဂါတောင့်တင်းနိုင်မှု အခက်အခဲဖြစ်စေနိုင်ပါတယ်။ ဆီး မထိန်းနိုင်တဲ့ ရောဂါမျိုးကလည်း လိင်ဆက် ဆံစဉ် မှာ အနှောင့်အယှက်ပေးနိုင်လို့ လိင်ဆက်ဆံဖို့ မ၀ံ့ရဲရာကနေ စိတ်ဆန္ဒကုန်ဆုံးသွားနိုင်ပါတယ်။ ဒါပေမယ့် ဆီး မထိန်း နိုင်တာကို လိင်ဆက်ဆံတဲ့ ပုံစံအနေအထားပြောင်းခြင်းအားဖြင့် ရှောင်လွှဲနိုင်ပါတယ်။ ဆေးဝါးကုသခြင်း ဖြင့်လည်း ဒီရောဂါကို ကုသနိုင်ပါတယ်။

No comments :

Post a Comment

Blogger Widgets
Back to Top