ဒီလယ်တွေ ပြန်ပေးဖို့ ဦးဇော်ဇော် က ကော် မရှင်ဥက္ကဋ္ဌ ဦးတင်ထွတ်ဆီကို စာနဲ့ တင်ပြ တာ ဖြစ်ပြီး ဦးတင်ထွတ်ကလည်း လယ်မြေပြန်ပေးတာ ဆောင်ရွက်ဖို့ ဧရာဝတီတိုင်းအစိုးရအဖွဲ့ကို ပြီးခဲ့တဲ့ အပတ်က လွှဲအပ်ပေးခဲ့တယ်လို့ သူက ပြောပါတယ်။
မက်စ်မြန်မာကုမ္ပဏီက သိမ်းထားတဲ့ လယ်တွေအနက် အဆောက်အဦဆောက်ထားတဲ့ မြေနေရာတွေ ကိုတော့ လျော်ကြေးပေးမှာဖြစ်ပြီး ကျန်တာတွေကိုတော့ လယ်မြေ ပြန်ပေးမှာ ဖြစ်တယ်လို့ သူက ရှင်းပြ ပါတယ်။
မကြာသေးခင်ကာလတုန်းကလည်း ထူးကုမ္ပဏီပိုင်ရှင် ဦးတေဇဟာ သူတို့ ရယူထားတဲ့ ရေနက်ကွင်း လယ်တွေ မူလပိုင်ရှင်တွေဆီ ပြန်ပေးမယ်လို့ ကြေညာခဲ့ဖူးပါတယ်။

No comments :
Post a Comment