Blogger Widgets

Friday, 7 June 2013

မြစ်ဝကျွန်းပေါ်ဒေသများသို့ မုတ်သုံအ၀င် နောက်ကျ

၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံသို့ မုတ်သုံလေ၀င်ရောက်မှုသည် ဒေသအသီးသီးတွင် ပုံမှန်ထက်
နောက်ကျခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန် ကြားရေးမှူး
ဦးချစ်ကျော်က ပြောသည်။
"အနောက်တောင်မုတ်သုံလေ ၀င်ရောက်မှုတွေက မြန်မာ နိုင်ငံတောင်ပိုင်းနဲ့ မြစ်ဝကျွန်းပေါ်ဒေသ
တွေမှာ ခြောက်ရက်လော က်နောက်ကျပြီး မြန်မာနိုင်ငံအလယ်ပိုင်းမှာတော့ တစ်ရက်လောက်
နောက်ကျခဲ့တယ်။ မြောက်ပိုင်းဒေသတွေကိုတော့ ဇွန်လ ၅ ရက်လောက်အတွင်းမှာဝင်မယ်လို့
မှန်းထားတယ်။ သူ့ရဲ့ ပုံမှန်ဝင်ရက်ကတော့ ဇွန်၁ ရက်ဝန်းကျင်လောက်ပါ" ဟု ၎င်းက မေလနှောင်း
ပိုင်းတွင် ပြောသည်။
မိုး/ဇလဌာန၏ ထုတ်ပြန်ချက်အရ ယခုနှစ်တွင် အနောက်တော င်မုတ်သုံလေသည် မြန်မာနိုင်ငံ
တောင်ပိုင်းဒေသများသို့ မေလ ၁၆ ရက်၊ မြစ်ဝကျွန်းပေါ်ဒေသများသို့ မေလ ၂၁ ရက်နှင့် အလယ်
ပိုင်းဒေသများသို့ မေ ၂၆ ရက်များတွင် အသီးသီး ၀င်ရောက်ခဲ့သည်။
မေလလယ်ပိုင်းတွင်ဖြစ်ပေါ်ခဲ့သော မဟာစင်မုန်တိုင်းသည် အနောက်တောင် မုတ်သုံလေ၀င်ရောက်
မှုအား ပံ့ပိုးခဲ့ကာ မြန်မာနိုင်ငံတစ်ဝန်း အပူချိန်ဒဏ် ခံစားရမှုများလည်း လျော့ပါးစေခဲ့သည်။
မဟာစင်မုန်တိုင်းကြောင့် မြန်မာနိုင်ငံ အထက်ပိုင်းဒေသများတွင် မိုးရရှိခဲ့ပြီးမေလအတွင်း မိုးရွာသွန်း
မှုများသည် စစ်ကိုင်း တိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်၊ ရခိုင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်
မေလ၏ ရွာသွန်းမြဲ မိုးရေချိန်ထက်ကျော်လွန် ရရှိခဲ့ကြောင်း မိုး/ဇလ ဌာန၏ ထုတ်ပြန်ချက်အရ
သိရသည်။

No comments :

Post a Comment

Blogger Widgets
Back to Top